၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့ မှ ဩဂုတ်လ ၂၇ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့ မှ ဩဂုတ်လ ၂၇ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့ မှ ဩဂုတ်လ ၂၇ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့ မှ ဩဂုတ်လ ၂၇ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( August 21 to August 27 )
========================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ကျန်းမားရေးနှင့် ပက်သက်၍ တိုးတက်မှုများ ရှိနေပါမယ်။ အကယ်၍ ရောဂါ၊ ဝေဒနာ ခံစားနေရပါက ဆေးကုသမှုရာတွင် အပြောင်းအလဲ အချို့ကို ပြုလုပ်ပေးရပါလိမ့်မယ်။ ကျန်းမာရေးနှင့် အညီ အစားအစာများကို အချိန်မှန် စားသုံပေးရပါမယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် ကောင်းမွန်နေပါမယ်။ ငွေကြေး အခွင့်အလမ်းများနှင့် အတူ မိမိ ကြိုးစားအားထုတ်သလောက် အကျိုးအမြတ်ကို ရရှိနိုင်ပါမယ်။ အထူးသဖြင့် မိမိ၏ အချိန်ကို အရေးမပါသော ကိစ္စများတွင် ဖြုန်းတီးနေမည့်အစား လမ်းကြောင်းမှန်ပေါ် ရောက်ရှိအောင် ကြိုးစားပေးပါ။

ဤကာလအတွင်း မိတ်ဆွေ၊ အပေါင်းအသင်းတို့ဖြင့် ပျော်ရွှင်စရာ အခိုက်အတန့်များ ရရှိနိုင်ပါမယ်။

ပြိဿရာသီခွင် – Taurus ( August 21 to August 27 )
========================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါလိမ့်မယ်။ အထူးသဖြင့် စိတ်ဖိစီးမှုများ၊ စိုးရိမ်ပူပန်မှုများ ခံစားရတတ်ပါတယ်။ ကိုယ်ခံအား ကောင်းမွန်စေရန် ပြုမူနေထိုင်ပေးပါ။

ဤကာလအတွင်း ငွေကြေးဆိုင်ရာ စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ပါမယ်။ ဝင်ငွေ တိုးတက်မှုနှင့် အတူ ငွေကြေး စုဆောင်းမှုများကို ပြုလုပ်နိုင်ပါမယ်။

အိမ်မှုရေးရာ ကိစ္စရပ်များကို လုပ်ဆောင်ရာတွင် မိမိ၏ သဘောထက် တခြားသူများ၏ စိတ်ဆန္ဒကိုပါ ထည့်သွင်း စဉ်းစားပေးရန် လိုအပ်ပါမယ်။ မဟုတ်ပါက ရေရှည်တွင် ဆက်ဆံရေးကို ထိခိုက်လာနိုင်ပါမယ်။ အခြေအနေတိုင်းတွင် စိတ်ရှည် သည်းခံစွာ လုပ်ဆောင်ပေးပါ။

မေထုန်ရာသီခွင် – Gemini ( August 21 to August 27 )
========================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါလိမ့်မယ်။ အထူးသဖြင့် ကျန်းမာရေးနှင့် အညီ သန့်ရှင်းလက်ဆတ်သော အစားအစာများကို စားသုံးပေးပါ။ ဒါ့အပြင် မနက်ခင်းတိုင်း လမ်းလျှောက်ပေးပါ။

ဤကာလအတွင်း ငွေရေးကြေးရေးအရ အဆင်ပြေနေပါမယ်။ အကယ်၍ အခက်အခဲများ ကြုံတွေ့လာပါက ငွေကြေး ထောက်ပံ့မှုတို့ကြောင့် ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ပါမယ်။ ငွေကြေး ကိစ္စရပ်များ အပြင် လူမှုဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားပေးရပါမယ်။

