ဆုံးမစကားလေး နားထောင်စေ

Astrology
ဆုံးမစကားလေး နားထောင်စေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆုံးမစကားလေး နားထောင်စေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆုံးမစကားလေး နားထောင်စေ

ယခုခေတ်ကာလကြီးမှာ ကလေးတွေ အိမ်ထဲမှာနေစေဖို့ထားပေမဲ့ ပြောမရဆိုမရ မျောက်မူးလဲဖြစ်ကာ ဆုံးမရခက်ခဲတတ်ပါတယ် ။’ဒါ့အပြင် ခါတိုင်းထက်စာရင် အိမ်ထဲမှာနေရင်း ခဏခဏစကားများနေသော သားသမီး လင်မယားစုံတွဲများကြောင့်ဆိုရင်လည်း လူကြီးမိဘတွေစိတ်ဆင်းရဲရတတ်ပါတယ်…။

ဒါ့ကြောင့် ပြောဆိုရခက်ခဲသော သားသမီး လင်မယား ၊မြေးမြစ် တို့၏ မွေးနေ့တွင် ညဝတ်အိပ်ထားသော အင်္ကျီကို မလျော်ပဲ ကရွတ်ခွေ၍ သောက်ရေအိုး အောက်တွင်ထားရှိပြီး မိခင်၊ အုပ်ထိန်းသူ အကြီးအကဲက ရေသောက်တိုင်းခွက်ကျန်ရေဖြင့် ထိုကရွတ်ခွေထားသည့် အင်္ကျီကို မကြာခဏ ဖျန်းပေးပါ။

ထိုသောက်ရေအိုးထဲမှ ရေဖြင့်လည်း ဘုရားသောက်တော်ရေ ကပ် လှူ၍ ဆုတောင်းပေးပါ။ မျောက်မူးလဲများ ငြိမ်သက်သွားမည့်အပြင် နားမခံသာအောင် တခြိမ်းခြိမ်းဖြစ်နေသော လင်မယားရန်ပွဲသံများလည်း ငြိမ်းချမ်းသွားပါလိမ့်မည်…

သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးကို… အစဉ်ဦးညွှတ်ကန်တော့လျက်…

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။