သူ့ရဲ့ကျစ်လျစ်နေတဲ့ ဗိုက်သားကို ထုတ်ပြလိုက်တဲ့ အသက် ၅၃ နှစ်အရွယ် ကိုရီးယားမက်ဒေါနား

Celebrity International News
သူ့ရဲ့ကျစ်လျစ်နေတဲ့ ဗိုက်သားကို ထုတ်ပြလိုက်တဲ့ အသက် ၅၃ နှစ်အရွယ် ကိုရီးယားမက်ဒေါနား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူ့ရဲ့ကျစ်လျစ်နေတဲ့ ဗိုက်သားကို ထုတ်ပြလိုက်တဲ့ အသက် ၅၃ နှစ်အရွယ် ကိုရီးယားမက်ဒေါနား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူ့ရဲ့ကျစ်လျစ်နေတဲ့ ဗိုက်သားကို ထုတ်ပြလိုက်တဲ့ အသက် ၅၃ နှစ်အရွယ် ကိုရီးယားမက်ဒေါနား

ကိုရီးယားနိုင်ငံရဲ့မက်ဒေါနားအဖြစ် မကြာခဏ တင်စားခေါ်ဝေါ်ခံရတဲ့ အသက် ၅၃ နှစ်အရွယ်အဆိုတော်မင်းသမီး အမ်ဂျန်ဟွာက မကြာသေးခင်ကမှ Gym မှာ ဆော့နေတဲ့ ပုံတစ်ပုံကို ထုတ်ပြခဲ့ပါတယ်။ အဲဒီပုံမှာ သူ့ရဲ့ ကျစ်လျစ်နေတဲ့ဗိုက်သားကို မြင်တွေ့ခဲ့ရပါတယ်။ အသက် ၅၃ နှစ်အရွယ်ရှိနေပြီဖြစ်ပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို အခုလိုဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။

အခုတော့ Six pack မဖြစ်သေးပေမဲ့ မကြာခင် ဖြစ်လာနိုင်ပါတယ်။ ပရိသတ်တွေဆိုရင် သူ့ရဲ့ကျစ်လျစ်နေတဲ့ဗိုက်သားကို မြင်ပြီး ၅၃ နှစ်မှ ဟုတ်ရဲ့လားဆိုပြီး မေးခွန်းထုတ်လို့နေပါတယ်။ သူ့ရဲ့ပရိသတ်တွေကရော အခြားဆယ်လီတွေကပါ သူ့ရဲ့ခန္ဓာကိုယ်ကို သဘောကျနေကြပါတယ်။

သူ Work out ဆက်တိုက်လုပ်ဖြစ်နေပြီး ဗိုက်သားတွေ ကျစ်လျစ်အောင်လုပ်နေတဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ တင်ပေးဖြစ်ပါတယ်။ သူက အခုလိုခန္ဓာကိုယ်ဖြစ်အောင် Intermittent fasting (အစားမစားဘဲ အချိန်ပိုင်း အငတ်ခံခြင်း)ကိုလည်း လုပ်ဖြစ်နေတာပါ။

အမ်ဂျန်ဟွာက နာမည်ရှိပြီးသားအဆိုတော်မင်းသမီးဖြစ်ပြီး သူ့ရဲ့ဇာတ်လမ်းတွဲသစ် Doctor Cha က အခုနှစ်ထဲထွက်ရှိထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။