သက်တမ်း ၅၀၀ ကျော် ဆယ်ကျော်သက်မံမီရုပ်အလောင်း

International News
သက်တမ်း ၅၀၀ ကျော် ဆယ်ကျော်သက်မံမီရုပ်အလောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သက်တမ်း ၅၀၀ ကျော် ဆယ်ကျော်သက်မံမီရုပ်အလောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သက်တမ်း ၅၀၀ ကျော် ဆယ်ကျော်သက်မံမီရုပ်အလောင်း

မံမီလို့ ပြောလိုက်တာနဲ့ အီဂျစ်နိုင်ငံကို ပြေးမြင်မိကြမယ်ထင်ပါတယ်။ ဒီ သက်တမ်း ၅၀၀ ကျော်ပြီဖြစ်တဲ့ ဆယ်ကျော်သက်မံမီရုပ်အလောင်းကိုတော့ တောင်အမေရိကအထက်ရှိ အေးခဲနေတဲ့ တောင်တန်းမှာ တွေ့ရှိခဲ့တာပါ။ ဒီဆယ်ကျော်သက် မံမီရုပ်အလောင်းက မူလအသွင်အပြင်မပျက်အောင် ကောင်းကောင်းထိန်းသိမ်းထားနိုင်တဲ့ မံမီတွေထဲက တစ်ခုပါ။ သုတေသီတွေက သူ့ရဲ့ DNA ကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ပါတယ်။
ဒီမံမီရုပ်အလောင်းကို “Mummy Juanita” လို့ သိကြပါတယ်။ သုတေသီအဖွဲ့က ဒီမံမီရုပ်အလောင်းကို ၁၉၉၅ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။

ဒီဆယ်ကျော်သက်လေး သေဆုံးခဲ့ချိန်က အသက် ၁၅ နှစ်အရွယ်လောက်ရှိတယ်လို့ ယူဆရပါတယ်။ သုတေသီတွေက ရုပ်အလောင်းကျပ်စည်းထားတာကို ဖြည်လိုက်တဲ့အချိန်မှာ မံမီရဲ့လက်တွေကြောင့် တအံ့တဩဖြစ်ခဲ့ရပါတယ်။ လက်တွေက အကောင်းပကတိအတိုင်းပြီးပြည့်စုံနေတာပါ။ မံမီကို ပြီးပြည့်စုံအောင် ထိန်းသိမ်းထားတာပါ။ အသားရောင်တွေကလည်း မမှေးမှိန်သေးပါဘူး။

ဆယ်ကျော်သက်မံမီရဲ့DNA ကို ခွဲခြမ်းစိတ်ဖြာကြည့်တော့ ဒီကောင်မလေးက သူ မသေခင် ရက်ပိုင်းအလိုမှာ အဆုတ်ရောင်ရောဂါကို ခံစားနေခဲ့ရတာကို တွေ့ခဲ့ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။