မနေ့ကကျရောက်တဲ့ ၃၄ နှစ်ပြည့်မွေးနေ့မှာ မေမေ့ကို ဦးဦးဖျားဖျား ၄၅သိန်းကန်တော့ခဲ့တဲ့ ဖွေးဖွေး

Celebrity Local News
မနေ့ကကျရောက်တဲ့ ၃၄ နှစ်ပြည့်မွေးနေ့မှာ မေမေ့ကို ဦးဦးဖျားဖျား ၄၅သိန်းကန်တော့ခဲ့တဲ့ ဖွေးဖွေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မနေ့ကကျရောက်တဲ့ ၃၄ နှစ်ပြည့်မွေးနေ့မှာ မေမေ့ကို ဦးဦးဖျားဖျား ၄၅သိန်းကန်တော့ခဲ့တဲ့ ဖွေးဖွေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မနေ့ကကျရောက်တဲ့ ၃၄ နှစ်ပြည့်မွေးနေ့မှာ မေမေ့ကို ဦးဦးဖျားဖျား ၄၅သိန်းကန်တော့ခဲ့တဲ့ ဖွေးဖွေး

ပရိသတ်ကြီးရေ.. သရုပ်ဆောင်ဖွေးဖွေးကတော့ အကယ်ဒမီဆုကြီးတွေများစွာကို ရရှိ ပိုင်ဆိုင်ထားပြီး ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်အောင်မြင်ကျော်ကြားခဲ့တာပဲဖြစ်ပါတယ်။ ဖွေးဖွေးဟာ ပြီးခဲ့တဲ့နှစ်တွေမှာတော့ အနုပညာလှုပ်ရှားမှုတွေ ရပ်နား ခဲ့ပြီး ယခုလတွေအတွင်းမှာမှ အလုပ်တွေပြန်ပြီး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဩဂုတ်လ (၉) ရက်နေ့ကတော့ ဖွေးဖွေးရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက သူမရဲ့မွေးနေ့ တိုင်းမှာ မိဘတွေကို ကန်တော့တတ်သလို ယခုနှစ်မှာ လည်း မေမေ့ကို ကန်တော့ခဲ့ပါတယ်။

ဖွေးဖွေးက သူမရဲ့ မေမေအတွက် ငွေ (၄၅) သိန်းနဲ့ ကန်တော့ခဲ့ကာ မေမေ ကလည်း “HAPPY BIRTHDAY.LEO မလေးလုံး ပျော် ရွှင်အေးချမ်းသာယာသောမွေးနေ့လေးဖြစ်ပါစေ ချစ် သမီးကြီးရေ…မွေးနေ့မတိုင်ခင်ကတည်းကအမေကိုကန်တော့ခဲ့တယ်.. အဖေ့အတွက်ပါရည်စူးပြီးကန်တော့တယ်လို့ခံစားရပါတယ်…ငါ့သမီး..ဘဝခရီးလမ်းတ
လျှောက်..အေးချမ်းသာယာပြီးမှန်ကန်တဲ့ဘဝ..မှန်ကန်တဲ့အတွေးအခေါ်.မှန်ကန်တဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပဲဆုံတွေ့ပြီး..ပျော်ရွှင်ရပါစေgggg”ဆိုပြီးမွေးနေ့ဆုတောင်းစကားလေးပြောလာပါတယ်။

ဖွေးဖွေးကတော့ မွေးနေ့တိုင်းမှာ ဖေဖေရော မေမေရော ကို ကန်တော့တတ်ပေမယ့် အခုဆိုရင် ဖေဖေမရှိတော့ တာမို့ မေမေ့ကိုပဲ အတိုးချပြီး နှစ်ယောက်စာ ကျေးဇူးဆပ်နေတာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့မွေးနေ့ရှင်လေး ဖွေးဖွေး အတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးပြော ခဲ့ကြပါဦးနော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။