Covid-19 နှင့်ပတ်သက်၍ အမေးအများဆုံးမေးခွန်းများ (၂)

Health
ကျောက်ကပ်ရောဂါရှိပြီး ကိုဗစ်-၁၉ ဖြစ်ရင် ဘာကျွေးရမလဲ ?

1. ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ – တရုတ်ပန်းကန်လုံး ၃ မှ ၅ လုံး စားပါ

2. အသား (အရေခွံမပါ) – ၅- ၇ ကျပ်သားစားပါ

3. ကြက်ဥ အကာ ၂-၃ လုံး

4. ပဲ – ခွက် တဝက် လောက် စားပါ

5. အရွက် – ပါလေရုံ၊ တော်သင့်ရုံ စားပါ။ (သွေးအဖြေ ပေါ်မူတည်ပါသည်)

6. အသီး ခွက် တဝက် ကနေ တစ်လုံး အထိ စားနိုင်သည်။ (သွေးအဖြေ ပေါ်မူတည်ပါသည်)

7. အာဟာရမှုန့်

(ကျောက်ကပ်မဆေးရသေးပါက – Nephrisol)

( ကျောက်ကပ်ဆေးပြီးပါက – Nephrisol-D)

8. Multivitamin အားဆေး တခုခု ရှိရင် သောက်ပါ။ (Sunlife multivitamin, nutrivita, revital, becozinc, well woman, well man)

မရှိလို့ ဆိုပြီး အိမ်မှာ မနေပဲ ဆေးဆိုင်မှာ ကြိတ်ကြိတ်တိုး သွားဝယ်နေတာတော့ အဆင်မပြေပါ။

မရှိရင် အထက်ပါ ပြောတဲ့ အတိုင်း အာဟာရပြည့်အောင်စားပါ။

Leave a Reply