တစောင်းဖူးချက် နှင့် ဆေးဖက်ဝင်ပုံ

Health Knowledge
တစောင်းဖူးချက် နှင့် ဆေးဖက်ဝင်ပုံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစောင်းဖူးချက် နှင့် ဆေးဖက်ဝင်ပုံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစောင်းဖူးချက် နှင့် ဆေးဖက်ဝင်ပုံ

တစောင်းဖူးကတော့ အပူပိုင်းဒေသတွေမှာပေါက်တဲ့ တစောင်းပင်ကရတဲ့အဖူးပါ။မကွေး ရေနံချောင်း ၊ချောက် ၊ပခုက္ကု စတဲ့ အညာဒေသမှာ ပေါပါတယ်

တစောင်းဖူးက ကြာဖူးနဲ့ ဆင်ဆင်တူလို့ တချို့က ပဒုမ္မာဖူး၊ ရွှေကြာဖူးရယ်လို့လည်းခေါ်ကြပါတာလည်းရှိပါတယ်။

တစောင်းဖူးကို အပွင့်မပွင့်မီ အဖူးမှာ ခူးပြီးဟင်းလျာအဖြစ်စားသုံးကြပါတယ်။ကျားရှာ နဂါးမောက် စတာတွေက တစောင်းမျိုးရင်တွေပါ

တစောင်းဖူးက တစ်နှစ်မှာတစ်ခါသာမိုးရာသီအတွင်းမှာ ရတတ်တာမို့ ရာသီစာလို့ပြောရမှာပါ။ ဟင်းလျာအဖြစ် ကြော်စားချက်စားတဲ့အခါ မှိုအရသာလိုချိုတာမို့ အညာသူအညာသားများက တစောင်းဖူးကိုကြိုက်ကြတာပါ။

တစောင်းဖူးကို ကြော်ချက်ချက်မယ်ဆိုရင် ဦးစွာ အဖူးကို ထက်ခြမ်းခွဲပြီးအထဲကဝတ်ဆံတွေကို ဖယ်ရပါတယ်။ တချို့ကတော့ ဝတ်ဆံအပြင် ပွင့်ချပ်တွေကိုပါ ဖယ်ပစ်ပါတယ်။

ပွင့်ချပ်က အနည်းငယ်အချွဲဓာတ်ရှိလို့ပါ။ တစောင်းဖူးလတ်ရင်တော့မချွဲအောင် သင်ပြီးသားတွေကို တစ်နေလောက်ပြပြီးမှ ချက်ကြပါတယ်။

တစောင်းဖူးကြော်ချက် ချက်မယ်ဆိုရင်သန့်စင်ပြီး တစောင်းဖူးတွေကို ရေဆေးပြီးစစ်ထားပါ။

ဆီဒယ်အိုး ပူလာရင် အသင့်ပြင်ထားတဲ့ ကြက်သွန်ဖြူ၊ နီထောင်းပြီးသားအရောကို ဆီသတ်ပါမယ်။ ကျက်လောက်ပြီ ဆိုရင်တော့ အသင့်စိတ်ထားတဲ့ ခရမ်းချဉ်သီး စိတ်တွေနဲ့အတူ မျှင်ငါးပိ၊ဆား၊နနွင်းထည့်ကာ အနှစ်ရအောင် ချက်ကြပါတယ်

ဒယ်အိုးထဲက ဟင်းအနှစ်တွေ ဆီပြန်လာရင် ရေစစ်ထားတဲ့ တစောင်းဖူးတွေထည့်ပြီး အထက်အောက် နှံ့အောင်မွှေ၊ လုံးရေအနည်းငယ်ထည့်ပြီး အဖုံးပိတ်ချက်ပါ။

ဒယ်အိုးက ဆီဆူသံပေးလာရင် အဖုံးဖွင့်ကာအပေါ့ အငန်မြည်းပြီး ငရုတ်သီးစိမ်း လေးငါးတောင့်လောက် အညှာခြွေထည့်ပါ။ခရမ်းချဉ်သီး အနှစ်များများနဲ့ ထွေးထွေးအိအိလေးဖြစ်နေတဲ့ စားချင့်စဖွယ်တစောင်းဖူးကြော်ချက်ကို တွေ့ရ ပါလိမ့်မယ်။

ဆေးဖက် အနေနဲ့တော့

ဆီချိုရောဂါကို ကာကွယ်ပေးနိုင်ခြင်း

သွေးတိုရောဂါ သက်သာစေခြင်း

နှလုံး ရောဂါကာကွယ်ပေးနိုင်ခြင်း

၎င်းအဖူးကို ပြုတ်ရည်လုပ်သောက်ပါက

ဆီးချို သွေးချို ရောဂါကို ပျောက်ကင်နိုင်တယ်လို့ဆို့ပါတယ်

အစာအိမ်နဲ့ အူလမ်းကြောင်း ကို ရောဂါပိုး များသက်သာစေခြင်းနှင့် ဝမ်းကိုက်ပါက တစောင်းဖူး ချက်စားရင် သက်သာစေတယ် လို့ စားဖူးသူအချို့က ဆိုကြပါတယ်

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။