အဆက်မပြတ်ဆိုးနေတဲ့ ချောင်းကို အမြစ်ပြတ်အောင် ချေမှုန်းပေးမယ့် ဆေးနည်း

Health Knowledge
အဆက်မပြတ်ဆိုးနေတဲ့ ချောင်းကို အမြစ်ပြတ်အောင် ချေမှုန်းပေးမယ့် ဆေးနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဆက်မပြတ်ဆိုးနေတဲ့ ချောင်းကို အမြစ်ပြတ်အောင် ချေမှုန်းပေးမယ့် ဆေးနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဆက်မပြတ်ဆိုးနေတဲ့ ချောင်းကို အမြစ်ပြတ်အောင် ချေမှုန်းပေးမယ့် ဆေးနည်း
မီးဖိုချောင်ထဲမှာတင် အလွယ်တကူရနိုင်မယ့် ဆေးစွမ်းကောင်း

ပျားရည်လက်ဖက်ရည်

ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေနွေးနွေးလေးနဲ့ ရောနှောပြီး တစ်ရက် တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် သောက်သုံးပေးလိုက်ပါ။ သုတေသန လေ့လာချက်များအရ
ပျားရည်က ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းစေတယ်လု့ိ လေ့လာတွေ့ရှိထားပါတယ်။

ဂျင်း

ဂျင်းတုံးများကို ရေနွေးပူထဲထည့်ပြီး နှပ်ထားလိုက်ပါ။ မိနစ်အနည်းငယ်ကြာ စိမ်ထားပြီးတဲ့နောက်မှာ ပျားရည် (သို့) သံပုယိုရည်နဲ့ရောနှောလိုက်ပါ။ ရရှိလာတဲ့ ဂျင်းဖျော်ရည်ကို စိတ်ချလက်ချသောက်သုံးနိုင်ပါတယ်။

ဂျင်းက ချောင်းခြောက်ဆိုးခြင်းနဲ့ ရင်ကြပ်ရောဂါအခံကြောင့် ချောင်းဆိုးခြင်းတို့ကို သက်သာပျောက်ကင်းစေတဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပါတယ်။

ဆားရေဖြင့် ပလုတ်ကျင်းပါ

ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကို ရေနွေးနွေးထဲထည့်ပြီး ဖျော်လိုက်ပါ။ ရေနွေးကို မိနစ်အနည်းငယ်ကြာ အအေးခံပြီးတဲ့နောက်မှာ ပလုတ်ကျင်းပေးရပါတယ်။

လည်ချောင်းယားပြီး ချောင်းဆိုးချင်တဲ့အချိန်တိုင်း ပလုတ်ကျင်းပေးရပါမယ်။ ဒါဆိုရင်တော့ ချောင်းဆိုးခြင်း သက်သာသွားမှာပဲဖြစ်ပါတယ်။

သင့်အနေနဲ့ ချောင်းဆိုးခြင်းကိုတော့ တားဆီးလို့မရပေမယ့် ချောင်းဆိုးခြင်းရဲ့ရှေ့ပြေးရောဂါတစ်မျိုးဖြစ်တဲ့ အအေးမိဖျားနာခြင်း မဖြစ်ပွားအောင် နည်းလမ်းအချို့ကို လိုက်နာကျင့်သုံးပြီး ကာကွယ်ပေးနိုင်ပါတယ်။

အအေးမိဖျားနာနေသူများ၊ တုပ်ကွေးဖြစ်နေသူများ၊ ချောင်းဆိုးနေသူများနဲ့ နီးနီးကပ်ကပ်နေခြင်းကို ရှောင်ကြဉ်ပါ။

ဆပ်ပြာနှင့် ရေနွေးနွေးလေး အသုံးပြုပြီး လက်နှစ်ဖက်ကို စင်ကြယ်အောင် ဆေးကြောပါ။ ကလေးများကိုလည်း လက်ဆေးတတ်တဲ့အလေ့အကျင့်ကောင်းများ မွေးမြူပေးပါ။

ရေများများသောက်ပြီး ရေဓာတ်ပြည့်ဝစွာနေထိုင်ပါ။

စိတ်ဖိစီးမှုများ၊ စိတ်ညစ်စရာများနဲ့ ကင်းကင်းရှင်းရှင်းနေပါ။ စိတ်ဖိစီးမှုများလေ ခုခံအားကျဆင်းလေဖြစ်တဲ့အတွက်ကြောင့် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးပါ။ နားနားနေနေအနားယူပြီး ခန္ဓာကိုယ်ကြွက်သားများကို အနားပေးပါ။

အိပ်ရေးဝဝအိပ်စက်အနားယူပါ။

ရေးသားသူ –medical news today

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။