ကျောက်ကပ်သမားတွေအတွက် ဆေးနည်းတစ်ခွက်

Health Knowledge
ကျောက်ကပ်သမားတွေအတွက် ဆေးနည်းတစ်ခွက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျောက်ကပ်သမားတွေအတွက် ဆေးနည်းတစ်ခွက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကျောက်ကပ်သမားတွေအတွက် ဆေးနည်းတစ်ခွက်

ကျောက်ကပ်သမားတွေအတွက် ဆေးနည်းတစ်ခွက် ကျွန်နော့ရဲ့ဖခင် ကိုယ်တိုင်ပျောက်ခဲ့ရပါတယ်

ကုန်းထိကရုန်းရယ် ငါ​ေးမြွထိုးရယ်ကို ရောချက်စားပါ။( သပ်သပ်ချက်စားလည်းရပါတယ် )( များများတော့စားပေးပါ မနက်-ည )

အနည်းဆုံး နေ့စဉ် ၂-ပတ်လောက်စားကြည့်ဖို့ကျောက်ကပ်သမားတွေစမ်းသပ်ကြည့်ပါ။

ရေလည်း တနေ့ ၂-လီတာသောက်ရပါမယ်။

ကုန်းထိကရုန်း နှင့် ရေထိကရုန်း ဟူ၍ရှိပြီး ကုန်းထိကရုန်းက ဆေ:ဖက်ပိုဝင်သည်။ ရှာရမခက်ပါဘူးအဲ့ဒါကထိကရုန်း အရိုးအရွက်တို့သည် ဖန်ခါး အရသာရှိ၍ အေးသောဂုဏ်သတ္တိရှိသည်။

ထိကရုန်းသည် သလိပ်သည်းခြေကိုနိုင်၏။ ဆီးနှင့်ပတ်သက်သော ရောဂါများကို သက်သာပျောက်ကင်းစေသည်။

ဆီးခဏခဏအောင့်တတ်သူများ ထိကရုန်း ရွက်ကို ထုထောင်းခြေပြီး ဆီးခုံတွင် အုံ ပေးခြင်းဖြင့် ပျောက်ကင်းစေသည်။

ထိကရုန်းကို အခြောက်ခံ အမှုန့်ဖြစ်အောင် ထောင်း၍ နွားနို့နှင့်သောက်လျှင် လိပ်ခေါင်း ရောဂါကို ပျောက်ကင်းစေသည်။

ဆီး ကျောက်တည်သူများသည် ထိကရုန်းမြစ် ပြုတ်ထားသော ပြုတ်ရည်ကို သောက် ပေးခြင်းဖြင့် ဆီးကျောက်များ ကွဲကြေကာ ဆီးနှင့်အတူ ပါသွားစေသည်။ဆရာသမားတစ်ယောက်ရဲ့ကိုယ်တွေ့

ခန္ဓာကိုယ်ဖောရောင်သော ဝေဒနာရှင်များသည် ထိကရုန်းပင်ပဉ္စငါးပါး (တစ်ပင်လုံး) ကိုရေနှင့် သွေ:လိမ်းပေးပါက အဖော အရောင်လျော့ကျစေသည်။

တစ်ဖန် ထိကရုန်းပင် ပဉ္စငါးပါးကို အခြော-က် ပြုလုပ်၍ ရေနွေးကြမ်းတွင် လက်ဖက် ခြောက်အဖြစ် ခပ်သောက်ပေးလျှင် ဆီးပူ၊ ဆီးကျင်၊ ဆီးအောင့်နေသူများ သက်သာပျောက်ကင်းစေသည်။

ထိကရုန်းပင်၏ အစွမ်းသည် သွေ:အန်၊ သွေ:ကျခြင်း၊ ဝမ်းရောဂါနှင့် ပန်းနာရောဂါများကို သက်သာစေသည်။

ဆီးကျိတ်ရောဂါ ကြောင့် ဆီးသွားရခက်နေသူများ ဆီးပူ ဆီးနီသူများသည် ထိကရုန်းပင်ကိုရေစင်ကြယ်စွာဆေ:ပြီး ထုထောင်းကာ သတ္တုရည်ကို ညှစ်ယူပါ။

ထို့နောက် ပျားရည်နှင့်ရောစပ်၍ နံနက် တစ်ဇွန်း၊ ည တစ်ဇွန်း ပုံမှန်သောက်ပေးနိုင်သည်။ အရည်ညှစ် ပြီးသော အဖတ်များကို ဆီးခုံပေါ် အုံပေး နိုင်သည်။

ထိကရုန်းပင်သည် ဆီးရောဂါများသာမက လေးဘက်နာရောဂါကိုပင် ပျောက်ကင်းစေနိုင်သည့် အံ့ဩဖွယ်ဆေ:အာနိသင်ရှိသည်။

လေးဘက်နာ ဝေဒနာရှင်များသည် ထိကရုန်းပင် ပဉ္စငါးပါးကို ကျေညက်အောင်ထောင်း၍ ဆန်အရက်နှင့် တစ်ညအိပ်စိမ်ထားပြီး ပုံမှန်လိမ်းပေး ခြင်းဖြင့် ရောဂါ တဖြည်းဖြည်း ပျောက် ကင်းချမ်းသာစေကြောင်း

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။