တပို့တွဲလအတွက် အကောင်းဆုံးယတြာ

Astrology
တပို့တွဲလအတွက် အကောင်းဆုံးယတြာ

တပို့တွဲလဆန်း(၁)ရက်နေ့ (10.2.2024) မှ တပို့တွဲလကွယ်နေ့(9.3.2024)အထိတစ်လတာလုံး

“ကြွေပန်းကန်ပြား တစ်ချပ်ပေါ်တွင် ဖန်ခွက်အသေး(သို့)ပန်းအိုးအသေးတင် ရေသန့်အပြည့်နီးပါးထည့်၍နှင်းဆီပန်းအနီ၇ပွင့် နှင့် ဧဟိလာဘံ ဟု ရေးထားသောသရက်ရွက် တစ်ရွက် နှင့်အတူ ထိုဖန်ခွက်ထဲတွင် ပုံပါ အတိုင်းစိုက်၍ ထည့်ထားပေးရပါမည်။

ဤယတြာကို ဘုရားကျောင်းဆောင် ပေါ်သို့တင်၍မြတ်စွာဘုရားရှင်အား ရိုသေစွာ လှူဒါန်းပေးထားရပါမည်။ယခုလတစ်လတာတွင် ဇီးဖျော်ရည်တစ်ခွက် စီကိုနေ့စဉ်မြတ်စွာဘုရားရှင်အားကပ်လှူပေးနေခြင်းဖြင့်လည်းမိမိအတွက်ထူးခြားမှူဖြစ်စဥ်များကောင်းကျိုးများစွာကိုလည်း ရရှိခံစားနေရမည်ဖြစ်သည်။ကံချေကန်တော့ခြင်းကို လုပ်ဆောင်ဖို့ရန် မမေ့ပါနှင့်။

*နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။*
ဣတိပိသောဘဂဝါ သမ္မာသံဗုဒ္ဓေါ =၈ခေါက်
ဣတိပိသောဘဂဝါ သုဂတော =၁၀ခေါက်
ဣတိပိသောဘဂဝါ သတ္တာဒေဝမနုဿာနံ=၁၇ခေါက်

တပို့တွဲလနေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ

တနင်္ဂနွေနေ့=အရှေ့အရပ်
တနင်္လာနေ့=မြောက်အရပ်
အင်္ဂါနေ့=အရှေ့တောင်အရပ်
ဗုဒ္ဓဟူးနေ့=အနောက်တောင်အရပ်
ကြာသပတေးနေ့=တောင်အရပ်
သောကြာနေ့=အနောက်အရပ်
စနေနေ့=အနောက်မြောက်အရပ်

အထက်ပါအတိုင်းနေ့အလိုက်နေ့စဥ်အရပ်မျက်နှာမူ
ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခုတပို့တွဲလတစ်လတာတွင် ကိုယ်ရောကျန်းမာ၊စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီးကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်၍စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”

ဤယတြာအစီအရင်ကို သုံးရက်လျှင် တစ်ကြိမ်စီအထက်ပါနည်းအတိုင်း သတိတရလေးနှင့် တိကျစွာပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့် တပို့တွဲလအတွင်း ကံကောင်းခြင်းများ ရယူပိုင်ဆိုင်လိုက်ပါဗျ။

မည်သည့် နှင်းဆီပန်း အရောင်နှင့်မဆို ဤယတြာ၌
အသုံးပြု၍ ယုံကြည်စွာ လုပ်ဆောင်နိုင်ပါတယ်ဗျ။

ဤယတြာကို တပို့တွဲလ တစ်လတာလုံး၌မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက တပို့တွဲလတစ်လတာလုံး အတွင်း၌ မိမိသည်အတိုက်အခိုက် အနှောင့်အယှက်များ ကင်းဝေးစေ၍စီးပွား လာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။

ရေးသားသူ –ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။