December Predictions Part 1

Astrology

December Predictions (ELLIE)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့December Predictions (ELLIE) ဆိုတဲ့ တားရော့ဟောစာတမ်းလေးပဲ ဖြစ်ပါတယ်။

December Predictions (ELLIE)
Your guide to all 12 zodiac signs: Dates, symbols, compatibility
Aries (March 21- April 19)

Aries ရာသီခွင်တွေအတွက် ဒီဇင်ဘာအစောပိုင်းမှာ အပျော်အပါး/အလုပ်နဲ့ပတ်သက်ပြီး ခရီးသွားလာခြင်းအားကောင်းနေမယ် ။ ပညာရေးအလုပ်အကိုင်နဲ့ပတ်သက်ပြီး အတွေးအမြင်အသစ် ၊ အတွေ့အကြုံအသစ်တွေရလာဖို့ လမ်းပွင့်နေပါတယ်
။ ဒီဇင်ဘာ ပထမနှစ်ပတ်လောက်ကတော့ အရှိန်ယူရမယ့်ကာလမျိုးပဲ ။ အတွေးလွန်တာ ၊ Confused ဖြစ်နေတာလေးတွေရှိတယ် ။ ကိုယ့်ကိုကိုယ်ဝေဖန်နေတာမျိုးပေါ့ ။ ဒါတွေကျော်ပြီးတာနဲ့ လလယ်ကနေ-လကုန်ပိုင်း (နောက်ကျရင်နှစ်ဆန်းပိုင်း)မှာ ရာထူးတိုးတာ ၊ လစာတိုးတာ ၊ Bonus ရတာမျိုးမြင်တယ် ။ အနည်းဆုံးတော့ ကိုယ်လျှောက်ရမယ့်လမ်းမှန်ကို ရှာတွေ့လာဖို့ ၊ ဘာလုပ်သင့်တယ် ဘာတွေရှောင်ရမယ် သေချာမြင်လာဖို့ရှိတယ် ။ ထူးထူးခြားခြားဆိုရင် အဆင်မပြေတဲ့မိသားစုရေး ၊ ရည်းစားဟောင်းတွေနဲ့ပတ်သက်ပြီး ပွင့်အန်လာဖို့ စကားပြန်ပြောဖြစ်ဖို့အားသာတယ် ။ ပြန်ပေါင်းစည်းခြင်းတော့မဟုတ် ၊ စိတ်ထဲ ကြေလည်နိုင်သွားလိမ့်မယ် ။ ကိုယ်လိုချင်တဲ့အဖြေမျိုး ရချင်လည်းရမယ် ရချင်မှလည်းရမယ် ။ ဒါပေမယ့် ဒီလူကဒီလိုဆိုတာမျိုး လက်ခံသွားနိုင်တာမျိုးလေ ။ နောက်နှစ်မစခင် သူတို့နဲ့ပတ်သက်တဲ့ကောင်းခြင်းဆိုးခြင်း အကုန်လုံးထားခဲ့နိုင်ပါလိမ့်မယ် ။ အချစ်ရေး ရန်ဖြစ်လိုက်ပြန်ချစ်လိုက် အခြေအနေရှိတယ် ။ Single တွေ စန်းပွင့်ပါမယ် ။

Taurus | Constellation, Zodiac, Symbol, Sign, Dates, & Facts | Britannica

Taurus (April 20 – May 20)

