မတ်တပ်တောင်မရပ်နိုင်တော့တဲ့အထိ ခါးနာဝေဒနာကပိုဆိုးလာလို့ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း

Celebrity Local News
မတ်တပ်တောင်မရပ်နိုင်တော့တဲ့အထိ ခါးနာဝေဒနာကပိုဆိုးလာလို့ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မတ်တပ်တောင်မရပ်နိုင်တော့တဲ့အထိ ခါးနာဝေဒနာကပိုဆိုးလာလို့ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မတ်တပ်တောင်မရပ်နိုင်တော့တဲ့အထိ ခါးနာဝေဒနာကပိုဆိုးလာလို့ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း

အဆိုတော် ဖြူဖြူကျော်သိန်းကတော့ အမိုက်စား အသံပါဝါနဲ့အတူတေးသီချင်းကောင်းများစွာကို သီဆိုထားပြီး ပရိတ်သတ် ရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့အဆိုတော်ကောင်း တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဖြူဖြူ က ဗဟုသုတရတဲ့ စကားတွေကို မကြာခဏဆိုသလို ပြောပြလေ့ရှိပြီး သူမရဲ့ လူမူ့ကွန်ယက်ထက်မှာလဲ ရေးသားဖော်ပြလေ့ရှိပါတယ်။ ဖြူဖြူ ကတော့တော်လှန်ရေးကြီး မှာ လဲ ပြည်သူနဲ့အတူ အမှန်တရားဘက် ကပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ အမှူဖွင့်ထားခြင်း ခံရတာကြောင့် ဘေးကင်းရာကိုရှောင်းတိမ်းနေရပါတယ် ။ဖြူဖြူဟာ အနုပညာအလုပ်တွေ ရပ်နားထားပီး ခါးနားတဲ့ ဝေဒနာကို လပေါင်းများစွာ ခံစားနေရပီး ဒီတစ်ခါမှာတော့ သူမခံစာနေရတဲ့ ဝေဒနာ ကိုဆေးရုံမှာ ခွဲစိတ်ကုသခဲ့တယ်လို့ ဆိုပါတယ်။

ဖြူဖြူကတော့”ခါးနာတာမသက်သာလို့ ဆေးရုံတက်ပြီး ခွဲလိုက်ရပါတယ်။ ချစ်ခင်သူတွေ ပို့သတဲ့ မေတ္တာကြောင့် ခွဲစိတ်မှုအောင်မြင်ပါတယ်။
ခုဆေးရုံဆင်းတာ တစ်ပတ်ရှိပါပြီ။ အရင်လို ပုံမှန်လှုပ်ရှားနိုင်ဖို့တော့ နောက်ထပ်နှစ်လလောက် အချိန်ယူ လေ့ကျင့်ခန်းတွေ လုပ်ရမယ်တဲ့။
ဘော်ဒါတွေက ပြောတယ်၊ ဖြူဖြူဆေးရုံတက်နေတဲ့ အချိန်အတွင်း သတင်းကောင်းတွေ ရှိတယ်တဲ့၊ ငါတို့ အိမ်ပြန်ဖို့ နီးလာပြီတဲ့၊ ငါတို့ အိမ်ပြန်လမ်းတွေပေါ် ရောက်နေပြီတဲ့။

“အိမ်ပြန်လို့ရတော့မယ်” ဆိုတဲ့ ရောင်ခြည်လဲ့လဲ့လေးဟာ ဘယ်လောက် မက်မောလှိုက်လှဲစရာကောင်းသလဲဆိုတာ၊ ကိုယ့်အိမ်ကိုယ်နေပြီး ကိုယ့်အိပ်ရာကိုယ်အိပ်‌နေခွင့်ရနေ‌သေးတဲ့သူတွေ ဘယ်တော့မှ စာနာနားလည်နိုင်မှာ မဟုတ်ပါဘူးလေ။


ဆေးရုံကဆင်းရင် ပြန်စရာ ယာယီအိမ်ပဲရှိတဲ့ ကိုယ်တွေအတွက်တော့ အားဆေးကြီး တစ်ခွက်ပါပဲ။
အားလုံးကို ကျေးဇူးအများကြီးတင်သလို အားလည်းနာရပါတယ်။ ” ဆိုပြီးသူမရဲ့facebook စာမျက်နှာကနေ ပရိသတ်ကြီးကို ပြောပြပေးခဲ့တာဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။