၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့ မှ စက်တင်ဘာလ ၃ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့ မှ စက်တင်ဘာလ ၃ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့ မှ စက်တင်ဘာလ ၃ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့ မှ စက်တင်ဘာလ ၃ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( August 28 to September 3 )
========================================

ယခုအပတ်တွင် Aries ရာသီခွင်တို့၏ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ သက်ရောက်စေနိုင်ပါတယ်။ ရောဂါ၊ ဝေဒနာ ခံစားနေရသူများ အနေနဲ့ ကုသမှုနှင့် ပက်သက်၍ ပြောင်းလဲပေးရပါမယ်။ လိုအပ်ပါက ဆရာဝန်၏ လမ်းညွှန်ချက်အတိုင်း အစားအစာ စားသုံးပေးပါ။

ငွေရေးကြေးရေး အရ မလိုအပ်သော အရာအတွက် ငွေကြေး သုံးစွဲရဖွယ် ရှိနေပါတယ်။ ဒါကြောင့် ငွေကြေး ကိစ္စနှင့် ပက်သက်၍ အလျင်စလို ဆုံးဖြတ်ချက် မချမိစေရန် သတိထားပေး ရပါမယ်။ပြည့်နှက်နေပါမယ်။ မိသားစုဝင်များ အကြား အပြန်အလှန် နားလည်မှုတို့ဖြင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ပါမယ်။ မိသားစုဝင်များနှင့် အတူ ပျော်ပွဲရွင်ပွဲ ကျင်းပနိုင်ခြေ ရှိနေပါတယ်။

မိမိချစ်ခင်ရသူများနှင့် ပျော်ရွှင်စရာ အခိုက်အတန့်များ ပိုင်ဆိုင်နိုင်ပါမယ်။

ပြိဿရာသီခွင် – Taurus ( August 28 to September 3 )
========================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ စိုးရိမ်စရာ မလိုအပ်ပေ။ အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိနေပါမယ်။ သို့‌သော် ကိုယ်လက်လေ့ကျင့်ခန်းများ နေ့စဉ်ပြုလုပ်ပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း ငွေကြေး အကူအညီ ပေးဆောင်ရဖွယ် ရှိနေပါတယ်။ လူမှုရေး နယ်ပယ် ဘဝတွင် တိုးတက်မှုများ ကြုံတွေ့ရတတ်ပါတယ်။ မိမိ၏ ရည်မှန်းချက်၊ ပန်းတိုင်အတွက် ပိုမိုနီးစပ်အောင် ကြိုးစားပေးပါ။

မိသားစုဘဝအတွင်း ငြိမ်းချမ်မှုနှင့် အတူ ကောင်းမွန်သော ဆက်ဆံရေးများ ရှိနေပါမယ်။ သို့သော် အပြုအမူ၊ အပြောအဆိုနှင့် ပက်သက်၍ သတိထားပေးရပါမယ်။

မေထုန်ရာသီခွင် – Gemini ( August 28 to September 3 )
========================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါမယ်။ အသေးအဖွဲ့ ပြဿနာများ ဖြစ်ပေါ်နိုင်ခေါ ရှိနေပါတယ်။ ကိုယ်ခံအား ကောင်းမွန်နေစေရန် အသီးအနှံများကို စားသုံးပေးရပါမယ်။

အကယ်၍ နိုင်ငံရပ်ခြားနှင့် ပက်သက်နေပါက အကျိုးအမြတ်များ ရရှိနိုင်ပါမယ်။ သို့သော် အစောပိုင်းကတည်းက မှန်ကန်သော ဗျူဟာများ ချမှတ်ပေးရန် လိုအပ်ပါမယ်။

မိသားစုအတွင်း သတင်းကောင်းများကြောင့် ပျော်ရွှင်နေရတတ်ပါတယ်။ ဒါ့အပြင် မိသားစုဝင်များနှင့် အတူ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများ လုပ်ဆောင်ရတတ်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( August 28 to September 3 )
========================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် ကျန်းမာရေးအရ ရလာဒ်ကောင်းများ ရရှိနိုင်ပါမယ်။ ကြီးကြီးမားမား ရောဂါဝေဒနာ ဖြစ်ပေါ်နိုင်မည် မဟုတ်ပေ။ ယခင်ထက် ရုပ်ပိုင်းဆိုင်ရာ ပိုမို ကြံ့ခိုင်လာပါမယ်။

ငွေရေးကြေးရေး အရ ယခုအပတ်တွင် အနည်းငယ် ကျပ်တည်းနေတတ်ပါတယ်။ မိသားစု၏ ကျန်းမာရေးအတွက် ငွေကြေး အချို့ သုံးစွဲရနိုင်ပါတယ်။

မိသားစုအတွင်း အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပွားနေပါက ဤကာလအတွင်း ပြန်လည် ဖြေရှင်းနိုင်ပါမယ်။ ချစ်ခြင်းမေတ္တာအရ လိုက်ဖက်ညီမှုနှင့် အတူ အခက်အခဲအချို့ကို ကျော်လွှားရတတ်ပါတယ်။

