thayဒဏ်စီရင်မယ် ဆိုတဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေ

Local News

thayဒဏ်စီရင်မယ် ဆိုတဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့thayဒဏ်စီရင်မယ် ဆိုတဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

thayဒဏ်ကို အယူခံခွင့် ဘယ်လို အဆင့်တွေ ကျန်ရှိနေပါသလဲ။

ပြီးခဲ့တဲ့ ရက်ပိုင်းက thayဒဏ်ချမှတ်ခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားတွေကို လာမယ့် ဒီဇင်ဘာ ၇ ရက်နေ့မှာ thayဒဏ်စီရင်မယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။


ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် စုစုပေါင်း လူငယ် ၁၀ ဦး ကို တောင်ဒဂုံနဲ့ မြောက်ဒဂုံမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ဧပြီလနဲ့မေလတို့မှာ ဖြစ်ပွားခဲ့တဲ့ လုပ်ကြံthetဖြတ်မှုနှစ်ခုအတွက် နိုဝင်ဘာ ၃၀ ရက်တုန်းက စစ်ခုံရုံးတွေကနေ thayဒဏ်ချမှတ်ခဲ့တယ်လို့မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။
ဒီအမိန့် ထွက်လာခဲ့တဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ ကျောင်းသားတွေကို thayဒဏ်စီရင်မယ်ဆိုတဲ့ သတင်းတွေက လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာနေတာပါ။

ဒါနဲ့ပတ်သက်လို့ ဥပဒေအကြံပေးတစ်ဦးကိုမေးကြည့်တော့
“ဥပဒေကြောင်းအရတော့ အမိန့်ချပြီးပြီးချင်း ပြစ်ဒဏ်ပေးတယ်ဆိုတာမျိုး မဖြစ်နိုင်ပါဘူး။ ကြားမှာ အယူခံအဆင့် ရှိပါတယ်။ အယူခံကို လက်ခံမခံ ရှိတယ်။​ အယူခံအခွင့်အရေးကိုပယ်လို့မရဘူး။ အယူခံအခွင့်အရေးကို စစ်ခုံရုံးက ချထားတာမို့ ၇ ရက်အတွင်း တင်ရမယ်။ တင်လိုက်ပြီးရင် ရက်ပေါင်း ၉၀ အတွင်း ဆုံးဖြတ်ချက်ပြန်ချပေးရမယ်။ အတည်ပြုရင်ပြုတယ်။ ပယ်ရင်ပယ်တယ်။ လျှော့ရင် လျှော့တယ်ပေါ။ thayဒဏ်ကိုတစ်သက်တစ်ကျွန်းတို့ အနှစ် ၂၀ တို့ ပြန်လျှော့ခဲ့တာတွေရှိတယ်။ အယူခံက သူ့ရဲ့ ဥပဒေအရအခွင့်အရေးပါ။ အယူခံပယ်ရင်တောင် အသနားခံစာရှိတယ်။ အသနားခံစာက တပ်ချုပ်ဆီတင်ရတာ။ အဲဒါကလည်း ဘယ်လောက်ပဲမြန်တယ်ဆိုဦးတော့ တစ်လကနေ တစ်လခွဲအထိ ကြာပါတယ်။ ဆိုတော့ အမိန့်ချတဲ့နေ့ကနေ ငါးလခြောက်က်လ အဲဒီအဆင့်တွေဖြတ်ရမှာပါ “လို့ ရှင်းပြပါတယ်။


အာဏာသိမ်းပြီးတဲ့နောက် စစ်ခုံရုံးက ချမှတ်တဲ့ thayဒဏ်တွေအတွက် အယူခံတင်တာကို သက်ဆိုင်ရာအကျဥ်းထောင်တွေက ဆောင်ရွက်ပေးတယ်လို့ သိရကြောင်း ၄င်းက ဆက်ပြီးရှင်းပြပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်က ကျောင်းဆရာမတစ်ဦး လုပ်ကြံthetဖြတ်ခံရမှုနဲ့ပတ်သက်လို့thayဒဏ်ချမှတ်ခံထားရတဲ့လူငယ်တွေထဲက အမျိုးသမီးတစ်ဦးလည်း အယူခံတင်ခဲ့ရာမှာ thayဒဏ်ကနေ ထောင် အနှစ် ၂၀ ကို ပြန်လည်လျှော့ချခံခဲ့ရတာ ရှိခဲ့ဖူးပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ နိုဝင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာthayဒဏ်ချမှတ်ခံထားရသူပေါင်း ၁၂၈ ဦး ရှိနေပြီး အခု ၁၀ ယောက်ပါထပ်ပေါင်းရင် ၁၄၀ နီးပါးရှိလာပါတယ်။
မြန်မာနိုင်ငံမှာ thayဒဏ်စီရင်မှု မလုပ်တာ နှစ်ပေါင်း ၃၀ ကျော်ကြာခဲ့ပြီဖြစ်ပေမဲ့ ဦးဂျင်မီနဲ့ဦးဇေယျာသော်အပါအဝင် ၄ ဦးကို စီရင်ခဲ့လို့ ပြည်တွင်းပြည်ပက အပြင်းအထန်ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။