UFO(alien)တွေတကယ်ရှိနိုင်ခြေ ရှိမရှိ ကြားနာပွဲကိုကျင်းပခဲ့တဲ့ အမေရိကန်လွှတ်တော်

International News
UFO(alien)တွေတကယ်ရှိနိုင်ခြေ ရှိမရှိ ကြားနာပွဲကိုကျင်းပခဲ့တဲ့ အမေရိကန်လွှတ်တော်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ UFO(alien)တွေတကယ်ရှိနိုင်ခြေ ရှိမရှိ ကြားနာပွဲကိုကျင်းပခဲ့တဲ့ အမေရိကန်လွှတ်တော် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

UFO(alien)တွေတကယ်ရှိနိုင်ခြေ ရှိမရှိ ကြားနာပွဲကိုကျင်းပခဲ့တဲ့ အမေရိကန်လွှတ်တော်

July 27မှာ ကျင်းပခဲ့တဲ့ US congressကြားနာပွဲမှာ အမေရိကန်UAP whistlerလို့ခေါ်တဲ့ UFO detectorတစ်ဦး၊ အမေရိကန်လေတပ်မှူးဟောင်းတစ်ဦးနှင့် အမေရိကန်Aerospaceစောင့်ကြည့်ရေးအဖွဲ့ရဲ့chefတစ်ဦးတို့က သူတို့ထောက်လှမ်းမိခဲ့တဲ့UFO activities တွေတစ်ခုချင်းစီကို သက်သေအဖြစ် လွှတ်တော်ကိုတင်ပြလိုက်ပါတယ်။

Aerospace စောင့်ကြည့်ရေးတစ်ဦးဟာဆိုရင် သူကိုယ်တိုင်ပါဝင်နေတဲ့UFO counseling(လျှို့ဝှက်လေ့လာရေး)နဲ့ UFO object တွေကို reverse engineeringလုပ်ဖို့programတွေကိုလဲ ထုတ်ပြောခဲ့ပါသေးတယ်။
ပိုဆိုးတာက ဒီကိစ္စတွေဖြစ်နေခဲ့တာdecades(ဆယ်စုနှစ်)ကျော်ကြာနေခဲ့ပြီလို့ ဝန်ခံခဲ့ပါတယ်။

ပြီးတေ့ာ”intelligent life form”လို့ သုံးနှုန်းခေါ်ဝေါ်ခဲ့ပြီး၊ အခြား‌သက်သေတင်ပြသူတွေကလဲ Publicကိုဖော်ပြလို့မရတာတွေနဲ့ရတာတွေကို ထပ်ဆွေးနွှေးနေပြီးမကြာခင်ထုတ်ဝေသွားမယ်လို့ဆိုပါတယ်။

လက်ရှိမှာအမေရိကန်congressက UFO(or) Alien တွေရှိနိုင်ချေရှိကြောင်းစဉ်းစားဆုံးဖြတ်နေပြီး Congressကြားနာမှုဟာလဲ ဆက်နေဆဲဖြစ်တာမို့ နောက်ထပ်ဘာသတင်းတွေထွက်လာမလဲဆိုတာလဲ စိတ်ဝင်စားစရာပါပဲ။

Whistle blowerဖြစ်သူက ပျက်ကျလာတဲ့UFOအစိတ်ပိုင်းတွေနဲ့Non-human beingအချို့ကိုလဲ “သက်ရှိထင်ရှား” ထိန်းသိမ်းထားတယ်လို့တင်ပြပါတယ်။

Hostile or aggressive(လူယဉ်မယဉ်)ကို တရားသူ‌ကြီးကမေးတဲ့အခါမှာ ထိုnon-human beingကြောင့်ရော US စစ်တပ်ကြောင့်ပါ
ဒီprogramမှာ ပါဝင်နေသူအချို့ထိခိုက်ဒဏ်ရာရဖူးတယ်လို့ ဖြေပါတယ်။
တစ်ဆက်တည်း သူက သူကြုံဖူးတဲ့အတွေ့ကြုံအရopen environment ကိုအသေးစိတ်ပြောလို့မရတာ‌ကြောင့် disturbing ဖြစ်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။

National securityအပေါ် ခြိမ်းခြောက်မှုရှိလားလို့မေးမြန်းခဲ့ရာမှာ

“ရှိပါတယ်”လို့ဖြေခဲ့ပြီး စက္ကန့်ပိုင်းအတွင်း ကိုယ့်ဆီလာလိုက်၊ ပြန်ထွက်သွားလိုက်၊ ပစ်ချချင်တာပစ်ချသွားလိုက်လုပ်သွားရင်တောင်ကျွန်တော်တို့မှာလက်ရှိရှိနေတဲ့နည်းပညာတွေနဲ့ ဘာမှပြန်မလုပ်နိုင်ပဲ ကြည့်ပဲကြည့်နေနိုင်တယ်လို့ ဖြေခဲ့ပါတယ်။

US governmentမှာnon-human matterတွေလက်ဝယ်ရှိတယ်လို့ ယုံကြည်ပါသလားလို့မေးခဲ့တဲ့အခါမှာ၊ 4နှစ်ကျော်interview‌လုပ်ပြီး‌အတည်ပြုခဲ့တဲ့သူအယောက်40ကျော်ရှိတာကြောင့် absolutely သေချာပါတယ်လို့ဖြေခဲ့ပါတယ်။

ရေးသားသူ –Superunknown

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။