Gemini ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှုများ ရှိနေပါမယ်။ အကယ်၍ အိမ်ထောင်သည် မိသားစုဝင် ရှိနေပါက မိသားစုဝင်သစ် ရောက်ရှိလာဖွယ် ရှိနေပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( August 21 to August 27 )
========================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ အရ အားနည်းနေတတ်ပါတယ်။ အထူးသဖြင့် အမျိုးမျိုးသော အဆင်မပြေမှုတို့ကြောင့် စိတ်ဖိစီးရတတ်ပါတယ်။ ဒါကြောင့် စိတ်အလိုလိုက်တာ ကျန်းမာရေးကို လျစ်လျူမရှုပါနှင့်။

ဤကာလအတွင်း ငွေရေးကြေးရေး အရ အကျိုးအမြတ်ကို ရရှိနိုင်ပါမယ်။ သို့သော် စိတ်ကျေနပ်မှု မရှိနိုင်ပေ။ စီးပွားရေး လုပ်ငန်းသစ် သို့မဟုတ် လုပ်ငန်း တိုးချဲ့လိုသူများ အနေနှင့် အနည်းငယ် စောင့်ဆိုင်းပေးပါ။

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် မိသားစုဘဝနှင့် ပက်သက်၍ အထူးတလည် ပြုလုပ်စရာ မလိုအပ်ပေ။ မိသားစုဝင်များ အကြား နားလည်မှုတို့ဖြင့် ပျော်ရွှင်စရာ အခိုက်အတန့်များ ရှိနေပါမယ်။

သိဟ်ရာသီခွင် – Leo ( August 21 to August 27 )
========================================

ယခုအပတ်သည် Leo ရာသီခွင်များ အတွက် ကျန်းမာရေး ကောင်းမွန်နေမည့် အချိန်ကာလ ဖြစ်ပါတယ်။ စိတ်အားထက်သန်စွာဖြင့် အလုပ်များကို လုပ်ဆောင်နိုင်ပါမယ်။ အကယ်၍ ရောဂါ၊ ဝေဒနာ ခံစားနေရပါက သက်သာပျောက်ကင်းနိုင်မည့် အလားအလာများလည်း ရှိနေပါတယ်။

ငွေရေးကြေးရေးအားဖြင့် မိမိအတွက် အသုံးမလိုသော ကိစ္စများအတွက် ငွေကြေး ကုန်ကျတတ်ပါတယ်။ ဒါကြောင့် ငွေကြေး မသုံးစွဲမှီ အသေချာ ဆန်းစစ်ပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း မိသားစုဝင်များနှင့် အတူ ဘာသာရေးဆိုင်ရာ သို့မဟုတ် ပရဟိတ လုပ်ငန်းများ လုပ်ဆောင်ရတတ်ပါတယ်။ မိသားစုအတွင်း အေချမ်းမှုနှင့် အတူ အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိနေပါမယ်။

ကန်ရာသီခွင် – Virgo ( August 21 to August 27 )
========================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ အရ ကြံ့ခိုင်မှုရှိအောင် ကြိုးစားပေးရပါမယ်။ အထူးသဖြင့် စိတ်ဖိစီးစေနိုင်သည့် ကိစ္စများမှ ဝေးဝေးနေထိုင်ပေးပါ။ တရားထိုင်ခြင်းသည်လည်း စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုအတွက် အထောက်အကူ ဖြစ်စေပါတယ်။

ဤကာလတစ်လျှောက်လုံး ငွေရေးကြေးရေးသည် ကောင်းမွန်နေပါမယ်။ ငွေကြေး အခွင့်အလမ်းများ အပြင် ငွေကြေး စုဆောင်းနိုင်ပါမယ်။

ဒါ့အပြင် လူမှုအသိုင်းအဝိုင်း အတွင်း အထင်ကြီး လေးစားခြင်း ခံရနိုင်ပါမယ်။ ယခုအပတ်တွင် ဆွေမျိုးတစ်ဦး၏ မင်္ဂလာပွဲနှင့် ပက်သက်၍ ကူညီဆောင်ရွက်ရဖွယ် ရှိနေပါတယ်။ ဝေး‌ကွာနေသော ဆွေမျိုးတစ်ဦးထံမှ သတင်းကောင်းအချို့ကြောင့် Virgoရာသီခွင်တို့၏ မိသားစုဘဝတွင် ပျော်ရွှင်စရာ အခိုက်အတန့်များ ပိုင်ဆိုင်ရတတ်ပါတယ်။