Taurus တွေအတွက် ရာထူးလစာတိုးတာ ၊ လုပ်ငန်းတစ်ဆင့်မြင့်တာ ၊ မိတ်ဆွေကောင်းနဲ့ပေါင်းစည်းအလုပ်လုပ်ရတာမျိုး အားကောင်းနေတယ် ။ ဒီလိုငွေရပေါက်ရှိသလို ငွေသုံးတာဆင်ခြင်ရမယ့်လလို့ မြင်ပါတယ် ။ လွယ်လွယ်ဝင်လာပြီး မြန်မြန်ပြန်ထွက်သွားတတ်တယ် ။ ဒါပေမယ့် ကိုယ်ရှာတဲ့ပိုက်ဆံမို့ ပျော်တယ်ဆိုသုံးပါ ။ လုပ်ငန်းရှင်တွေအတွက် အလုပ်အသစ်စချင်စိတ်တွေ များနေမယ် ။ ဖြေးဖြေးချင်းမြေစမ်းခရမ်းပျိုးလို့ အဆင်ပြေပါတယ် ၊ တစ်ခုမနိုင်သေးပဲ နောက်တစ်ခုမစဖို့တော့သတိပေးချင်တယ် ။ Taurus တွေလည်း ရပ်ဝေးခရီးသွားတာ အားကောင်းနေတယ် ။ လကုန်ပိုင်းလောက် ပိုဖြစ်တတ်တယ် ။ ဒီလကတော့ နှစ်ကုန်ပိုင်းဖြစ်တာနဲ့အညီ အဆုံးသတ်တာလေး လွှတ်ချတာလေးတွေအားသာတယ် ။ အချစ်ရေး လူမှုရေးနဲ့ပတ်သက်ပြီး ရန်သူကိုလည်း မုန်းနိုင်လာမယ် ၊ ချစ်သူကိုလည်း ချစ်နိုင်လာမယ် ။ ကိုယ့်စိတ်ထဲ ပိုကွဲပြားလာတာမျိုးလေ ။ အနားမှာ မကောင်းမှန်းသိရက်ထားထားတာ ၊ အားနာလို့သံယောဇဥ်မဖြတ်တာ စကားအကုန်မပြောတာမျိုးတွေ ခွာထုတ်နိုင်ဖို့မြင်တယ် ။ ဒီလိုပဲ ချစ်ခင်သူတွေကို စတင်ထုတ်ပြောလာဖို့ရှိတယ် ။ ဒါက ကိုယ်လုပ်ရမယ့်အပိုင်းတော့ အများကြီးပါတာပေါ့ ။ December အတွက်အကြံပေးစကားကတော့ သတ္တိရှိစေချင်တယ် ။ ကိုယ့်စိတ်ထဲ ဘာလုပ်သင့်လဲသိနေပါပြီ ။ Reality ဖြစ်လာဖို့ကတော့ ကိုယ့်တာဝန်ပါပဲ ။

Doc destiny: Understanding the zodiac sign Gemini; personality traits,  likes, dislikes, and more

Gemini (May 21 – June 20)

ဘာလုပ်လုပ်စိန်ခေါ်မှုလေးတွေ အဖုအထစ်ကလေးတွေဆက်ရှိနေဦးမယ် ။ အရမ်းကြီးစိတ်ပူဖို့မလိုဘူး ၊ လူမှုရေးနဲ့အချစ်ရေးမှာ စကားအပြောအဆိုပိုင်း ဆတ်ခနဲတုံ့ပြန်တာ ၊ ကိုယ့်ကိုနာကျင်စေလို့ ပြန်ကလဲ့စားချေတာမျိုးလေးတွေ ရှောင်နိုင်ဖို့ပဲ ။ ဒီတစ်လကတော့အရင်တစ်လလိုပဲ အပြောအဆိုကိုမူတည်ပြီး ချစ်ခင်သူတွေနဲ့ခွာပြဲတတ်လို့ အတ္တလေးတွေလျော့ထားတာ ပိုအန္တရာယ်ကင်းပါတယ် ။ စိတ်အေးအေးနေနိုင်သူတွေအတွက်တော့ သာမန်ပါပဲ ၊ ထူးထူးခြားခြား စိတ်ပူဖို့မရှိဘူး ။ ပြောရရင် ဒီတစ်လမှာအလုပ်နဲ့ပတ်သက်ပြီး ကံအကောင်းဆုံးပဲ ။ စိတ်ညစ်ရင် စိတ်ရှုပ်ရင်အလုပ်သာဖိလုပ် ။ ကောင်းမွန်တဲ့အသိအမှတ်ပြုမှု ၊ ဆုလက်ဆောင်တွေပြန်ရမယ် ။ မဟုတ်ရင် အဆိုးမြင်တာနဲ့အတွေးလွန်တာမှာ အချိန်တွေကုန်နေလိမ့်မယ် ။ အချစ်ရေး Struggle ဖြစ်ရတတ်တယ် ။ သူ့ကြောင့်ကိုယ့်ကြောင့်မဟုတ် အလိုလိုစိတ်ကုန်တာ တစ်ကိုယ်ထဲနေချင်တာမျိုးကြောင့်ပါ ။ ပြောရရင် Me Time လေးလည်းယူ ၊ လက်တွဲဖော်နဲ့ Quality Time လေးရှာယူ ။ ခရီးလေးဘာလေးထွက် ။ ကျန်တဲ့အချိန်တွေတော့ တပူးတွဲတွဲမလုပ်နေတာ ပိုပြီးရန်နည်းဖို့ရှိတယ် ။ Single တွေအတွက်ရွေးချယ်စရာလူ တစ်ယောက်နဲ့အထက်ရှိလာတတ်သလို သုံးပွင့်ဆိုင်ကိစ္စမျိုးတော့ သတိထားစေချင်တယ် ။ December တစ်ခုလုံးကို ဇွတ်တရွတ်မလုပ်ခြင်းနဲ့ အောင်မြင်နိုင်ပါလိမ့်မယ် ။

