“ခေါင်းဆေးမင်္ဂလာပြုနည်း”

Astrology
“ခေါင်းဆေးမင်္ဂလာပြုနည်း”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “ခေါင်းဆေးမင်္ဂလာပြုနည်း” mဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“ခေါင်းဆေးမင်္ဂလာပြုနည်း”

စိတ်ညစ်စရာ၊ စိတ်သောက ရောက်တာတွေများနေရင် ဘုန်းကံတွေနိမ့်နေတာ ကြုံရင် ပြန်လည် ဘုန်းကံပွင့်စေ၊ မြင့်စေသော ခေါင်းဆေး မင်္ဂလာပြုနည်းပါ။
ဘုန်းကံနိမ့်နေလို့ အရာရာ အဆင်မပြေခြင်း ကျန်းမာရေး ညံ့ခြင်း ဖြစ်သည်ဟု ထင်နေပါလျှင် “ခေါင်းဆေး_မင်္ဂလာပြုလုပ်ပါ”။

ငွေဖလား (ဒါမှမဟုတ်) ကြေးဖလား တစ်လုံးအတွင်း ရေသန့်အနည်းငယ်နှင့် တရော်ကင်ပွန်း ထည့်ပါ။ သံပုရာသီးတစ်လုံး ခွဲခြမ်းထည့်ပါ။ ဆနွင်းအနည်းငယ်ထည့်ပါ။ နွားနို့ အနည်းငယ် ရောပါ။ မိမိမွေးနံပန်းများလည်း သင့်သလို ထည့်ပါ။

၎င်းဖလားအတွင်း –
အောင်သပြေ (၁) ညွန့်၊
မာလကာ (၁) ညွန့်၊
သြဇာ (၁) ညွန့် ရောမွှေထားပါ။

ထို့နောက် ဘုရားရှင်နှင့်တကွ ရဟန္တာအရှင်မြတ်များ ထွက်ရပ်ပေါက်ဝိဇ္ဇာကြီးများထံသို့ ကပ်လှူ၍ ဖလားရှေ့ချထားပြီး မြတ်စွာဘုရားအား
နမောတဿ (၉) ခေါက်၊
သရဏဂုံသုံးဆယ် (၁) ခေါက် (ဇာတိပရိယန္တံ အစချီသော)၊
သံမ္ဗုဒ္ဓေဂါထာ (၉) ခေါက်၊
ဂုဏ်တော်ကိုးပါး (၉) ခေါက် ရွတ်ဖတ်ပူဇော်ကာ ဤ အောင်ဖလားအတွင်း၌ ရှိသော မင်္ဂလာပန်းများအား ဆေးတော်အဖြစ်၎င်း လာဘ်လာဘအတွက်၎င်း၊ မေတ္တာဓါတ်များဖြင့် ချီးမြှောက်ပေးသနားတော်မူပါဘုရားဟု (၃) ကြိမ် ရွတ်ဆိုပါ။

၎င်းအောင်ဖလား အတွင်းမှ တရော်ကင်ပွန်း အောင်ပန်းများဖြင့် ရေချိုး ရပါမည်။
အရင်ဦးစွာ တရော်ကင်ပွန်းဖြင့် ဦးခေါင်းကိုပွတ်လျှော်၍ မျက်နှာသစ်ပါ။ ထို့နောက် မာလကာရွက် တစ်ရွက်အား ဆေးအဖြစ် ဝါးစားပေးပါ။

ကျန်နေသော အရွက်တို့အား မွချေလျှက် တရော်ကင်ပွန်းတို့နှင့် ရောနှောကာ ခေါင်းပေါ်မှ လောင်းချ၍ လာဘ်လာဘများပွင့်ပါစေကြောင်း ဘုန်းကံပွင့်ပါစေကြောင်း ကျန်းမာရေးများကောင်းမွန်ပါစေကြောင်း ဆုတောင်းပါ။ ထို့နောက် ရေမိုးချိုး သန့်စင်ပါ။

ခေါင်းလျှော်မယ့် နေ့မှာ မနက်အာရုံတက်ချိန်၊ နေအိမ်က ဘုရားမှာ သက်သတ်လွတ်ဆွမ်း ကပ်လှူပါ၊ ဆုတောင်း မေတ္တာပို့ အမျှဝေပါ၊ ပြီးမှ ခေါင်းလျှော်ပါ။ ခေါင်းလျှော်တဲ့ နေ့မှစ၍ (၅)ရက်တိတိ သက်သတ်လွတ်စားပါ။ ငါးပါးသီလ လုံနိုင်သမျှထိန်းပြီး နေ့စဉ် အရဟံ ဂုဏ်တော် သက်စေ့ပူဇော်ပါ။

“လ”အလိုက် ခေါင်းဆေးနည်း

တန်ခူးလဆန်း ၂ရက်။
ကဆုန်လဆန်း ၂၊ ၃၊ ၄ရက်။
နယုန်လဆန်း ၃ရက်။
ဝါဆိုလဆန်း ၃၊ ၆၊ ၇၊ ၈ရက်။
ဝါခေါင်လဆန်း ၂၊ ၃၊ ၅၊ ၇ရက်။
တော်သလင်းလဆန်း ၃၊ ၄၊ ၅ရက်။
သီတင်းကျွတ်လဆန်း ၁၊ ၄၊ ၅၊ ၆ရက်။
တန်ဆောင်မုန်းလဆန်း ၂၊ ၃၊ ၄၊ ၅၊ ၆ရက်။
နတ်တော်လဆန်း ၃၊ ၅၊ ၆၊ ၉ရက်။
ပြာသိုလဆန်း ၄၊ ၆၊ ၇ရက်။
တပို့တွဲ လဆန်း ၃၊ ၆၊ ၇ရက်။
တပေါင်း လဆန်း ၅၊ ၇၊ ၈ရက်။
အကောင်းဆုံးကတော့ တရော်ကင်ပွန်းနဲ့ခေါင်းလျှော်ပြီးမှ ကိုယ်နှစ်သက်တာနဲ့ ထပ်လျှော်ပါ။

နေ့အလိုက်_ခေါင်းဆေးနည်း

တနင်္ဂနွေနေ့ ခေါင်းဆေးမူ
မြောက်အရပ်ကို မျက်နှာပြုပါ။

တနင်္လာနေ့ ခေါင်းဆေးမူ
တောင်အရပ်ကို မျက်နှာပြုပါ။

အင်္ဂါနေ့ ခေါင်းဆေးမူ
အရှေ့အရပ်ကို မျက်နှာပြုပါ။

ဗုဒ္ဓဟူးနေ့ ခေါင်းဆေးမူ
တောင်အရပ်ကို မျက်နှာပြုပါ။

ကြာသပတေးနေ့ ခေါင်းဆေးမူ
အနောက်အရပ်ကို မျက်နှာပြုပါ။

သောကြာနေ့ ခေါင်းဆေးမူ
အရှေ့တောင်အရပ်ကို မျက်နှာပြုပါ။

စနေနေ့ ခေါင်းဆေးမူ
အနောက်တောင်အရုပ်ကို မျက်နှာပြုပါ။

အားလုံးသော မိတ်ဆွေများ ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ ဆင်းရဲကင်းပျောက် ချမ်းသာရောက်ကြပါစေ.

ရေးသားသူ –Htet_Myat_Aung

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။