တူရာသီခွင် – Libra ( August 21 to August 27 )
========================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ အားနည်းနေတတ်ပါတယ်။ အဆင်မပြေမှုတို့ကြောင့် ပူပန်နေရတတ်ပါတယ်။ မိမိ၏ ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ အထူးသဖြင့် မူယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

ဤကာလအတွင်း ပစ္စည်းဥစ္စာ ဆုံးရှုံးခြင်း သို့မဟုတ် ငွေကြေး ဆုံးရှုံးနိုင်သည့် အလားအလာများ ရှိနေပါတယ်။ ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ မပေါ့ဆပါနှင့်။

ဤကာလအတွင်း မိသားစုဝင်များနှင့် အတူ အလည်အပတ် ခရီးသွားရတတ်ပါတယ်။ မိသားစုဘဝအတွက် အချိန်အလုံအလောက် ပေးနိုင်ပါလိမ့်မယ်။ တတ်နိုင်သမျှ မိမိ၏ ချစ်ခြင်းမေတ္တာကို ထုတ်ဖော် ပြသပေးပါ။

ဗြိစ္ဆာရာသီခွင် – Scorpio ( August 21 to August 27 )
========================================

အခုအပတ်တွင် Scorpio ရာသီခွင်တို့သည် စိတ်ခံစားချက် ပြင်းထန်နေပါမယ်။ အလိုလို ဒေါသဖြစ်လွယ် နေပါမယ်။ စိတ်ပိုင်းဆိုင်ရာအားဖြင့် တည်ငြိမ်မှု ရရှိအောင် ကြိုးစားသင့်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် အနည်းငယ် ကျပ်တည်းနေတတ်ပါတယ်။ အခြားသူများအား ငွေကြေး အကူအညီ ပေးဆောင်ရနိုင်ခြေ ရှိနေပါတယ်။

ဤကာလအတွင်း မိသားစုဝင်များနှင့် ဆက်ဆံရေးသည် အနည်းငယ် ခက်ထန်နေနိုင်ပါတယ်။ မိမိ၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များအပေါ် ဝင်ရောက်စွက်ဖက်မှုတို့ကြောင့် စိတ်ကျဉ်းကျပ် နေရတတ်ပါတယ်။

ဓနုရာသီခွင် – Sagittarius ( August 21 to August 27 )
========================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ကျန်းမာရေးအရ တိုးတက်မှုများ ရှိနေပါမယ်။ ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ်ပြုလုပ်ပေးရန် လိုအပ်ပါမယ်။ မိမိကိုယ်မိမိ လွန်စွာ တွန်းအား မပေးပါနှင့်။ လိုအပ်သည့် အလုပ်များကိုသာ အာရုံစိုက်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် ယခင်ရင်းနှီးမြု့ပ်နှံမှုများမှ အကျိုးအမြတ် ရရှိနိုင်ခြေ ရှိနေပါတယ်။ လိုအပ်သော ပစ္စည်းဥစ္စာများကို ဝယ်ယူနိုင်ပါမယ်။

သို့သော် လူအများနှင့် ပြောဆိုဆက်ဆံရာတွင် သတိထားပေးရပါမယ်။ ဤကာလအတွင်း မိမိ တတ်နိုင်သမျှ အိမ်မှုရေးရာ ကိစ္စရပ်များကို ကူညီ ဆောင်ရွက်ပေးပါ။ တခါတရံ အထီးကျန်ခြင်း ခံစားရတတ်ပါတယ်။