Cancer to Virgo:4 Zodiac signs that are people pleaser at work | PINKVILLA

Cancer (June 21 – July 22)

Cancer တစ်ယောက်အနေနဲ့ ဘာလုပ်လုပ်စိတ်တိုင်းမကျမှုလေးတွေ ၊ ကိုယ့်ကိုကိုယ်အားမရတာလေးတွေ ဆက်ရှိနေဦးမယ် ။ ဘာမှမလုပ်ပဲရပ်နေတာထက် ကြိုးလည်းကြိုးစားတယ် အားလည်းမရဘူးဆိုတာမျိုးလေ ။ အဖြေကတော့ စိတ်အနားယူမယ့်အချိန်လေးတွေ ပိုပြီးယူဖို့လိုတာပါ ။ အခုရက်ပိုင်းအတွင်း အများကြီးတိုးတက်ချင်တာ ၊ Plan အသစ်တွေ Routine အသစ်တွေချပြီး အကောင်အထည်ဖြစ်လာဖို့အားသာတယ် ။ ဒီလိုပဲ အစမှာဖြည်းဖြည်းခြင်းသွားတာ တာရှည်ပိုခံပါလိမ့်မယ် ။ မဟုတ်ရင် တကုပ်ကုပ်ကြိုးစား ၊ ပင်ပန်းလို့ပြန်နားတာနဲ့ မကာမိဖြစ်နေနိုင်တယ် ။ Cancer လည်း လကုန်ပိုင်းမှာ ခရီးသွားလာဖို့အားကောင်းတယ် ။ ကျန်းမာရေးကတော့ အညံ့ဖက်နည်းနည်းရောက်နေတယ် ဆေးခန်းသွားရတာ ၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး ငွေသုံးရဖို့ရှိတယ် ။ ဒါပေမယ့် စိုးရိမ်ဖို့မမြင်ပါဘူး ။ အချစ်ရေး မိသားစုရေးမှာလည်း ကိုယ် Mood Swing တာနဲ့ပတ်သက်ပြီး အလိုမကျတာ ၊ ရစ်ချင်ဆိုးချင်တာလေးတွေ များနေမယ် ။ ဒါပေမယ့် ခြုံကြည့်ရင်တော့ကောင်းမွန်ပါတယ် ။ ပိုကောင်းတဲ့ Commitment လေးတွေအားသာတယ် ။ နှစ်ယောက်သား ပိုနီးစပ်လာဖို့ရှိတယ် ။ ဒါပေမယ့် အဖုအထစ်လေးတွေကျော်ပြီးမှ ခရီးရောက်တတ်လို့ ညှိညှိနှိုင်းနှိုင်းသွားနိုင်လေ ပိုအဆင်ပြေလေပါပဲ ။ Cancer Single တွေလည်း Level Up ဖို့အားသာတယ် ။ ရောက်တတ်ရာရာစကားပြောတဲ့ဘဝက အဆင့်တတ်လာပါလိမ့်မယ် ။

Secrets about Zodiac: Five secrets about Leo that you didn't know |  Astrology - Hindustan Times

Leo (July 23 – August 22)