သိဟ်ရာသီခွင် – Leo ( August 28 to September 3 )
========================================

ယခုအပတ်တွင် Leo ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်မှုများ ရှိနေပါမယ်။ အထူးသဖြင့် မျက်စိဝေဒနာ ခံစားနေရသူများ အနေနဲ့ ရလာဒ်ကောင်းများ ရရှိနိုင်ပါမယ်။ သို့သော် ဆရာဝန်၏ လမ်းညွှန်ချက်အတိုင်း မှန်မှန်ကန်ကန် လိုက်နာပေးရန် လိုအပ်ပါလိမ့်မယ်။

အကယ်၍ ယခင်က ငွေကြေး ရင်းနှီးမြုပ်နှံခဲ့ပါက ယခုအပတ်တွင် ရလာဒ် အနည်းငယ် ဆိုးဝါးနေနိုင်ပါတယ်။ ငွေကြေး ဆုံးရှုံးမှုများနှင့် ကြုံတွေ့နိုင်ခြေ ရှိနေပါတယ်။

ဤကာလအတွင်း မိသားစုဝင်များနှင့် အတူ ဆွေမျိုးတို့၏ နေရာဒေသသို့ သွားရောက်နိုင်သလို မိမိနေအိမ်သို့လည်း လာရောလည်ပတ်နိုင်ပါမယ်။ မိသားစုအတွင်း ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေပါမယ်။

ကန်ရာသီခွင် – Virgo ( August 28 to September 3 )
========================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်နေပါမယ်။ အထူသဖြင့် အသက်အရွယ် ကြီးသူများ အနေနှင့် ခါးနာခြင်း သို့မဟုတ် အဆစ်အမြစ် ကိုက်ခဲခြင်းများ ခံစားနေရပါက သက်သာရာ ရရှိနိုင်ပါမယ်။ သို့သော် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားသုံးပြီး ယောဂ လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း ငွေကြေး အခြေအနေ အားကောင်းနေပါမယ်။ အသုံးစရိတ်များကို ထိန်းချုပ်နိုင်ပီး ငွေကြေး စုဆောင်းမှုများကို ပြုလုပ်နိုင်ပါမယ်။

ဒါ့အပြင် မိသားစု၏ ငွေကြေးကိစ္စများကိုပါ ထောက်ပံ့နိုင်ပါမယ်။

တူရာသီခွင် – Libra ( August 28 to September 3 )
========================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာအားဖြင့် ပိုမိုကောင်းမွန်လာပါမယ်။ သို့သော် အခြားသူများနှင့် စကားပြောဆိုရာတွင် အနည်းငယ် ချီတုံချတုံ ခံစားရတတ်ပါတယ်။ မိမိကိုယ်မိမိ ဖိစီးမှုကင်းအောင် နေထိုင်ပေးပါ။

လက်ရှိလုပ်ငန်းကို တိုးချဲ့ရန် အတွက် ချေးငွေများ ရယူဖွယ် ရှိနေပါတယ်။ ငွေကြေး ကိစ္စရပ်များနှင့် ပက်သက်၍ အစောကတည်းက သတိထားပေး ရပါမယ်။ လိုအပ်သော စာရွက်စာတမ်းများကို ပြည့်စုံအောင် ဖြည်းပေးရပါမယ်။

ဤကာလအတွင်း Libra ရာသီခွင်တို့၏ မိသားစု ဘဝတွင် နွေးထွေးမှု ရရှိအောင် ညှိနှိုင်းဆောင်ရွက်မှုများ လိုအပ်ပါလိမ့်မယ်။ မိသားစုဈင်တို့၏ သဘောထားကို ထည့်သွင်း စဉ်းစားပေးပါ။ အကြောင်းကိစ္စ တစ်ခုခုနှင့် ပက်သက်၍ ဆုံးဖြတ်ချက် ချရမည် ဆိုပါက မိသားစုဝင်တို့၏ အကြံဉာဏ်များကိုလည်း ရယူနိုင်ပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( August 28 to September 3 )
========================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် ကျန်းမားရေးကို ဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတို့ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာဖွယ် ရှိနေပါတယ်။ ကောင်းမွန်စွာ အသုံးချနိုင်ပါက ဝင်ငွေ တိုးတက်မှုနှင့် အတူ ငွေကြေး စုဆောင်းမှုများကိုပါ ပြုလုပ်နိုင်ပါမယ်။ သို့သော် အလျင်စလို ဆုံးဖြတ်ချက်များ မချမှတ်မိစေရန် သတိထားပေး ရပါလိမ့်မယ်။

အသက်မွေးဝမ်းကြောင်းနှင့် စပ်လှဉ်း၍ ယခုအပတ်တွင် အသေးအမွှား ကိစ္စရပ်တို့ကြောင့် စကားအချေအတင် ပြောဆိုရတတ်ပါတယ်။