မကာရရာသီခွင် – Capricorn ( August 21 to August 27 )
========================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် ကျန်းမာရေး ကောင်းမွန်နေပါမယ်။ ကြီးကြီးမားမား ရောဂါ ဝေဒနာများ ခံစားရမည် မဟုတ်ပါ။ လတ်ဆတ်သော သစ်သီးများနှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို စားသုံးပေးပါ။

ရွှေ‌ငွေလက်ဝတ်ရတနာများ၊ အိမ် သို့မဟုတ် မြေကွက်များတွင် ရင်းနှီးမြှုပ်နှံရန် အတွက် သင့်တော်သော အချိန်ကာလ ဖြစ်ပါတယ်။

ဤကာလအတွင်း Capricorn ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှုများ ရှိနေပါမယ်။ အနာဂတ်နှင့် ပက်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်ရတတ်ပါတယ်။ လိုအပ်သော ပံ့ပိုးကူညီမှုများ ရှိနေပါမယ်။

ကုမ်ရာသီခွင် – Aquarius ( August 21 to August 27 )
========================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့၏ ကျန်းမာရေးသည် ‌အားနည်းနေတတ်ပါတယ်။ ကိုယ်ခံအား ကျဆင်းကာ အဆိုးမြင် အတွေးတချို့ ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် မိမိ၏ ကျန်းမာရေးကို မြှင့်တင်ပေးရန် လိုအပ်ပါလိမ့်မယ်။

ငွေရေးကြေးရေး အရ တိုးတက်မှုများ ရှိလာနိုင်သော်လည်း လက်ထဲတွင် မတည်မြဲနိုင်ပေ။ ငွေကြေး ဆုံးရှုံးမှုတို့နှင့် ကြုံတွေ့ရတတ်ပါတယ်။

ဤကာလအတွင်း ကိုယ်ရေးကိုယ်တာ အခက်အခဲတို့ကြောင့် ပျော်ရွှင်မှုသည် ကင်းမဲ့နေနိုင်ပါတယ်။ မိမိတစ်ဦးတည်း မွန်ကြပ်မှုကြားတွင် ပိတ်လှောင်မနေဘဲ မိသားစုဝင်များ သို့မဟုတ် ရင်းနှီးသော မိတ်ဆွေ၊ အပေါင်းအသင်းများကို ပြောဆိုပေးပါ။ သို့မှသာ စိတ်သက်သာရာ ရရှိပါလိမ့်မယ်။ မဟုတ်ပါက စိတ်ရှုပ်ထွေးမှုတို့ကြောင့် လုပ်ငန်းခွင်တွင်ပါ ထိခိုက်မှု ရှိလာနိုင်ပါမယ်။

မိန်ရာသီခွင် – Pisces ( August 21 to August 27 )
========================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ ကောင်းမွန်နေပါမယ်။ ကြီးကြီးမားမား ရောဂါ ဝေဒနာများ ဖြစ်ပေါ်နိုင်မည် မဟုတ်ပေ။ ယုံကြည်မှုရှိစွာ အလုပ်များကို လုပ်ဆောင်နိုင်ပါမယ်။

ဤကာလအတွင်း ငွေကြေး ရင်းနှီးမြုပ်နှံမှုများကို အလျင်စလို မပြုလုပ်ပါနှင့်။ မည်သည့် ခြေလှမ်းကိုမဆို သတိထား ဆောင်ရွက်ပေးရန် လိုအပ်ပါလိမ့်မယ်။

ယခုအပတ်တွင် Pisces ရာသီခွင်တို့၏ မိသားစုဘဝ၌ ချစ်‌ခြင်းမေတ္တာနှင့် အတူ ပျော်ရွှင်မှုများ ပြည့်နှက်နေပါမယ်။ မိသားစုဝင်များ အကြား အပြန်အလှန် နားလည်မှုတို့ဖြင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ပါမယ်။ မိသားစုဝင်များနှင့် အတူ ပျော်ပွဲရွင်ပွဲ ကျင်းပနိုင်ခြေ ရှိနေပါတယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။