ချစ်စရာအမြွှာသမီးလေး၂ယောက်ကို ‌အခက်အခဲမရှိကျန်းကျန်းမာမာမွေးဖွားနိုင်ခဲ့တဲ့ မင်းသမီးမေဆူးမောင်

Celebrity Local News
ချစ်စရာအမြွှာသမီးလေး၂ယောက်ကို ‌အခက်အခဲမရှိကျန်းကျန်းမာမာမွေးဖွားနိုင်ခဲ့တဲ့ မင်းသမီးမေဆူးမောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချစ်စရာအမြွှာသမီးလေး၂ယောက်ကို ‌အခက်အခဲမရှိကျန်းကျန်းမာမာမွေးဖွားနိုင်ခဲ့တဲ့ မင်းသမီးမေဆူးမောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ချစ်စရာအမြွှာသမီးလေး၂ယောက်ကို ‌အခက်အခဲမရှိကျန်းကျန်းမာမာမွေးဖွားနိုင်ခဲ့တဲ့ မင်းသမီးမေဆူးမောင်

ပရိသတ်ကြီးရေ… ဘိုဆန်ဆန်မျက်နှာလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ မင်းသမီးချော လေး မေဆူးမောင်ကို အထွေအထူးမိတ်ဆက်ပေးဖို့ လို မယ်မထင်ပါဘူးနော်။ မေဆူးမောင်ဟာ ရုပ်ရှင် ဇာတ်ကားကြီးတွေအပြင် ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး အိမ်ထောင်ကျပြီး နောက်ပိုင်းမှာတော့ ကိုယ်ဝန်လွယ်ဆောင်နေရတာမို့ အနုပညာလောကနဲ့ ခဏတာအဆက်အသွယ်ပြတ် တောက်နေခဲ့တာဖြစ်ပါတယ်။

အမြွှာသမီးလေးတွေရဲ့ကိုယ်ဝန်ကို လွယ်ဆောင်ထားရတဲ့ မေဆူးမောင်ဟာစက်တင်ဘာလ (၁၉) ရက် နေ့မှာတော့ သူမရဲ့ သမီးလေးတွေကို အောင်မြင်စွာ မွေး ဖွားနိုင်ခဲ့ပြီလို့ သိရပါတယ်။ မေဆူးမောင်က “Due date မရောက်သေးခင်mummy ဇာတ်လမ်းတွဲ ချစ်လှစွာ သော စပြတဲ့နေ့မှာပဲ အမှတ်တရဖြစ်အောင် mummy ကိုအားပေးဖို့ရောက်လာတဲ့ အမွှာမင်းသမီး လေးတွေ love u my little twin princess God bless them4a 19.9.2023(Tuesday)” ဆိုပြီး သူမ သမီးလေးတွေရဲ့ ပထမဦးဆုံး ဓာတ်ပုံကို မျှဝေလာပါတယ်။

မေဆူးမောင်ကတော့ မွေးဖွားရက်မတိုင်ခင်မှာပဲ သူမရဲ့ သမီးတွေကို မွေးဖွားခဲ့ရတယ်ဆိုပေမယ့် အမေရော သမီးလေးတွေပါ ကျန်းကျန်းမာမာရှိတာ တကယ့်ကို ဝမ်းသာစရာပါပဲနော်။ မေဆူးမောင်ရဲ့ သမီးလေးတွေ ကတော့ အမေတူလေးတွေဖြစ်ရင် ချစ်စရာကောင်းကြ မယ်ဆိုတာ မလွဲမသွေပါပဲ။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။