အကြွေးပြန်ရစေရန်ယတြာ

Astrology
အကြွေးပြန်ရစေရန်ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အကြွေးပြန်ရစေရန်ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အကြွေးပြန်ရစေရန်ယတြာ

မိမိ မွေးနေ့နံနက် (၉;၄၅)နာရီတိတိတွင် ကြံရည်တစ်ခွက်ထဲကို ကသစ်ညွန့်(၆)ညွန့်ထည့်ပြီး နေအိမ်ဘုရားကို လှူဒါန်းပေးပါ။
အမွှေးတိုင်(၃)တိုင်၊ အလင်းတိုင်(၃)တိုင်ကိုလည်း ထွန်းညှှိ ပူဇော်​ပေးပါ။

ပြီးလျှင် အောက်ပါ “သဗ္ဗဇယမဂ်လာဂါထာတော်”ကို (၂၇)ခေါက်ရွတ်ဖတ် ပူဇော်ပေးပါ။ထို့နောက် ရစရာရှိတဲ့မိမိ အကြွေးများ အမြန်ဆုံး ရရန် ဆုတောင်းပါ ။ (၃)ပတ် ၊ (၃)လ အတွင်း မွေးနေ့ရောက်တိုင်း အခုယတြာကိုဘဲ ပြုလုပ်ပေးပါ ။ မေတ္တာလည်း မကြာခဏ ပို့သပေးပါ ။ မိမိရရန် ငွေကြေးကို ပေးနိုင်ရဲ့သားနဲ့ မပေးတဲ့လူပုဂ္ဂိုလ်တွေဆီက ငွေများ ပြန်လည် ရရှိလာပါလိမ့်မယ် ခင်ဗျာ။

အကြွေးပြန်ရရန် ယတြာတင်ပေးဖို့ မကြာခဏပူဆာနေကြတဲ့ ကျွန်တော့် ချစ်မိတ်ဆွေ အားလုံးအတွက် ကျွန်တော် တင်ပေးလိုက်ပါပြီ ။ ချစ်မိတ်ဆွေအားလုံး ငွေကြေးသောကအပူများ ငြိမ်းအေးနိုင်ကြပါစေလို့ ဆုတောင်း​ေမတ္တာပို့သလိုက်ပါတယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။