လူမှုကွန်ယက်ပေါ်မှာ Meme အဖြစ် နာမည်ကြီးတဲ့ ခွေးတွေထဲက ခွေးလေးတစ်ကောင် thayဆုံး

International News
လူမှုကွန်ယက်ပေါ်မှာ Meme အဖြစ် နာမည်ကြီးတဲ့ ခွေးတွေထဲက ခွေးလေးတစ်ကောင် thayဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လူမှုကွန်ယက်ပေါ်မှာ Meme အဖြစ် နာမည်ကြီးတဲ့ ခွေးတွေထဲက ခွေးလေးတစ်ကောင် thayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လူမှုကွန်ယက်ပေါ်မှာ Meme အဖြစ် နာမည်ကြီးတဲ့ ခွေးတွေထဲက ခွေးလေးတစ်ကောင် thayဆုံး

Balltze (ခေါ်) Cheems အမည်ရတဲ့ ရှီဘာအီနူအမျိုးအစားခွေးလေးဟာ ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့ပါပြီ။ Cheems က လူမှုကွန်ယက်ပေါ်မှာ Meme ခွေးအဖြစ် နာမည်ကြီးတဲ့ ခွေးတွေထဲက တစ်ကောင်ဖြစ်ခဲ့တာပါ။ thayဆုံးခဲ့တယ်ဆိုတဲ့ သတင်းကို ခွေးလေးရဲ့အင်စတာဂရမ်ပေ့ချ်ကနေ ထုတ်ပြန်ခဲ့တာပါ။ Cheems က အသက် ၁၂ နှစ်အရွယ်မှာ သေဆုံးသွားခဲ့တာပါ။ ရင်ဘတ်ကိုအရည်လွှတ်ဖို့ သို့မဟုတ် ပိတ်မိနေတဲ့လေကို စစ်ထုတ်ဖို့ ရင်ဘတ်ထိုးဖောက်တဲ့ ခွဲစိတ်မှု (thoracentesis surgery) ပြုလုပ်စဉ်အတွင်း thayဆုံးခဲ့တာပါ။

Cheems က ခွဲစိတ်မှုပြီးရင် ဓာတုကုထုံးနဲ့ အခြားကုသမှုတွေခံယူဖို့ စီစဉ်ထားခဲ့ပေမဲ့ သူ့ရဲ့ကျန်းမာရေးအခြေအနေက ဆိုးရွားလာခဲ့ပြီး ခွဲစိတ်မှုအတွက် thayဆုံးခဲ့ရတယ်လို့ အင်စတာဂရမ်ပို့စ်အရ သိရပါတယ်။ “နောက်ဆုံး thoracentesis surgery အတွင်း ၁၈ရက်နေ့ သောကြာနေ့ မနက်က နိုးထမလာတော့ဘူး။ အစက ဒီခွဲစိတ်မှုပြီးရင် သူ့အတွက် ဓာတုကုထုံး (ဒါမှမဟုတ်) အခြားဖြစ်နိုင်တဲ့ ကုသနည်းတွေ စီစဉ်ချင်ခဲ့ပေမဲ့ အရမ်းနောက်ကျသွားခဲ့ပြီ” လို့ ခွေးလေးရဲ့ပိုင်ရှင်က ရေးသားခဲ့ပါတယ်။

သူ့ကို ချစ်ကြတဲ့သူတွေကိုလည်း ဝမ်းမနည်းဘဲ ကမ္ဘာကြီးဆီ Cheems ယူဆောင်လာခဲ့တဲ့ ပျော်ရွှင်စရာတွေကို အမှတ်ရပေးပါလို့လည်း ဆိုထားပါတယ်။ အပြုံးမျက်နှာလေးနဲ့ ဒီ ရှီဘာအီနူခွေးလေးက ကပ်ရောဂါအတွင်း လူတော်တော်များများကို ကူညီပေးခဲ့တယ်။ ပျော်ရွှင်စရာတွေယူဆောင်လာခဲ့တယ်၊ အခု သူ့ရဲ့မစ်ရှင်ပြီးမြောက်သွားပြီ၊ ကောင်းကင်မှာ လွတ်လပ်စွာ ပြေးလွှားနေပြီး သူငယ်ချင်းအသစ်တွေနဲ့ အရသာရှိတဲ့အစားအစာတွေကို စားနေမယ်လို့ ယုံကြည်တယ်၊ နှလုံးသားထဲ အမြဲရှိနေမယ်လို့လည်း အင်စတာဂရမ်မှာ ရေးသားထားပါတယ်။

Cheems က သူ့ရဲ့ချစ်စရာကောင်းတဲ့ဓာတ်ပုံတွေ ပျံ့နှံ့သွားခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်မှာ နာမည်ကြီးလာခဲ့တယ်လို့ Cheems ရဲ့ဝဘ်ဆိုဒ်အရ သိရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။