အပူလောင်ဒဏ်ရာကိုကုသရင်း လူအများစုလုပ်မိနေတဲ့အမှားများ

Health Knowledge
အပူလောင်ဒဏ်ရာကိုကုသရင်း လူအများစုလုပ်မိနေတဲ့အမှားများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အပူလောင်ဒဏ်ရာကိုကုသရင်း လူအများစုလုပ်မိနေတဲ့အမှားများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အပူလောင်ဒဏ်ရာကိုကုသရင်း လူအများစုလုပ်မိနေတဲ့အမှားများ

ဟင်းချက်ရင်းနဲ့ မတော်တဆ သင့်လက်ကို အပူလောင်သွားတဲ့အခါ အရင်ဆုံးဘာလုပ်ဖြစ်လဲ။ ရေခဲအုပ်တာ (သို့) ရေလောင်တာလား။ အင်တာနက်ပေါ်မှာ အပူလောင်ရင်း လုပ်သင့်တဲ့အချက်များစွာရှိပေမယ့် အရင်ဆုံး ဘာလုပ်ရမလဲဆိုတာကို ဇဝေဇဝါဖြစ်နေကြတုန်းပါပဲ။

အပူလောင်တာကို သက်သာသွားဖို့အတွက် လူတိုင်းနည်းမျိုးစုံနဲ့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ သင်လုပ်တဲ့အရာရာတိုင်းက မမှန်ပါဘူး။ တစ်ခါတရံ အပူလောင်တာကို ကုသနေရင်းနဲ့ ဒဏ်ရာကို ပိုဆိုးရွားလာအောင် လုပ်မိတတ်ကြပါတယ်။ ဒါကြောင့် လူအများစု လုပ်မိနေတဲ့၊ ရှောင်ရှားသင့်တဲ့အမှားတချို့ကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

ရေလုံလုံလောက်လောက် အကြာကြီးမလောင်းတာ

အပူလောင်တဲ့အခါ အရင်ဆုံးလုပ်သင့်တဲ့အဆင့်က ရေထဲစိမ့်တာ (သို့) ရေလောင်းတာကို အနည်းဆုံး မိနစ် (၂၀) လုပ်သင့်ပါတယ်။ ရေက အခန်းတွင်းအပူချိန်လောက်ပဲရှိသင့်ပါတယ်။ အပူလောင်တာအခါမျိုးမှာ ဘယ်သူမှ ဒဏ်ရာကို အချိန်အကြာကြီး ရေလောင်တာမလုပ်မိကြပါဘူး။ အပူလောင်ဒဏ်ရာမှာ ရေခဲအုပ်မပေးသင့်ပါဘူး။ ဆဲလ်တစ်ရှုးတွေကို ပျက်စီးစေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

မီးလောင်ဖု၊ရည်ကြည်ဖုကို ဖောက်ပစ်တာ

အပူလောင်ဒဏ်က ရေကြည်ဖုအဖြစ်ပြောင်းသွားရင် ဖောက်ပစ်ဖို့မကြိုးစားပါနဲ့။ ရေကြည်ဖုကို ဖောက်ပစ်လိုက်မယ်ဆိုရင် ပိုးဝင်နိုင်ပါတယ်။ ရေကြည်ဖုက အရမ်းနာနေရင် ဆရာဝန်ပြကြည့်သင့်ပါတယ်။

ပဋိဇီဝဆေးတွေကို မလိမ်းတာ

အသေးစားအပူလောင်ခြင်းအတွက် ပဋိဇီဝဆေးမလိုအပ်ပါဘူး။ ဒါပေမဲ့ ပဋိဇီဝဆေးတွေက မလိုအပ်တဲ့နေရာတွေကိုလည်းပိုးသတ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့အရေပြားက သူဘာသာ ကုသပေးနိုင်တဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဘတ်တီးရီးယားပိုးတွေရှိပါတယ်။ အလွန်သေးငယ်တဲ့ပိုးမွှားတွေကို တိုက်ဖျက်ပေးတဲ့ဆေးကို လိမ်းပေးသင့်ပါတယ်။

ထောပတ်လိမ်းတာ

ဒဏ်ရာမှာ ထောပတ် (သို့) သွားတိုက်ဆေး လိမ်းပေးတာက ဒဏ်ရာကို ပိုဆိုးရွားလာစေနိုင်ပါတယ်။ အဲဒါတွေအစား ဆေးဆိုင်တွေမှာရတဲ့ အလွန်သေးငယ်တဲ့ပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်တဲ့လိမ်းဆေးကို လိမ်းပေးသင့်ပါတယ်။ ဒဏ်ရာက နာတယ်ဆိုရင် အကိုက်အခဲပျောက်ဆေးကို သောက်ပေးလို့ရပါတယ်။

နေရောင်နဲ့ထိတွေ့တာ

အပူလောင်ဒဏ်ရာကို (၃) ရက်ကြာအောင် နေရောင်နဲ့မထိအောင်နေပါ။ အပြင်သွားစရာရှိတယ်ဆိုရင် ဒဏ်ရာကို နေရောင်မထိအောင် ဖုံးထားပါ။ နေရောင်ခြည်က ဒဏ်ရာကို အရည်ကြည်ဖုဖြစ်လာစေနိုင်ပါတယ်။ မျက်နှာမှာ အပူလောင်ထားတယ်ဆိုရင် ပုဝါနဲ့ဖုံးထားပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။