ဓနုရာသီခွင် – Sagittarius ( August 28 to September 3 )
========================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ စိတ်အား ထက်သန်စွာ အလုပ်များကို လုပ်ဆောင်နိုင်ပါမယ်။

သို့သော် ငွေရေးကြေးရေးအားဖြင့် အတိတ်ကာလမှ ပြုလုပ်သော အကျိုးရလာဒ်ကို ခံစားရတတ်ပါတယ်။ အထူးသဖြင့် အလောင်းကစား ကဲ့သို့သော မှားယွင်းသော လုပ်ဆောင်မှုများမှ ရှောင်ကြဉ်ပေးပါ။ မဟုတ်ပါက ငွေကြေး ဆုံးရှုံးမှုများ ဖြစ်လာနိုင်ပါမယ်။

ဤကာလအတွင်း Sagittarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်းသာယာမှု ရှိနေပါမယ်။ အကြောင်းအမျိုးအမျိုးကြောင့် ပြဿနာ အချို့ ရှိခဲ့ပါက ယခုအပတ်တွင် ကျော်လွှားနိုင်ပါမယ်။ ညီအကို၊ မောင်နှမများထံမှ ပံ့ပိုးကူညီမှုများ ရှိနေပါမယ်။

မကာရရာသီခွင် – Capricorn ( August 28 to September 3 )
========================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက် ကောင်းမွန်နေပါမယ်။ အားကစားအပြင် ပြင်ပလှုပ်ရှားမှုများ ပြုလုပ်ပေးခြင်းဖြင့် မိမိ၏ ကိုယ်ခံအားကို မြှင့်တင်ပေးပါ။

ငွေရေးကြေးရေးအရ တိုးတက်ကောင်းမွန်နေပါမယ်။ စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့်လည်း ငွေကြေး အကျိုးအမြတ်များနှင့် အတူ လုပ်ငန်းခွင် တိုးချဲ့မှုများ ပြုလုပ်နိုင်ပါမယ်။

အသက်မွေးဝမ်းကြောင်းအရ အခြားသူများအပေါ် အလွယ်တကူ ကတိမပေးမိအောင် သတိထားပေး ရပါမယ်။ လုပ်ငန်းခွင် အတွင်း အတားအဆီး အချို့နှင့် ရင်ဆိုင်ရတတ်ပါတယ်။

ကုမ်ရာသီခွင် – Aquarius ( August 28 to September 3 )
========================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ကျန်းမာရေးအတွက် လုံလုံလောက်လောက် အနားယူပေးရပါမယ်။ အသီးအနှံများကို ပုံမှန်စားသုံးပေးရပါမယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်ပေးပါ။ လမ်းလျှောက်ခြင်းသည်လည်း ကျန်းမာရေးအတွက် ကောင်းမွန်သော အလေ့အကျင့် ဖြစ်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် ပုံမှန်လည်ပတ်နေပါမယ်။ သို့သော် ရင်းနှီးမြုပ်နှံကြသူများ အတွက် သတိထားပေးရမည့် အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ အစောပိုင်းတွင် အကျိုးအမြတ် ရရှိနိုင်သော်လည်း အခန့်မသင့်ပါက နောက်ပိုင်းတွင် ငွေကြေး ဆုံးရှုံးရတတ်ပါတယ်။

ယခုအပတ်တွင် မိသားစုဝင် အချို့၏ ကျန်းမာရေးသည် အားနည်းနေတတ်ပါတယ်။ မိသားစုရေးရာ ကိစ္စရပ်အတွက် ငွေကြေးအချို့ သုံးစွဲရဖွယ် ရှိနေပါတယ်။

မိန်ရာသီခွင် – Pisces ( August 28 to September 3 )
========================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေး ကောင်းမွန်နေပါမယ်။ သို့သော် အလွန်အကျွံ တွေးတောခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကို ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးအတွက် မိမိ၏ အလေ့အထကို မြှင့်တင်ပေးပါ။ ရက်သတ္တပတ် အကုန်တွင် ကျန်းမာရေးသည် ပိုမိုကောင်းမွန်လာဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း ငွေကြေးဆိုင်ရာ ပြဿနာအချို့ ရင်ဆိုင်ရနိုင်ပါတယ်။ သို့သော် အတိတ်ကာလမှ ငွေကြေးဆိုင်ရာ အကျိုးအမြတ်တို့ကြောင့် သက်သာရာ ရရှိနိုင်ပါမယ်။

ကလေးငယ် ရှိကြသူများ အနေနှင့် ယခု ရက်သတ္တပတ် အစောကတည်းက မိမိကလေးငယ်၏ ပေါင်းသင်းဆက်ဆံရေးကို စောင့်ကြည့်ပေးရန် လိုအပ်ပါမယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။