တနင်္ဂနွသေားသမီးများအတွက်ဇနက္ကဟောကိန်း

Astrology
တနင်္ဂနွသေားသမီးများအတွက်ဇနက္ကဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တနင်္ဂနွသေားသမီးများအတွက်ဇနက္ကဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တနင်္ဂနွသေားသမီးများအတွက်ဇနက္ကဟောကိန်း

ကျွန်တော်တို့အဘဆရာကြီးဒေါက်တာမင်းသိင်္ခ၏ တနင်္ဂနွသေားသမီးများအတွက် ဇနက္ကဟောကိန်းမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

“တည်”ဆိုတာက သငေ်္ဘာတည်ဆောက်တာကို ပြောတာပါ။ လုပ်ငန်းတွေအတွက် ကြံစည်ဆဲ၊ လုပ်ငန်းတွေအစပြုဆဲ အခြေအနေကို ရောက်နေတယ်လို့ ဟောတာပါ။ လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံဖို ငွေကြေးရှာဖွေရာမှာ လွယ်ကူလိမ့်မယ်။ လုပ်ငန်းအကြံအစည် အောင်မယ်။ အလုပ် ရှာနေရင် အလုပ်ရမယ်။ အလုပ်လျှောက်ထားလို့ရှိရင်ရင် အလုပ်ရမယ်။ အမှုကိစ္စတွေ၊ အလုပ်တွေများမယ်။ ငွေဝင်များသလို ငွေထွက်လည်းများမယ်။

“ထွက်” ဆိုတာက ဇမ္ဗနဂိုရ်ပြည်က သငေ်္ဘာစထွက်တာကို ပြောတာပါ။ ကောင်းမွန်တဲ့ မိတ်ဆွေသစ် တိုးမယ်။ စပ်တူရှယ်ရာလုပ်ငန်းတွေလုပ်ရမယ့် အချိန်ကောင်းပါပဲ။ ပြည်ပခရီး၊ ပြည်တွင်းခရီးတွေ ရမယ်။ နိုင်ငံခြားနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေ အောင်မြင်မယ်။

“ပျက်” ဆိုတာကေတာ့ သငေ်္ဘာပျက်တာကို ပြောတာပါ။ ကံဇာတာညံ့တဲ့အချိန်ပါပဲ။ စီးပွားရေးကျဆင်းမယ်။ သူများမကောင်းကြံတာကို ခံရလိမ့်မယ်။ မတော်တဆထိခိုက်မှု အသေးအဖွဲလေးတွေကြုံရသလို

thayကောင်ပေါင်းလဲ ရောဂါဝေဒနာတွေလည်း ဖြစ်တတ်ပါတယ်။ ရာထူးလုပ်ငန်းကို နှောင့်ယှက်မယ့်သူတွေ ပေါ်လာလိမ့်မယ်။ အိမ်ထောင်ရေးကိုတော့ အထူးသတိထားပါ။

“ကျောက်” က မေခလာနတ်သမီးက ကျောက်ဖျာထက်မှာ တင်ထားပေးတဲ့ကိန်း ဆိုက်ပြီ ကံကောင်းပြီလို့ ဟောတာာပါ။ မမျှော်လင့်ဘဲကူညီမယ့်သူတွေပေါ်မယ်။ အောင်ဘာလေ သိန်းထီဆုကြီး ပေါက်မယ်။ မကျန်းမမာဖြစ်နေရင်တော့ ပြန်ပြီးကျန်းမာလာမယ်။ ဆေးကောင်း၊ ဆရာကောင်း တွေ့လိမ့်မယ်လို့ ဟောပါ။ ကျဆင်းနေတဲ့စီးပွားရေး ပြန်တတ်လာမယ်။ ပညာရေးလည်းကောင်းတယ်။ အိမ်ထောင်ကျရင်တော့ အိမ်ထောင်ဖက်ကောင်းနဲ့ တွေ့မယ်။ အကြံအစည်တွေ အောင်မြင်မယ်။

“ထီး” ထီးဖြူဆောင်းတဲ့ကိန်းပါ။ နာမည်ကျော်ကြားထင်ရှားမယ်။ ကောင်းသတင်းနဲ့ ကျော်ကြားမှု မျိုးပါ။ ဆုလာဘ်တွေရမယ်။ ဘွဲထူးဂုဏ်ထူးတွေရမယ်။ စာမေးပွဲဖြေထားရင်တော့ စာမေးပွဲအောင် ၊ ရာထူးတိုးမယ်။ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ရမယ်။ အိမ်သစ် ဆောက်ကိန်း၊ အိမ်သစ်ရကိန်းတွေပေါ် မယ်။

“နန်း”ကေတာ့ နန်းအပ်ခံရတဲ့ကိန်းပါ။ ကံဇာတာကောင်းပြီလို့ ဟောတာာပါ။ ရာထူးတိုးမယ်။ စီးပွားဖြစ်ထွန်းမယ်။ အမွေအနှစ်တွေရမယ်။ အပြိုင်အဆိုင်တွေမှာ နိုင်မယ်။ အိမ်ထောင်ကျကိန်းရှိတယ်။ အိမ်ထောင်ကျရင်လည်း ကောင်းတယ်။ အလှူပြုလုပ်ရမယ်။

“စံ” ကေတာ့ မင်းစည်းစိမ်ကို ခံယူရတဲ့ကိန်းပါ။ ဘေးအန္တရာယ်တွေကင်းပြီး စုတ်ကြီး လာဘ်ကြီးတွေအထိ ဝင်မယ်။ လုပ်ငန်းတွေတိုးတက်မယ်။ ကြီးမားတဲ့ရာထူးတွေရမယ်။ သိုလှောင် ပစ္စည်းတွေက အကျိုးအမြတ် တွေရမယ်။ အခြွေအရံ၊ မိတ်ဆွေအပေါင်းအသင်း တိုးမယ်။ ငွေကြေးစုမိဆောင်းမိမယ်။

သတိပြုရန်

အဲဒါတွေက “ဇနက္ကဟောကိန်း” တွေပါ ။ ဒီမွာတစ္ခု မရှင်းလို့မေးချင်တာရှိကြပါလိမ့်မယ် ။

တနင်္ဂနွသေားသမီး (၂၆) နှစ်ဆိုရင် “နန်း”ယူရမွာလား ။ “စံ”ယူရမွာလား မေးစရာဖြစ်နေပါတယ်။ ။ “နန်း” ယူရပါတယ်။ တနင်္ဂနွသေားသမီးအတွက် ဇနက္ကဟောကိန်းချထားတဲ့ ဇယားမွာ ကြည့်လိုက်ပါ။ ရှင်းပါတယ်။

ထို့အတူ တနင်္ဂနွသေားသမီး (၅၂) နှစ်ဆိုရင် “ထီး” ယူပါ။ ဒီလိုပဲ သောကြာသားသမီး (၃၇) နှစ်ဆိုရင် “ထွက်”ယူပါ။

စေနသားသမီး( ၄၂) နှစ်ဆိုရင် “ကျောက်”ကိုယူပါ။ ဒီလောက်ဆိုရင် ရှင်းလောက်ပါပြီ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။