မြန်မာ့ပတ္တမြားနဲ့ ပုံဖော်ထားတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရေနွေးကရား

International News
မြန်မာ့ပတ္တမြားနဲ့ ပုံဖော်ထားတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရေနွေးကရား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာ့ပတ္တမြားနဲ့ ပုံဖော်ထားတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရေနွေးကရား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာ့ပတ္တမြားနဲ့ ပုံဖော်ထားတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရေနွေးကရား

ပုံမှာ မြင်တွေ့ရတဲ့ ရေနွေးကရားဟာ အမေရိကန်ဒေါ်လာ ၃ သန်း တန်ကြေးရှိပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရေနွေးကရားအဖြစ် ဂင်းနက်စ်မှတ်တမ်း ဝင်ပါတယ်။ အိန္ဒိယနိုင်ငံဖွား ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် နီရ်မယ်ဆီသီယာက သူကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့တာဖြစ်ပြီး အီတလီကျောက်မျက်ပညာရှင် စကာဗီယာက ဖန်တီးခဲ့တာပါ။


၁၈ ကာရက် ရွှေထည်ပေါ်မှာ စိန်ပွင့်ပေါင်း ၁၆၅၈ ပွင့်၊ မြန်မာနဲ့ ထိုင်းနိုင်ငံက ပတ္တမြား ၃၈၆ လုံးကို အသုံးပြုထားတာပါ။ ရေနွေးကရား အလယ်မှာ အသုံးပြုထားတဲ့ ပတ္တမြားကတော့ ၆.၆၇ ကာရက်ရှိပါတယ်။ ရေနွေးကရား လက်ကိုင်ကတော့ ရေခဲခေတ်မှ ကျောက်ဖြစ်နေတဲ့ ဆင်စွယ်ကို ထုဆစ်ထားတာပါ။

ရေးသားသူ –Myanmar Varient Entertainment

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။