အဆုတ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်နေပြီဆိုတာ ပြသနေတဲ့လက္ခဏာများ

Local News
အဆုတ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်နေပြီဆိုတာ ပြသနေတဲ့လက္ခဏာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဆုတ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်နေပြီဆိုတာ ပြသနေတဲ့လက္ခဏာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဆုတ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်နေပြီဆိုတာ ပြသနေတဲ့လက္ခဏာများ

ခေတ်ကတိုးတက်လာပြီး လူသားအရင်းအမြစ်ကများပြားလာတဲ့အချိန်မှာ သန့်စင်တဲ့လေထုကလည်း ရှားသထက်ရှားပါးလာပါတယ်။ ဒီတော့ လူသားတွေရဲ့အဆုတ်ကို ပိုပိုပြီး ထိခိုက်လာစေပါတယ်။ အဆုတ်ထိခိုက်ပျက်စီးနေတဲ့ထဲမှာ သင်ပါနေပြီဆိုတာကိုတော့ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်ပါတယ်။ ဒါတွေဖြစ်လာရင် မပေါ့ဆဘဲ ဆေးစစ်ကုသမှုခံယူပြီး အဆုတ်ကိုသေချာဂရုစိုက်သင့်ပါတယ်။

ပခုံးနဲ့နောက်ကျောနာကျင်ကိုက်ခဲခြင်း

နောက်ကျော၊ ပခုံးနဲ့ ရင်ဘတ်နေရာတွေမှာ တစ်ချက်တစ်ချက်စူးပြီးနာတာမျိုး ဆက်တိုက်ဖြစ်နေရင် အဆုတ်ကင်ဆာအစပြုခြင်းလို့ ယူဆနိုင်ပါတယ်။ ဒီလိုနာကျင်ကိုက်ခဲတာတွေက အဆုတ်ကင်ဆာကြောင့်လို့ တစ်ထစ်ချပြောလို့မရပေမယ့် ပုံမှန်ကျန်းမာရေးကောင်းနေတဲ့လက္ခဏာတော့မဟုတ်တာကြောင့် ဆရာဝန်နဲ့ပြပြီးစစ်ဆေးကြည့်တာ ပိုကောင်းပါလိမ့်မယ်။

အဆက်မပြတ်ချောင်းဆိုးခြင်း

ချောင်းဆိုးတာက အအေးမိလို့လည်းဖြစ်နိုင်ပေမယ့် အဆက်မပြတ်ချောင်းဆိုးမယ်၊ ချွဲကျပ်မယ်၊ ချွဲအရောင်ကပုံမှန်မဟုတ်တဲ့အရောင်မျိုးဖြစ်မယ်၊ အနံ့အသက်ဆိုးတွေထွက်နေမယ် ဆိုရင်တော့ ဒါတွေဟာ အဆုတ်မှာရောဂါတစ်ခုခုဖြစ်နေတဲ့လက္ခဏာပါ။ ချောင်းဆိုးတဲ့အချိန် သွေးပါတယ်ဆိုရင်တော့ ဆရာဝန်နဲ့ချက်ချင်းပြဖို့လိုနေတဲ့ အရေးပေါ်အခြေအနေမျိုးဖြစ်နေပါပြီ။

အသက်ရှူရတိုတောင်းခြင်း

အသက်ရှူသွင်းတဲ့အခါ အဆုတ်ထဲအထိရှူသွင်းလို့မရဘဲ လေကပြန်ထွက်သွားပြီး ရှူထုတ်လိုက်တဲ့အခါမှာလည်း ခန္ဓာကိုယ်ထဲကထွက်လာတဲ့လေကုန်သည်အထိရှူထုတ်လို့မရဘဲ ဖြစ်နေရင် ဒါကို အသက်ရှူရတိုတောင်းတယ်လို့ပြောလို့ရပါတယ်။ အဲ့ဒီလိုဖြစ်နေတဲ့အခါ အဆုတ်ထဲကို အော်စီဂျင်ရောက်ရှိမှုနည်းလာပြီး မောဟိုက်နေစေပါတယ်။ ဒါကလည်း အဆုတ်မကောင်းတဲ့ လက္ခဏာတစ်ရပ်ပါပဲ။

အသားနဲ့မျက်လုံးဝါနေခြင်း

အသားအရောင်နဲ့ မျက်လုံးအရောင်က ပုံမှန်မဟုတ်ဘဲ အနည်းငယ်ဝါနေတာမျိုးကို အဆုတ်မကောင်းတဲ့လက္ခဏာလို့ သိတဲ့သူနည်းပါတယ်။အသားဝါ၊ မျက်လုံးဝါရင် အသည်းကြောင့်လို့ပဲထင်ကြတာပါ။ တကယ်တော့ ဒါဟာ အဆုတ်ကင်ဆာရဲ့လက္ခဏာတစ်ခုပါ။ အပေါ်မှာပြောခဲ့တဲ့အချက်တွေနဲ့ အသားဝါ၊မျက်လုံးဝါတာ တွဲပြီးဖြစ်နေပြီဆိုရင်တော့ အဆုတ်ကင်ဆာဖြစ်နိုင်ချေများနေပါတယ်။ ဒါကြောင့် ဒီလိုတွေဖြစ်နေရင် ချက်ချင်းဆေးစစ်ဖို့လိုပါတယ်။

အမြဲလိုလို မောပန်းနွမ်းနယ်နေခြင်း

အလုပ်လုပ်ရလို့၊ သွားလာလှုပ်ရှားနေရလို့ ပင်ပန်းတာက သဘာဝပါပဲ။ ဒီလိုမဟုတ်ဘဲ အိပ်ရေးဝဝအိပ်လည်းပင်ပန်း၊ ဘာမှမလုပ်ဘဲနေလည်းပင်ပန်း၊ ပင်ပန်းနေလို့အစားစားချင်စိတ်ရှိလားဆိုတော့လည်းမရှိ၊ ဒါမျိုးတွေဖြစ်နေတယ်ဆိုရင်တော့ အဆုတ်မှာပြဿနာတစ်ခုခုရှိနေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။