ဂြိုလ်သက်ရောက်ယတြာချေနည်းများ

Astrology
ဂြိုလ်သက်ရောက်ယတြာချေနည်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂြိုလ်သက်ရောက်ယတြာချေနည်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂြိုလ်သက်ရောက်ယတြာချေနည်းများ
ဂြိုလ်သက်ရောက်ယတြာ

ကံဆိုးကံညံ့တွေ ပြေပျောက်စေပြီး ကောင်းကျိုးချမ်းသာ တိုးပွားစေဖို့ သက်ရောက်ဂြိုလ်ခွင်မှာယတြာချေမည် ။

မိမိသက်ရောက်ဂြိုလ်ခွင်ပြုလုပ်ဖွယ်ယတြာ
တနင်္ဂနွေသက်ရောက်

မိမိမွေးနေ့-ည(၇)နာရီအချိန်မှာ တန်ခိုးကြီးစေတီတော်ရဲ့ တနင်္ဂနွေဂြိုလ်နံဘုရားတွင် အမွှေးတိုင်(၆)တိုင် ဖယောင်းတိုင်(၆)တိုင် အနီရောင်ပန်း(၆)ပွင့် ရိုသေစွာလှူဒါန်းပြီး မေတ္တာပို့/အမျှဝေ/ဆုတောင်းပါ ။ တတ်နိုင်လျှင် နှစ်သက်ရာနည်းနဲ့ ပုတီး(၆)ပါတ်စိတ်ပါ ။

တနင်္လာသက်ရောက်

မိမိမွေးနေ့-ည(၇)နာရီအချိန်မှာ တန်ခိုးကြီးစေတီတော်ရဲ့ စနေဂြိုလ်နံဘုရားတွင် အမွှေးတိုင်(၁၅)တိုင် ဖယောင်းတိုင်(၁၅)တိုင် အဖြူရောင်ပန်း(၁၅)ပွင့် ရိုသေစွာလှူဒါန်းပြီး မေတ္တာပို့/အမျှဝေ/ဆုတောင်းပါ ။ တတ်နိုင်လျှင်နှစ်သက်ရာနည်းနဲ့ ပုတီး(၁၅)ပါတ်စိတ်ပါ ။

အင်္ဂါသက်ရောက်

မိမိမွေးနေ့-ည(၇)နာရီအချိန်မှာ တန်ခိုးကြီးစေတီတော်ရဲ့ စနေဂြိုလ်နံဘုရားတွင် အမွှေးတိုင်(၈)တိုင် ဖယောင်းတိုင် (၈)တိုင် အညိုရောင်ပန်း(၈)ပွင့် ရိုသေစွာလှူဒါန်းပြီး မေတ္တာပို့/အမျှဝေ/ဆုတောင်းပါ ။ တတ်နိုင်လျှင်နှစ်သက်ရာနည်းနဲ့ ပုတီး(၈)ပါတ်စိတ်ပါ ။

ဗုဒ္ဓဟူးသက်ရောက်

မိမိမွေးနေ့-ည(၇)နာရီအချိန်မှာ တန်ခိုးကြီးစေတီတော်ရဲ့ ဗုဒ္ဓဟူးဂြိုလ်နံဘုရားတွင် အမွှေးတိုင်(၁၇)တိုင် ဖယောင်းတိုင်(၁၇)တိုင် အဝါရောင်ပန်း(၁၇)ပွင့် ရိုသေစွာလှူဒါန်းပြီး မေတ္တာပို့/အမျှဝေ/ဆုတောင်းပါ ။ တတ်နိုင်လျှင်နှစ်သက်ရာနည်းနဲ့ ပုတီး(၁၇)ပါတ်စိတ်ပါ ။

ကြာသပတေးသက်ရောက်

မိမိမွေးနေ့-ည(၇)နာရီအချိန်မှာ တန်ခိုးကြီးစေတီတော်ရဲ့ ကြာသပတေးဂြိုလ်နံဘုရားတွင် အမွှေးတိုင်(၁၉)တိုင် ဖယောင်းတိုင်(၁၉)တိုင် အဖြူရောင်ပန်း(၁၉)ပွင့် ရိုသေစွာလှူဒါန်းပြီး မေတ္တာပို့/အမျှဝေ/ဆုတောင်းပါ ။ တတ်နိုင်လျှင် နှစ်သက်ရာနည်းနဲ့ ပုတီး(၁၉)ပါတ်စိတ်ပါ ။

သောကြာသက်ရောက်

မိမိမွေးနေ့-ည(၇)နာရီအချိန်မှာ တန်ခိုးကြီးစေတီတော်ရဲ့ သောကြာဂြိုလ်နံဘုရားတွင် အမွှေးတိုင်(၂၁)တိုင် ဖယောင်းတိုင်(၂၁)တိုင် ရောင်စုံပန်း(၁၉)ပွင့်(အရောင်၃မျိုးထက်မနည်း) ရိုသေစွာလှူဒါန်းပြီး မေတ္တာပို့/အမျှဝေ/ဆုတောင်းပါ ။ တတ်နိုင်လျှင် နှစ်သက်ရာနည်းနဲ့ ပုတီး(၂၁)ပါတ်စိတ်ပါ ။

စနေသက်ရောက်

မိမိမွေးနေ့-ည(၇)နာရီအချိန်မှာ တန်ခိုးကြီးစေတီတော်ရဲ့ စနေဂြိုလ်နံဘုရားတွင် အမွှေးတိုင်(၁၀)တိုင် ဖယောင်းတိုင် (၁၀)တိုင် အနီရောင်ပန်း(၁၀)ပွင့် ရိုသေစွာလှူဒါန်းပြီး မေတ္တာပို့/အမျှဝေ/ဆုတောင်းပါ ။ တတ်နိုင်လျှင် နှစ်သက်ရာနည်းနဲ့ ပုတီး(၁၀)ပါတ်စိတ်ပါ ။

ရာဟုသက်ရောက်

မိမိမွေးနေ့-ည(၇)နာရီအချိန်မှာ တန်ခိုးကြီးစေတီတော်ရဲ့ ရာဟုဂြိုလ်နံဘုရားတွင် အမွှေးတိုင်(၁၂)တိုင် ဖယောင်းတိုင်(၁၂)တိုင် ရောင်စုံပန်း(၁၂)ပွင့် (အရောင်၃မျိုးထက်မနည်း)ရိုသေစွာလှူဒါန်းပြီး မေတ္တာပို့/အမျှဝေ/ဆုတောင်းပါ ။
တတ်နိုင်လျှင် နှစ်သက်ရာနည်းနဲ့ ပုတီး(၁၂)ပါတ်စိတ်ပါ ။

အဲဒီလိုယတြာလေးတွေနဲ့ ဂြိုလ်သက်ရောက်အလိုက် ယတြာချေပေးနေလျှင် ကံ့ညံ့ပြေပျောက်မယ် ။ကံကောင်းလာမယ် ။ လာဘ်ပွင့် ငွေ၀င်လာမယ် ။ ကျန်းမာလာမယ် ။ အချစ်ရေး ၊ အိမ်ထောင်ရေး စသည်အဆင်ပြေ သာယာချမ်းမြေ့လာပါမည် ။

(၇)နေ့သားသမီးများ မကောင်းကျိုးပျောက် ကောင်းကျိုးရောက်၍ ထွန်းတောက်ဘုန်းကံ မြင့်ကြပါစေ

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။