၂၇ နှစ်လုံးလုံး ခွင့်မယူခဲ့တဲ့ Burger King ဆိုင် Burger King ဆိုင်ဝန်ထမ်း အလှူငွေ ဒေါ်လာ ၄ သိန်းကျော် ရရှိ

International News
၂၇ နှစ်လုံးလုံး ခွင့်မယူခဲ့တဲ့ Burger King ဆိုင် Burger King ဆိုင်ဝန်ထမ်း အလှူငွေ ဒေါ်လာ ၄ သိန်းကျော် ရရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၇ နှစ်လုံးလုံး ခွင့်မယူခဲ့တဲ့ Burger King ဆိုင် Burger King ဆိုင်ဝန်ထမ်း အလှူငွေ ဒေါ်လာ ၄ သိန်းကျော် ရရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၇ နှစ်လုံးလုံး ခွင့်မယူခဲ့တဲ့ Burger King ဆိုင် Burger King ဆိုင်ဝန်ထမ်း အလှူငွေ ဒေါ်လာ ၄ သိန်းကျော် ရရှိ

၂၇ နှစ်လုံးလုံး တစ်ရက်မှ ခွင့်မယူခဲ့တဲ့ ဝန်ထမ်းကို Burger King ဆိုင်က တန်ကြေးမရှိတဲ့ လက်ဆောင်ပစ္စည်း အနည်းအကျဉ်းပဲ ပေးခဲ့တဲ့ သတင်း ပျံ့နှံ့ခဲ့ပြီးနောက် စေတနာရှင်တွေက သူ့အတွက် ငွေကြေးလှူဒါန်းမှုတွေ လုပ်ခဲ့ရာ အမေရိကန်ဒေါ်လာ ၄ သိန်းကျော် ရရှိခဲ့ပါတယ်။

ကီဗင်ဖို့ဒ်ဟာ လက်စ်ဗီးဂတ်စ်လေဆိပ်က Burger King ဆိုင်မှာ ငွေကိုင်အဖြစ် ၂၇ နှစ်ကြာ အလုပ်လုပ်ခဲ့သူပါ။ ပြီးခဲ့တဲ့နှစ် ဇွန်လမှာတော့ အလုပ်ပျက်ရက်မရှိ အမှတ်တရလက်ဆောင်ထုပ်ကို သူ ဖောက်ဖွင့်နေတဲ့ ဗီဒီယိုက အွန်လိုင်းပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။ အိတ်ထဲမှာ ရုပ်ရှင်လက်မှတ်တစ်စောင်၊ ဘောပင်နှစ်ချောင်း၊ Starbucks ကော်ဖီခွက်နဲ့ ချောကလက်မုန့် တစ်ထုပ်ပဲ ပါဝင်ပါတယ်။

လက်ဆောင်ရလို့ ဝမ်းသာမိပေမဲ့ ကြုံသလို ထည့်ထားတဲ့ပစ္စည်းတွေကို လက်ဆောင်ပေးသလို ဖြစ်နေတယ်လို့ ကီဗင်ဖို့ဒ်က ဆိုပါတယ်။ အဲဒီနောက်မှာတော့ ကီဗင်ဖို့ဒ်ရဲ့သမီးက သူ့အဖေအတွက် GoFundMe ပေ့ချ်တစ်ခု ထောင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ အလှူငွေ အများအပြား ရရှိခဲ့တာပါ။ သရုပ်ဆောင်မင်းသား ဒေးဗစ်စပိတ်ရဲ့ ဒေါ်လာ ၅၀၀၀ လှူဒါန်းမှုအပါအဝင် သြဂုတ်လ ၁၀ ရက်အထိ အလှူငွေစုစုပေါင်း ဒေါ်လာ ၄၀၇၆၃၉ ရရှိခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။