တန်ဖိုးကြီးကား ၉ စီး တင်ဆောင်လာတဲ့ လော်ရီကားတိမ်းမှောက်လို့ ထိခိုက်မှုတန်ဖိုး ပေါင်သန်းချီ ရှိ

International News
တန်ဖိုးကြီးကား ၉ စီး တင်ဆောင်လာတဲ့ လော်ရီကားတိမ်းမှောက်လို့ ထိခိုက်မှုတန်ဖိုး ပေါင်သန်းချီ ရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တန်ဖိုးကြီးကား ၉ စီး တင်ဆောင်လာတဲ့ လော်ရီကားတိမ်းမှောက်လို့ ထိခိုက်မှုတန်ဖိုး ပေါင်သန်းချီ ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တန်ဖိုးကြီးကား ၉ စီး တင်ဆောင်လာတဲ့ လော်ရီကားတိမ်းမှောက်လို့ ထိခိုက်မှုတန်ဖိုး ပေါင်သန်းချီ ရှိ

တန်ဖိုးကြီး ကားတွေကို သယ်ဆောင်လာတဲ့ လော်ရီကားတစ်စီး တိမ်းမှောက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတန်ဖိုး ပေါင်သန်းချီ ရှိခဲ့ပါတယ်။ အဲဒီလော်ရီကားပေါ်မှာ မာစီးဒီးစ်၊ Aston Martin၊ BMW၊ လမ်ဘော်ဂီနီ အစရှိတဲ့ တန်ဖိုးကြီးကားတွေ တင်ဆောင်လာတာဖြစ်ပြီး သြဂုတ်လ ၂၃ ရက်က ဗြိတိန်နိုင်ငံ ကန့်မြို့မှာရှိတဲ့ A20 လမ်းပေါ်မှာ တိမ်းမှောက်ခဲ့တာပါ။

 

ဒီဖြစ်ရပ်မှာ လော်ရီကားယာဉ်မောင်းက ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရခဲ့ပေမဲ့ တန်ဖိုးကြီးကားတွေ ထိခိုက်ပျက်စီးတာကို ကြည့်ပြီး တုန်လှုပ်ချောက်ခြားနေတာကို ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။ လော်ရီကားပေါ်မှာ တန်ဖိုးကြီးကား ၉ စီး တင်ဆောင်လာတာဖြစ်ပြီး အနီရောင် Lamborghini Huracan ကားတစ်စီးတည်းရဲ့ တန်ဖိုးတင် ပေါင် ၁ သိန်းခွဲဝန်းကျင် ရှိပါတယ်။

Aston Martin DB11 ကားကလည်း ပေါင် ၁ သိန်းခွဲဝန်းကျင် တန်ကြေးရှိပြီး အနက်ရောင် Jaguar F Type ကားကတော့ တန်ဖိုး ပေါင် ၆ သောင်းကျော် တန်ကြေးရှိပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။