မိမိအိမ်တွင်းတွင် လာဘ်မတိတ်အောင်

Astrology
မိမိအိမ်တွင်းတွင် လာဘ်မတိတ်အောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိမိအိမ်တွင်းတွင် လာဘ်မတိတ်အောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိမိအိမ်တွင်းတွင် လာဘ်မတိတ်အောင်

မိမိအိမ်တွင်းတွင်_လာဘ်မတိတ်အောင် အောက်ပါ အချက်များကို ရှောင်ပါ…။

၁။ မီးဖိုအား စလောင်းဖုံးအုပ်ခြင်း၊

၂။ အိမ်ထောင်ဦးစီး လင်ယောင်္ကျားအား နိမ့်ကျသော နေရာတွင်ထားခြင်း၊

၃။ မိမိ ဇနီးသည်အား ညာဘက်တွင် အိပ်စေခြင်း၊

၄။ စားသောက်သော အိုးခွက်ပန်းကန်များအား လွှင့်ပြစ်ခြင်း၊

၅။ ထမင်း၊ ဟင်း ချက်ရင်း သီချင်း ဆိုခြင်း၊

၆။ နေဝင်ခါစ အချိန်တွင် အိပ်စက်ခြင်း၊

၇။ နေဝင် မိုးချုပ် လေချွန်ခြင်း၊

၈။ နေမထွက်ခင် ကြွေးပေး ကြွေးယူ ကြွေတောင်း ခံရခြင်း၊

၉။ နေဝင် နေထွက်ချိန် သန်းရှာခြင်း၊

၁၀။ နေဝင် နေထွက်ချိန် ကလေးများအား ရိုက်ခြင်း၊

၁၁။ နေမွန်းတည့်ချိန် တိရိစ္ဆာန်များအား thetဖြတ်ခြင်း၊

၁၂။ နေဝင် နေထွက်ချိန်တွင် ကျိန်စာတိုက်ခြင်း၊

၁၃။ အမျိုးသမီးများ မိုးချုပ်ချိန် ဆံပင် ဖားလျှားဖြင့် အပြင်သို့သွားခြင်း၊

၁၄။ အမျိုးသမီးများ၏ မသန့်ရှင်းသော ပစ္စည်းများကို အိမ်ဦးခန်း၌ ထားခြင်း၊ စွန့်ပစ်ခြင်း၊

၁၅။ မိမိ ဝတ်သော ပုဆိုး၊ ထမိန်ဖြင့် မျက်နှာသုတ်ခြင်း၊

၁၆။ အိမ် အပေါက်အား နောက်ပြန်ဝင်ခြင်း၊

၁၇။ မျက်နှာမသစ်ပဲ အစာစားခြင်း၊

၁၈။ မိမိခန္ဓာကိုယ်မှ အမွှေး အမျှင်နှင့် မသန့်ရှင်းသော ပစ္စည်းများ အိမ် အတွင်းစွန့်ပစ်ခြင်း၊

၁၉။ သောက်ရေအိုး ရေ မလဲပဲ ခြောက်နေခြင်း၊

၂၀။ သောက်ရေအိုး မှ ရေကို ထမင်း ဟင်းချက်ရာတွင် သုံးခြင်း၊

၂၁။ လင်သားအား စိတ်ဆိုး၍ ကျောခိုင်း အိပ်ခြင်း၊

၂၂။ သား သမီး ဇနီးကို လင်သားက ငွေ ( သို့ ) အစားအစာ ပစ်ပေးခြင်း၊

၂၃။ အဝတ်အစားများ ပြောင်းပြန် ဝတ်ခြင်း၊

၂၄။ အိမ်အပေါက်အား ကျောခိုင်း ထိုင်ခြင်း၊

၂၅။ ထမင်းစားရင်း အိပ်ငိုက်ခြင်း၊

၂၆။ အိမ်၏ မျက်နှာစာတွင် ကလေးငယ် အား အပေါ့အလေး စွန့်ခိုင်းခြင်း၊

၂၇။ ထမင်းရည်ပူအား မြေကြီးပေါ်သို့ တိုက်ရိုက် ငှဲ့ချခြင်း၊

၂၈။ မိမိအိမ်သို့ လာသော တောင်းစားသူများအား ဆဲဆိုလွှတ်ခြင်း၊

၂၉။ အိမ်သာတက်ရင်း အစားစားခြင်း၊

၃၀။ စားသောက်ပြီး အိုး ခွက် ပန်းကန် များကို အချိန်ကြာမြင့်စွာ မဆေးပဲထားခြင်း၊

၃၁။ အိုး ခွက် ပန်းကန်များကို တီး၍ သီချင်းဆိုခြင်း၊

၃၂။ အိမ်ရှေ့ တည့်တည့်တွင် ထမိန် စကတ် များကို လှန်းခြင်း ချွတ်ထားခြင်း၊

၃၃။ မိမိအိမ်တွင် မွေးမြူ ထားသော တိရိစ္ဆာန် များအား အစာမကျွေးပဲ လှောင်ထားခြင်း ရိုက်နှက်ခြင်းတို့ ကိုရှောင်ပါ။

ရေးသားသူ –လောကီသုတ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။