အိုးအိမ်မဲ့သမျှ အိုးအိမ်ရရန်

Astrology
အိုးအိမ်မဲ့သမျှ အိုးအိမ်ရရန်

အရောင်းအဝယ် အဆင်ပြေပြီး အိမ်ကောင်းယာကောင်းများ ပိုင်ဆိုင်လိုသူများအတွက် အိမ်တော်ရာဘုရားတွင် အလှူအတန်း ပြုလုပ်ရသည်ဟု အဆိုရှိကြသည်။
အိမ်တော်ရာဘုရားသည် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်း အနောက်ဘက်နှင့် ပဲခူးကလပ်အရှေ့ဘက်တွင် ကိန်းဝပ်စံပယ်တော်မူသောနေရာတွင် ရှိသည်။
ပုဂံမင်း၏ အိမ်တော်ရာနေရာတွင် တည်ရှိသောကြောင့် မဟာဓမ္မရံသီအိမ်တော်ရာစေတီ ဟုခေါ်သည်။

အိမ်တော်ရာစေတီကို ဖူးမြင်ရသူများအဖို့ အိုးမဲ့အိမ်မဲ့ဖြစ်နေသူများဆိုလျှင် အိုးပိုင်အိမ်ပိုင်တွေရလာပြီး အခက်အခဲတွေလည်း ပြေလည်ကြသည်။
ဒါဟာ အိမ်တော်ရာဘုရား၏ အစွမ်းပကားပင်ဖြစ်သည်။
အိုးပိုင်အိမ်ပိုင် အမြန်ဆုံး ရလိုသူများ အိမ်တော်ရာဘုရားတွင် ယတြာအစီအရင်ပြုလုပ်နိုင်သည်။

ထိုသို့ပြုလုပ်ပြီး မကြာမီကာလအတွင်း အကျိုးထူးများ ခံစားရမည်မှာ သေချာလှပါသည်။ လောကီလောကုတ္တရာ နှစ်ဖြာအကျိုးကိုလည်း ဧကန်မလွဲ ခံစားရမည်ဖြစ်ပေသည်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။