၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

 

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( August 14 to August 20 )
========================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ကောင်းမွန်သော ကျန်းမာရေးကို ထိန်းသိမ်းထားနိုင်ပါလိမ့်မယ်။ ကိုယ်လက်ကြံ့ခိုင်မှု ရှိစေရန် အားစိုက်ပေးပါ။ အထူးသဖြင့် အိပ်ချိန် လုံလုံလောက်လောက် ထားပါ။

ဤကာလအတွင်း ငွေကြေး အခွင့်အလမ်းများ ရရှိနိုင်ပါမယ်။ ဝင်ငွေနှင့် အသုံးစရိတ်ကြား မျှတမှု ရှိနေပါမယ်။ သို့သော် မိမိ၏ နေအိမ်အတွက် ငွေကြေး အချို့ သုံးစွဲရတတ်ပါတယ်။

မိသားစုရေးရာ ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ရနိုင်ခြေ ရှိနေပါတယ်။ မိမိကိုယ်မိမိ လွန်စွာ တွန်းအား မပေးပါနှင့်။ ဖြည်းဖြည်းမှန်မှန် ပြုလုပ်ပေးပါ။ လိုအပ်ပါက မိသားစုဝင်များထံမှ အကူအညီများကိုလည်း ရယူနိုင်ပါတယ်။

ပြိဿရာသီခွင် – Taurus ( August 14 to August 20 )
========================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ ကြီးကြီးမားမား ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်နိုင်မည် မဟုတ်ပါ။ ဗီတာမင် C ကြွယ်ဝသော အစားအစာများကို ပုံမှန်စားသုံးပေးပါ။

အကယ်၍ အစိုးရကဏ္ဍနှင့် ပက်သက်နေပါက ယခုအပတ်တွင် သတိထား ဆောင်ရွက်ပေးရပါမယ်။ ငွေကြေး အကျိုးအမြတ် ရရှိနိုင်သလို အတိုက်အခိုက်လည်း များနေတတ်ပါတယ်။

မိသားစုနှင့် ပက်သက်၍ အနှောင့်အယှက်တို့ကြောင့် စိတ်ဖိစီးရတတ်ပါတယ်။ စိတ်လိုက်မာန်ပါ ပြုမှုခြင်းက မှားယွင်းစေနိုင်သည်ကို နားလည်ထားရန် လိုအပ်ပါမယ်။

မေထုန်ရာသီခွင် – Gemini ( August 14 to August 20 )
========================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ရုပ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်မှု ရှိနေပါမယ်။ သို့သော် စိတ်ဖိစီးမှု၏ လွှမ်းမိုးချုပ်ချယ်မှုကို မခံရ‌ပါစေနှင့်။ မဟုတ်ပါက ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကျန်းမာရေးအတွက် စနစ်တကျဖြင့် ပြုမှုနေထိုင်ပေးပါ။

ဤကာလအတွင်း ငွေကြေး သို့မဟုတ် ဥစ္စာပစ္စည်း ဆုံးရှုံးနိုင်ခြေ ရှိနေပါတယ်။ အထူးသဖြင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကို ရှောင်ကြဉ်ပေးပါ။

အကယ်၍ Gemini ရာသီခွင်တို့၏ မိသားစု ဘဝတွင် အခက်အခဲအချို့နှင့် ကြုံတွေ့နေရပါက အခြားသူများထံမှ အကူအညီကို အားကိုးနေမည့်အစား မိမိကိုယ်တိုင် ဖြေရှင်းနိုင်အောင် အရင်ကြိုးစားပေးပါ။

ကရကဋ်ရာသီခွင် – Cancer ( August 14 to August 20 )
========================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက် ကောင်းမွန်နေပါမယ်။ အထူးသဖြင့် ယခင်က မျက်စိနှင့် ပက်သက်၍ ဝေဒနာ ခံစားနေရပါက သက်သာ ပျောက်ကင်းနိုင်ဖွယ် ရှိနေပါတယ်။ သို့သော် မှန်ကန်သော ဆေးဝါး စောင့်ရှောက်မှုကို လိုအပ်ပါမယ်။

ငွေရေးကြေးရေးအရ စီးပွားရေးလုပ်ငန်သစ် သို့မဟုတ် မိတ်ဖက်သစ်များ ပေါ်ပေါက်လာပါက သတိထားပေးပါ။ အလျင်စလို ဆုံးဖြတ်ချက်များ မပြုပါနှင့်။

ဤကာလအတွင်း Cancer ရာသီခွင်တို့၏ မိသားစုဘဝတွင် ပျော်ရွှင်မှုများ ရှိနေပါလိမ့်မယ်။ မိသားစုဝင်များအကြား နားလည်မှုတို့နှင့် အတူ ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ပါမယ်။

သိဟ်ရာသီခွင် – Leo ( August 14 to August 20 )
========================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်းမာရေးအတွက် အားစိုက်ပေးရန် လိုအပ်ပါမယ်။ အစာမကြေခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း စသော ကျန်းမာရေး ပြဿနာအချို့ ဖြစ်ပေါ်နိုင်ပါတယ်။

