မီးလောင်ကျွမ်းခဲ့ပေမဲ့ ရှင်သန်တည်ရှိနေဆဲ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိညောင်မုတ်ဆိတ်ပင်ကြီး

International News
မီးလောင်ကျွမ်းခဲ့ပေမဲ့ ရှင်သန်တည်ရှိနေဆဲ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိညောင်မုတ်ဆိတ်ပင်ကြီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မီးလောင်ကျွမ်းခဲ့ပေမဲ့ ရှင်သန်တည်ရှိနေဆဲ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိညောင်မုတ်ဆိတ်ပင်ကြီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မီးလောင်ကျွမ်းခဲ့ပေမဲ့ ရှင်သန်တည်ရှိနေဆဲ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိညောင်မုတ်ဆိတ်ပင်ကြီး

လာဟိုင်နာမြို့ရဲ့သမိုင်းဝင်အမှတ်အသားတစ်ခုဖြစ်တဲ့ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ ညောင်မုတ်ဆိတ်ပင်ကြီးလည်း မီးလောင်ကျွမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒီအပင်ကြီးက ရှင်သန်နေတုန်းပါပဲ။ အပင်ကြီးက ပုံမှန်အတိုင်း သစ်ရည်အများကြီးမထုတ်နိုင်ပေမဲ့ အပင်ရှင်နေပြီး ရေစုပ်ယူနေဆဲဖြစ်တယ်လို့ ဟာဝိုင်အီအုပ်ချုပ်ရေးမှူး ဂျော့ရှ် ဂရင်းရဲ့ပြောစကားအရ သိရပါတယ်။

အပင်ကြီးမှာ အကိုင်းအခက်တွေ thayသွားရင်တောင် အကိုင်းအခက်တွေမှာ အဖူးတွေပြန်ထွက်ပြီး ကြီးထွားလာဖို့ ကြိုးစားလိမ့်မယ်လို့ သစ်ခုတ်သမားတစ်ဦးက အုပ်ချုပ်ရေးမှူးကို ပြောခဲ့တာပါ။

ဒီညောင်မုတ်ဆိတ်ပင်ကြီးကို လာဟိုင်နာမြို့ရဲ့ပထမဆုံးပရိုတက်စတင့်မစ်ရှင် နှစ် ၅၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ၁၈၇၃ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ စိုက်ခဲ့တာပါ။ အဲဒီကတည်းကစပြီး ပေ ၆၀ ကျော်မြင့်တဲ့ ဒီအပင်ကြီးက လာဟိုင်နာရဲ့အမှတ်အသားတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီအပင်ကြီးက အရိပ်ရတဲ့အတွက် နားခိုရာ အကောင်းဆုံးနေရာတစ်ခုဖြစ်ခဲ့တဲ့အပြင် ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလည်းဖြစ်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။