တန်ခူးလအတွက် အကောင်းဆုံးယတြာ

Astrology
တန်ခူးလအတွက် အကောင်းဆုံးယတြာ

တန်ခူးလဆန်း(၁)ရက်နေ့ (9.4.2024) မှ တန်ခူးလကွယ်နေ့(7.5.2024)အထိ တစ်လတာလုံး

“ကြွေပန်းကန်လုံးအသေး တစ်လုံးထဲတွင် ဆန်အပြည့် နီးပါးထည့်ထားလိုက်ပါ။ပြီးလျှင်သပြေညွန့် (၂)ခက် ကို ကြွေပန်းကန်လုံး အတွင်းမှ ဆန်ထဲတွင် ထိုးထည့်၍ထောင်ထားပေးရပါမည်။ဤယတြာကို ဘုရားကျောင်းဆောင် ပေါ်သို့တင်၍မြတ်စွာဘုရားရှင်အား‌ ရိုသေစွာ လှူဒါန်းပေး‌ထားရပါမည်။

ယခုလတစ်လတာတွင် #သံပုရာရည်တစ်ခွက် ကိုနေ့စဥ်မြတ်စွာဘုရားရှင်အား ကပ်လှူပေးနေခြင်းဖြင့်လည်းမိမိအတွက်ထူးခြားမှူဖြစ်စဥ်များကောင်းကျိုးများစွာကိုလည်း ရရှိခံစား‌နေရမည်ဖြစ်သည်။ကံချေကန်တော့ခြင်းကိုလုပ်ဆောင်ဖို့ရန်မမေ့ပါနှင့်။

*နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။*

ဣတိပိသောဘဂဝါ အရဟံ=၁၅ခေါက်
ဣတိပိသောဘဂဝါ သမ္မာသံဗုဒ္ဓေါ=၈ခေါက်
ဣတိပိသောဘဂဝါ သတ္တာဒေဝမနုဿာနံ=၂၁ခေါက်

တန်ခူးလနေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ

တနင်္ဂနွေနေ့=မြောက်အရပ်
တနင်္လာနေ့=‌တောင်အရပ်
အင်္ဂါနေ့=အရှေ့အရပ်
ဗုဒ္ဓဟူးနေ့=အနောက်ရပ်
ကြာသပတေးနေ့=အရှေ့အရပ်
သောကြာနေ့=မြောက်အရပ်
စနေနေ့=တောင်အရပ်
အထက်ပါအတိုင်းနေ့အလိုက်တွင် နေ့စဉ်တိုင်း
အရပ်မျက်နှာမူ၍ #ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ဖတ်ပူဇော်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခုတန်ခူးလတစ်လတာတွင် ကိုယ်ရောကျန်းမာ၊စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေရပြီးကောင်းခြင်းမင်္ဂလာအဖြာဖြာတို့ဖြင့် တွေ့ဆုံနေရ၍စီးပွါးလာဘ်လာဘများ တိုးတက်ကြီးပွါးနေရပါလို၏။

ဤယတြာအစီအရင်ကို ၃ရက်လျှင် တစ်ကြိမ်အထက်ပါနည်းအတိုင်း သတိတရလေးနှင့် တိကျစွာပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့် ယခုတန်ခူးလအတွင်း ကံကောင်းခြင်းများ ရယူပိုင်ဆိုင်လိုက်ပါခင်ဗျ။

ယတြာပြုပြီး ဆန်များကို ခိုစာ၊ငှက်စာ အဖြစ် ကျွေးမွေး ဒါနပြုလိုက်ပါ။သပြေညွန့်များ မညှိုးမှီ ပြန်အသစ်လဲကာ ယတြာကို သေချာလုပ်ဆောင်ကြပါ။

ဤယတြာကို ယခုတန်ခူးလ တစ်လတာလုံး၌မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်ပါသည်။

ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ယခု တန်ခူးလတစ်လတာလုံး အတွင်း၌ မိမိသည်အတိုက်အခိုက်အနှောင့်အယှက်များကင်းဝေးစေ၍စီးပွားလာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။

ရေးသားသူ –ဗေဒင်နှင့်အထူးယတြာပေးပညာရှင်ဆရာပေါက်ကျိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။