သမ္မာအာဇီဝကျကျကိုယ့်လုပ်နိုင်စွမ်းရှိသမျှ ရရာအလုပ်တွေအကုန်လုပ်ပြီး မိသားစုရဲ့အိမ်ထောင်ဦးစီးတာဝန်ကို ထမ်းနေပါတယ်ဆိုတဲ့ အာဇာနည်

Celebrity Local News
သမ္မာအာဇီဝကျကျကိုယ့်လုပ်နိုင်စွမ်းရှိသမျှ ရရာအလုပ်တွေအကုန်လုပ်ပြီး မိသားစုရဲ့အိမ်ထောင်ဦးစီးတာဝန်ကို ထမ်းနေပါတယ်ဆိုတဲ့ အာဇာနည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သမ္မာအာဇီဝကျကျကိုယ့်လုပ်နိုင်စွမ်းရှိသမျှ ရရာအလုပ်တွေအကုန်လုပ်ပြီး မိသားစုရဲ့အိမ်ထောင်ဦးစီးတာဝန်ကို ထမ်းနေပါတယ်ဆိုတဲ့ အာဇာနည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သမ္မာအာဇီဝကျကျကိုယ့်လုပ်နိုင်စွမ်းရှိသမျှ ရရာအလုပ်တွေအကုန်လုပ်ပြီး မိသားစုရဲ့အိမ်ထောင်ဦးစီးတာဝန်ကို ထမ်းနေပါတယ်ဆိုတဲ့ အာဇာနည်

အာဇာနည်ဟာဆိုရင်တော့ ပရိသတ်တွေရဲ့အားပေးမှုကို တခဲနက်ရရှိထားခဲ့တဲ့ နိုင်ငံကျော်အဆိုတော်တယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူယုံကြည်တဲ့ မှန်ကန်တယ်ထင်တဲ့လမ်းကို ရွေးချယ်ပြီး ပြတ်ပြတ်သားသားလျှောက်လှမ်းခဲ့သူတယောက်ဖြစ်ပါတယ်။ မြန်မာပြည်ကနေ တိမ်းရှောင်ပြီး အမေရိကန်နိုင်ငံမှာ သွားရောက်ခိုလှုံနေရတာဖြစ်ပါတယ်။

အခုတခါမှာတော့ရေခြားမြေခြားမှာ အိမ်ထောင်ဦးစီးတယောက်ပီပီ ရိုးသားသန့်ရှင်းတဲ့သမ္မာအာဇီဝကျတဲ့အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေကြောင်းဝေမျှပြောပြပေးခဲ့တာဖြစ်ပါတယ်။

အာဇာနည်က” မိသားစု ရဲ့ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ လက်ရှိပတ်ဝန်းကျင်မှာ သမ္မာအာဇီဝ နဲ့ ကိုယ့်လုပ်နိုင်စွမ်းရှိသမျှ ရရာအလုပ်တွေအကုန် လုပ်တတ်အောင်သင်ယူနေပါတယ်


တစ်ဖက်မှာလဲ ကိုယ်တစ်သက်လုံးတည်ဆောက်လာခဲ့တဲ့ ကိုယ့်ရဲ့ ဝါသနာ နဲ့ အသက်မွေးဝမ်းကြောင်း တထပ်တည်းကျနေခဲ့တဲ့ / အခုလည်း တထပ်တည်းကျနေတဲ့ / နောက်လည်း တသက်လုံး တထပ်တည်းကျနေတော့မယ့် ကျွန်တော်သီချင်းဆိုတာကိုနားဆင်ခံစားချင်ကြတဲ့ မိတ်ဆွေရောင်းရင်း သူငယ်ချင်းတွေနဲ့ မိတ်ဆုံစားပွဲ / အမှတ်တရတွေ့ဆုံပွဲ / မွေးနေ့ပွဲ တွေမှာလည်း စိတ်ထွက်ပေါက်တခုအနေနဲ့ ရံဖန်ရံခါတော့ ဆိုဖြစ်ပါတယ်…

အစစ အရာရာ အားလုံး လိုလေသေးမရှိ အဆင်ပြေနေခဲ့တဲ့ စီးပွါးရေး လူမှုရေး အသိုင်းအဝိုင်းအားလုံးကို ထားခဲ့ရပြီး ပတ်ဝန်းကျင်အသစ်တခုမှာ ဒီအရွယ်ကျမှ ဘဝသစ်တခုလို ပြန်စနေရတဲ့အပြင် ဘယ်တော့မှ နောင်တမရမယ့် ကိုယ့်ဆုံးဖြတ်ချက်တစ်ခုကြောင့် ကိုယ်နဲ့အတူ အဆင်ပြေမှုအားလုံးကို လဲပေးခဲ့ရတဲ့ ကိုယ့်မိသားစုအတွက်အရင်လို ပြီးပြည့်စုံအောင်မထားနိုင်​သေးပေမယ့် လူတန်းစေ့နေနိုင်အောင်တော့ ကိုယ်လုပ်နိုင်သောအလုပ်မှန်သမျှ လေ့လာသင်ယူ လုပ်ကိုင်ရင်း ….အိမ်ထောင့်တာဝန်ထမ်းရင်း ….. မှန်သောလမ်းပေါ် ရှေ့ဆက်လျှောက်ရင်း” ဆိုပြီး facebookလူမှုကွန်ယက် acc ကနေ ပြောပြပေးခဲ့တာဖြစ်ပါတယ်။

အာဇာနည်တို့မိသားစုရှေ့လျှောက် ကံကောင်းခြင်းတွေနဲ့ပဲတွေ့ကြုံပြီး သာယာတဲ့ဘဝလေးရရှိဖို့ဆုတောင်းပေးလိုက်ပါတယ်။

ရေးသားသူ –Zarni Myonyunt

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။