ငွေရေးကြေးရေးအရ ကံတရားသည် ကောင်းမွန်နေပါမယ်။ ငွေကြေး တိုးတက်မှုနှင့်အတူ စုဆောင်းနိုင်ပါမယ်။ အိမ်ခြံ သို့မဟုတ် မြေယာ စသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ပါတယ်။

ဤကာလအတွင်း Leo ရာသီခွင်တို့၏ မိသားစုဘဝတွင် အေးချမ်းမှုများ ရှိနေပါမယ်။ ပံပိုးကူညီမှုတို့ဖြင့် အိမ်မှုရေးရာ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ပါမယ်။ သို့သော် အခက်အခဲ အချို့နှင့် ရင်ဆိုင်လာရပါက မိသားစုဝင်များထံမှ အကြံဉာဏ်များကိုလည်း နားစွင့်ပေးပါ။

ကန်ရာသီခွင် – Virgo ( August 14 to August 20 )
========================================

ယခုအပတ် အစောပိုင်းတွင် Virgo ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ ပိုမိုဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် ကိုယ်ခံအားနည်းခြင်းကြောင့် ရောဂါ ဝေဒနာအချို့ ဖြစ်ပေါ်နိုင်ခြေ ရှိနေပါတယ်။

ဤကာလအတွင်း ငွေရေးကြေးရေး ကံတရားသည် ကောင်းမွန်နေပါမယ်။ ရက်သတ္တပတ် အစောပိုင်းတွင် ဝင်ငွေများ ပိုမိုရရှိစေနိုင်ပါတယ်။ ဒါ့အပြင် ငွေကြေး ထောက်ပံ့မှုများကိုပါ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ သို့သော် ကတိမတည်သူများအား ငွေကြေး ချေးငှားမှုများ မပြုလုပ်ပါနှင့်။

ယခုအပတ်တွင် မိသားစုများ အကြား သံသယဖြစ်ခြင်းမှ ရှောင်ကြဉ်ရပါမယ်။ အထူးသဖြင့် တစ်ဦးပေါ် တစ်ဦး ယုံကြည်မှု ထားရှိပေးပါ။ လုပ်ဆောင်လိုသည့် ကိစ္စရပ်များအတွက် ကူညီထောက်ပံ့ပေးရန် လိုအပ်ပါမယ်။

တူရာသီခွင် – Libra ( August 14 to August 20 )
========================================

ယခုအပတ်တွင် Libra ရာသီခွင်တို့၏ ကျန်းမာရေးသည် ညံ့ဖျင်းနေတတ်ပါတယ်။ ‌ကိုယ်ခံအား ကျဆင်းမှုတို့ကြောင့် ရောဂါ ဝေဒနာများ ခံစားရတတ်ပါတယ်။ ဤကာလအတွင်း ယာဉ်မတော်မဆ ဖြစ်ပေါ်နိုင်ခြေ ရှိနေသောကြောင့် သတိထားပေးရပါမယ်။

ငွေရေးကြေးရေးအားဖြင့် ကြုံတွေ့နေရသော အခက်အခဲများမှ လွတ်မြောက်နိုင်ပါမယ်။ ငွေကြေး အထောက်အပံ့တို့ဖြင့် ဝင်ငွေ ကောင်းမွန်နေပါမယ်။ ဒါ့အပြင် ရင်းနှီးမြုပ်နှံမှုများ သို့မဟုတ် စီးပွားရေး ချဲ့ထွင်မှုများကို ပြုလုပ်နိုင်ပါမယ်။

သို့သော် အချို့သော အတက်အကျတို့ကြောင့် စိတ်ခံစားချက် ပြင်းထန်နေနိုင်ပါမယ်။ အထူးသဖြင့် စိတ်တိုင်းမကျကာ ဒေါသဖြစ်လွယ် နေပါမယ်။ ဒါ့ကြောင့် မိသားစုဝင်များနှင့် ဖြစ်စေ၊ အပေါင်းအသင်းများနှင့် ‌ဖြစ်စေ စကားပြောဆိုရာတွင် စိတ်ခံစားချက်ကို ထိန်းချုပ်ထားရန် လိုအပ်ပါလိမ့်မယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( August 14 to August 20 )
========================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ သို့သော် စားသောက်မှုနှင့် ပက်သက်၍ ဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် ကယ်လိုရီများသော အစားအစာများကို ရှောင်ကြဉ်ပေးပါ။

ငွေရေးကြေးရေးအဖြင့် အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိလာနိုင်ပါတယ်။ အတိတ်ကာလ အကျပ်အတည်းများမှ လွတ်မြောက်ကာ လမ်းကြောင်းမှန်ပေါ် ပြန်လည်‌ ရောက်ရှိလာပါမယ်။

ဤကာလအတွင်း Scorpio ရာသီခွင်တို့၏ မိသားစုဘဝတွင် ပျော်ရွှင်မှုများ ရှိနေပါလိမ့်မယ်။ ဆွေမျိုး သို့မဟုတ် မိတ်ဆွေ အပေါင်းအသင်း အချို့သည် မိမိနေအိမ်သို့ လာရောက်လည်ပတ်နိုင်ပါတယ်။

