နာမဗေဒင်

Astrology

နာမဗေဒင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နာမဗေဒင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နာမည်တစ်ခု၏ ဗျည်း၊ သရ ဂဏန်းတန်ဖိုးများ အားလုံးကို ပေါင်းလိုက်ခြင်းဖြင့် နာမည်တစ်ခု၏ စုစုပေါင်း ဂဏန်းတန်ဖိုးကို ရရှိမည် ဖြစ်သည်။ ရရှိလာသော အကြွင်းတို့ အပေါ် မူတည်၍ နာမည် အဟောများ ရှိသည်။
၎င်းနာမည် အဟောများသည် ကုန်းဘောင်ခေတ် ပေမူပုရပိုက်မှ ဖြစ်သည်။ သင့်နာမည် ကောင်း-မကောင်း တွက်ကြည့်နိုင်သည်။
ဗျည်း၊ သရတို့၏ ဂဏန်းတန်ဖိုး ဇယားကို အောက်ပါ အတိုင်း ဖော်ပြထား၏။

အကြွင်း(၁) တံခွန်နာမည် အဟော

“တံခွန်နာမည်” မျိုးခေါ်တွင် ခံရသူများသည် အောင်မြင် ကျော်ကြားသူများ ဖြစ်မည်။ အနုပညာဖြင့် အောင်မြင်လိမ့်မည်။ လူအများနှင့် ဆက်နွယ် ပတ်သက်နေပြီး အများကို ကြီးကြပ် ကွပ်ကဲ အုပ်ချုပ် လုပ်ကိုင် ရသူ ဖြစ်မည်။ တစ်ခု ထက်မကသော အလုပ်အကိုင်များကို တစ်ပြိုင်နက်တည်း လုပ်ကိုင်ရသူ ဖြစ်သည်။ သေလျှင်သော်မှ နာမည် ကျန်ရစ်မည်။ ၎င်းနာမည်မျိုးများသည် အတိုက်အခံနှင့် ယှဉ်၍ အောင်မြင်တတ်ကြသည်။

အကြွင်း(၂) အခိုးနာမည် အဟော

“အခိုးနာမည်” သည် ဩဇာအာဏာ တည်တတ်၏။ ဘဝတစ်လျှောက်လုံးတွင် တိုးတက်သည်ထက် တိုးတက်အောင် စနစ်တကျ လုပ်တတ်၏။ လူအများနှင့် စပ်ဆိုင်သော အလုပ်များကို လုပ်ကိုင်တတ်။ လုပ်ချင်သည့် လုပ်ငန်း ကိစ္စများကို မဖြစ်မနေ လုပ်တတ်မည်။

အကြွင်း (၃) ခြင်္သေ့နာမည် အဟော

“ခြင်္သေ့နာမည်” သည် လူသိများမည်။ နေရာ မရ ၊ရအောင် ကြိုးစားမည်။ ထင်ပေါ် ကျော်ကြား လူသိများမည်။ အာဏာ တန်ခိုးကြီးမည်။ ထိပ်ကို ရောက်ပြီး ပြန်ဆင်းရတတ်သည်။

အကြွင်း(၄) ကျားနာမည် အဟော

“ကျားနာမည်” သည် အတက် အကျ မြန်တတ်၏။ ကံတရား၏ ဘီးကဲ့သို့ ကောင်းတာလုပ်လျှင် ကောင်းကျိုး ခံစားရမည်။ ဆိုးတာလုပ်လျှင် ဆိုးကျိုး ခံစားရမည့် နာမည် ဖြစ်သည်။ အတိုက်အခံနှင့် ယှဉ်၍ အကျိုးပေးတတ်၏။ စိတ်ကူးကို အကောင်အထည် ဖော်တတ်၏။

အကြွင်း(၅) နွားနာမည် အဟော

“နွားနာမည်” ရှင်သည် လူအများ၏ အသုံးချခြင်းကို ခံရလိမ့်မည်။ အများ အတွက် အနစ်နာခံရမည်။ အခွင့်အလမ်း ကောင်းများ တွေ့မည်။ ရန်သူ၏ အတိုက်အခိုက် ခံရမည်။

အကြွင်း (၆) မြင်းနာမည် အဟော

“မြင်းနာမည်”သည် အလုပ်မျိုးမျိုး တို့ကို လုပ်ရမည်။ လှုပ်ရှားမှုများမည်။ အတက်အကျ အမြဲရှိတတ်သည်။ သေးငယ်သော ပြဿနာမှ ကြီးမားသော မှုခင်းများ အထိ ဖြစ်တတ်သည်။

အကြွင်း(၇) ဆင်နာမည် အဟော

“ဆင်နာမည်” သည် ရေရှည် စီမံကိန်း ချပြီး လုပ်ရသည့် လုပ်ငန်းများတွင် အောင်မြင် အကျိုးပေးမည်။ ဘဝကို တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းရမည်။ ဖျော်ဖြေမှု အနုပညာ လုပ်ငန်းများဖြင့် အကျိုးပေးမည်။

အကြွင်း (၀) လင်းတနာမည် အဟော

လင်းတ နာမည်သည် ငုပ်လိုက် ပေါ်လိုက် ဖြစ်နေမည်။ ကိုယ့်အကြံ အစည်ကို သူများက လုပြီး လုပ်ခြင်းကို ခံရတတ်မည်။ အရှက်တကွဲ ဖြစ်ဖို့ လွယ်မည်။ စိတ် မတည်မငြိမ် ဖြစ်နေတတ်မည်။ ဆရာသမားအတွက် အနစ်နာခံရမည်။

 

တွက်နည်း ဥပမာ
ကျော်ဟိန်း= (၈+၅+၃+၈+၈)+(၂+၈+၇+၈+၈)
= ၃၂ + ၃၃
= ၆၅
၆၅ % ၈ = စားလဒ် (၈)၊ အကြွင်း (၁)
ထို့ကြောင့် ကျော်ဟိန်းသည် အကြွင်း (၁)ဖြစ်၍ တံခွန် နာမည် ဖြစ်သည်။

ရေးသားသူ – SayarWinZaw

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။