Leo တွေအတွက် အချစ်ရေးနဲ့ ဘဝတက်လမ်းကောင်းမွန်တယ် ။ လူမှုရေးတော့ အားနည်းနေတယ် ။ လကုန်လမယ့် Mercury Retrograde ရဲ့ Shadow Period ရယ် ၊ လက်ရှိဂြိုဟ်အနေအထားတွေနဲ့ပတ်သက်ပြီး စိတ်အပြောင်းအလဲများတာ ၊ ကိုယ့်ကိုကိုယ်မေးခွန်းတအားထုတ်တာလေးတွေကတော့ ရှောင်လို့မရနိုင်ဘူး ။ အကောင်းမြင်စိတ်များလေ ပိုလွယ်ကူလေပါပဲ ။ ခပ်မြန်မြန်ပြီးပြတ်ချင်တဲ့အလုပ်တွေ နှစ်ခါပြန်လုပ်ရတတ်တယ် ၊ စိတ်မလောပဲ ဖြည်းဖြည်းမှန်မှန်နဲ့ ကြိုးစားစေချင်ပါတယ် ။ ကိုယ်အလုပ်လျှောက်ထားလား ၊ ရာထူးတိုးတင်ထားလား ၊ Scholar လျှောက်ထားလား? ထပ်ကြိုးစားပါ ။ အားမလျော့တဲ့သူအတွက် ဆုလာဘ်တွေရှိပါတယ် ။ ဒီဇင်ဘာလအစပိုင်းထက်စာရင် လကုန်ပိုင်းမှာအောင်မြင်ဖို့ စိတ်ပျော်ရွှင်ဖို့တွေပိုအားသာတယ် ။ လူမှုရေးတော့ ဂရုစိုက်စေချင်တယ် ။ မိတ်ဆွေအသစ် အသိုင်းအဝိုင်းအသစ်ရတတ်သလို မိတ်ဆွေဟောင်းနဲ့စိတ်ဝမ်းကွဲတာ ၊ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စထဲ ကြားညပ်တာ ဖြေရှင်းရတာမျိုးရှိတတ်တယ် ။ အချစ်ရေးကောင်းမွန်ပါတယ် ။ ချစ်သူဆီကအရေးထားမှုရမယ် ။ စိတ်လုံခြုံမှုရဖို့အားသာတယ် ။ Single အတွက်တော့ ကိုယ့်အတွက်ကိုယ်အချိန်တွေ ပိုသုံးဖြစ်နေလိမ့်မယ် ။ ဒါကကောင်းမွန်ပါတယ် ၊ ကိုယ့်စိတ်ပျော်နေဖို့ အရေးကြီးဆုံးပဲမဟုတ်ဘူးလား?

Virgo zodiac & star sign dates: Symbols and meaning for Virgo |  Express.co.uk

Virgo (August 23 – September 22)

Virgo တွေအတွက်လည်း ၂၀၂၂ ရဲ့နောက်ဆုံးတစ်လက ပျော်စရာလေးတွေစောင့်ကြိုနေပါတယ် ။ ဒါပေမယ့် ဆောင်ရန်ထက်စာရင် ရှောင်ရန်ကပိုများနေတာလေးတော့ သိထားဖို့လိုမယ် ။ ဒီတစ်လမှာတော့ ကိုယ့်အကျွမ်းကျင်ဆုံးပုံစံဖြစ်တဲ့ လုပ်စရာရှိတာလေးလုပ် ၊ ဘယ်သူမှအာရုံမစိုက်နဲ့ဆိုတာလေး ပိုအားသာတယ် ။ အာရုံစိုက်မိတဲ့အရာကတစ်ဆင့် စိတ်ပျက်ရတတ်တယ် ။ ဥပမာကွာ.. အချစ်ရေးဆိုလည်း သူ/သူ့အသိုင်းအဝိုင်းက ကိုယ့်ကိုစိတ်ရှုပ်ရစေတာ ၊ လူမှုရေးဆိုလည်း ထိုနည်းလည်းကောင်းပဲ ။ အလုပ်မှာလည်း ရာထူးလစာတိုးခြင်း ၊ Bonus ရခြင်းတွေရှိတယ် ။ ဒါပေမယ့် အထက်လူကြီးစီနီယာတွေနဲ့ စိတ်သဘောထားကွဲလွဲတာလေး ရှိလာတတ်တယ် ။ မိသားစုဆိုလည်း အဖေအမေ မွေးချင်းတွေနဲ့ပေါ့ ။ ဒါတွေကကိုယ်အရမ်းအာရုံစိုက်မှ ဖြစ်တတ်တာမျိုးပါ ။ ဘယ်လိုနေသင့်သလဲဆို ပုံမှန်လေးပျော်ပျော်ပါးပါးနေ ၊ လုပ်စရာလေးလုပ် ၊ တာဝန်ကြေအောင်နေ ၊ ချစ်သူနဲ့ဆိုလည်း ချစ်ကြည်နူးတာလေးရတယ် ၊ လွန်တာနဲ့ Me Time လေးယူ ။ ဘာမှရှောင်ဖို့တော့မလိုဘူး ၊ တရားလွန်စိတ်နှစ်ခြင်း အချိန်အလဟသခြင်းပဲ ရှောင်ဖို့လိုတာပါ ။ ဒီလကုန်ပိုင်း ခရီးသွားလာခြင်းအားကောင်းပါတယ် ။ အချစ်ရေးတစ်ဆင့်တိုးမြင့်ခြင်း အားသာတယ် ။ ဘဝသစ်ထူထောင်ခြင်းမျိုး အားကောင်းနေတာမို့လို့ မိသားစုဘဝကို အဆင်သင့်မဖြစ်တဲ့သူတွေအတွက်တော့ Birth Control ကိစ္စလေး အာရုံစိုက်ထား မမှားဘူးမြင်ပါတယ်

ရေးသားသူ – ELLIE

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။