ဓနုရာသီခွင် – Sagittarius ( August 14 to August 20 )
========================================

ယခုအပတ်တွင် Sagittarius ရာသိခွင်တို့သည် ကျန်းမာရေး အားနည်းနေနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်ပီး စိတ်ဖိစီးမှုများ ခံစားရတတ်ပါတယ်။ အထူးသဖြင့် ဤကာလအတွင်း ခရီးဝေး သွားလာခြင်းတို့ကို ရှောင်ကြဉ်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် အဆင်ပြေနေပါမယ်။ သို့သော် ငွေကြေး အနှောင့်အယှက်များ ရှိနေတတ်၍ သတိထား ဆောင်ရွက်ပေးရန် လိုအပ်ပါမယ်။ ရရှိလာသော ငွေကြေးများကို ပညာရှိရှိ ရင်းနှီးမြုပ်နှံနိုင်ပါတယ်။ လိုအပ်ပါက ဆရာကောင်း၊ မိတ်ဆွေကောင်းများထံမှ အကြံဉာဏ်များ ရယူနိုင်ပါတယ်။

ဤကာလအတောအတွင်း နိုင်ငံရပ်ခြားသို့ သွားလိုသော Sagittarius ရာသီခွင်များ သို့မဟုတ် မိသားစုဝင်များအတွက် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ ဒါကြောင့် မိမိ၏ အိပ်မက်ကို အထောင်အထည် ဖော်ဆောင်ရန် အစွမ်းကုန် ကြိုးစားပေးပါ။

မကာရရာသီခွင် – Capricorn ( August 14 to August 20 )
========================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် ကျန်မာရေးအရ စိုးရိမ်စရာ မလိုအပ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်မှု ရှိနေပါမယ်။ မိမိကိုယ်မိမိ ယုံကြည်မှုရှိကာ အလုပ်များကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါမယ်။

ငွေရေးကြေးရေးအရ ကံတရားသည် ကောင်းမွန်နေပါမယ်။ ဝင်ငွေ အားကောင်းနေပါမယ်။ ငွေကြေး စုဆောင်းနိုင်မည့် အပြင် ရင်နှီးမြုပ်နှံမှုများကို ပြုလုပ်နိုင်ပါမယ်။

မိသားစုဝင်များ အကြား ယုံကြည်မှု ထားရှိပေးရန် လိုအပ်ပါမယ်။ မိမိ၏ စိတ်ဆန္ဒအပြင် မိသားစုဝင်တို့၏ သဘောထားကိုပါ ထည့်သွင်း စဉ်းစားပေးရန် လိုအပ်ပါမယ်။

ကုမ်ရာသီခွင် – Aquarius ( August 14 to August 20 )
========================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ကျန်းမာရေးကို ပိုမိုအားစိုက်ပေးရန် လိုအပ်ပါမယ်။ အထူးသဖြင့် ရက်သတ္တပတ် အစောပိုင်းတွင် ကျန်းမာရေးသည် ညံ့ဖျင်းနေတတ်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် အခက်အခဲများ ရှိနေနိုင်ပါတယ်။ ဝင်ငွေထက် အထွက်ငွေသည် ကြမ်းနေတတ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုသစ်များ၊ လုပ်ငန်းချဲ့ထွင်မှုများ ပြုလုပ်ရန်အတွက် သင့်တော်သော အချိန်ကာလ မဟုတ်ပေ။

သို့သော် မိသားစု စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ဤကာလအတွင်း ရလာဒ်ကောင်းများ ရရှိနိုင်ပါတယ်။ မိသားစုဝင်များ အကြား ဆက်ဆံရေး တိုးတက်မှုများ ရှိနေပါမယ်။ လိုအပ်သော ကူညီထောက်ပံ့မှုများ ရရှိနိုင်ပါမယ်။

မိန်ရာသီခွင် – Pisces ( August 14 to August 20 )
========================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့၏ စိတ်ပိုင်းဆိုင်ရာသည် ပိုမိုအားကောင်းလာပါမယ်။ စိတ်ဖိစီးမှုများကို ဖယ်ရှားနိုင်ပါမယ်။ သို့သော် ကျန်းမာရေးအတွက် အာဟာရ ပြည့်ဝသော အစားအစာများ စားသုံးရန် အကြံပြုလိုပါတယ်။

ငွေရေးကြေးရေးအရ ယခုသီတင်းပတ် အလယ် ကျော်လွန်ပြီးနောက် ပိုမိုကောင်းမွန်လာပါမယ်။ ဝင်ငွေ တိုးတက်မှုတို့နှင့် အတူ လိုအပ်သော ပစ္စည်းဥစ္စာများကို ဝယ်ယူနိုင်ပါမယ်။

ဤကာလအတွင်း Pisces ရာသီခွင်တို့သည် မိသားစုဘဝအတွက် အချိန်ပေး ဂရုစိုက်ရန် လိုအပ်ပါလိမ့်မယ်။ အထူးသဖြင့် မိသားစုဝင်တို့၏ လိုအပ်ချက်များကို နားလည်အောင် ကြိုးစားပေးရပါမယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။