ဝါ‌ခေါင်လအတွက် အကောင်းဆုံးယတြာ

Astrology
ဝါ‌ခေါင်လအတွက် အကောင်းဆုံးယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဝါ‌ခေါင်လအတွက် အကောင်းဆုံးယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဝါ‌ခေါင်လအတွက် အကောင်းဆုံးယတြာ

ဝါခေါင်လဆန်း(၁)ရက်နေ့ (17.8.2023) မှ ဝါခေါင်လကွယ်(14.9.2023)ထိ တစ်လတာလုံး

“ကြွေပန်းကန်ပြားထဲတွင် ပေါက်ပေါက်ပွင့် အပြည့်နီးပါး ထည့်လိုက်ပါ။ #လိမ္မော်သီးအသန့် တစ်လုံးပေါ်တွင် ဆော့ပင်(သို့)ဘောပင် အပြာဖြင့်*ဧ* အက္ခရာကို သေချာ ရေးပေးလိုက်ပါ။ထို့နောက် ထိုလိမ္မော်သီးကို ကြွေပန်းကန်ပြား၏ အလယ် ပေါက်ပေါက်ပွင့်များ ပေါ်တွင် တင်ထားရပါမည်။

ဤယတြာကို ဘုရားကျောင်းဆောင်ပေါ်သို့ တင်၍မြတ်စွာဘုရားရှင်အား‌ ရိုသေစွာ လှူဒါန်းပေး‌ထားရပါမည်။ယခုလတစ်လတာတွင် #ကိုကာကိုလာ အအေးကို
နေ့စဥ်မြတ်စွာဘုရားရှင်အား ကပ်လှူပေးနေခြင်းဖြင့်လည်းမိမိအတွက်ထူးခြားမှူဖြစ်စဥ်များကောင်းကျိုးများစွာကိုလည်း ရရှိခံစား‌နေရမည်ဖြစ်သည်။
ကံချေကန်တော့ခြင်းကိုလုပ်ဆောင်ဖို့ရန်မမေ့ပါနှင့်။

နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။*
ဣတိပိသောဘဂဝါ ဗုဒ္ဓေါ=၆ခေါက်
ဣတိပိသောဘဂဝါ လောကဝိဒူ=၁၉ခေါက်
ဣတိပိသောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော=၁၇ခေါက်

ဝါခေါင်လနေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ

တနင်္ဂနွေနေ့=မြောက်အရပ်
တနင်္လာနေ့=‌တောင်အရပ်
အင်္ဂါနေ့=အရှေ့အရပ်
ဗုဒ္ဓဟူးနေ့=အနောက်အရပ်
ကြာသပတေးနေ့=အရှေ့အရပ်
သောကြာနေ့=မြောက်အရပ်
စနေနေ့=တောင်အရပ်

အထက်ပါအတိုင်းနေ့အလိုက်တွင် နေ့စဉ်တိုင်းအရပ်မျက်နှာမူ၍ #ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခုဝါခေါင်လတစ်လတာတွင် ကိုယ်ရောကျန်းမာ၊စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီးကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်‌၍စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”

ဤယတြာကို နေ့စဉ် နံနက်(၇)နာရီ မှ (၁၁)နာရီအတွင်း ကပ်လှူပေးနေရပါမည်။

ဤယတြာအစီအရင်ကို နေ့စဉ် ရက်တိုင်း နီးပါး အထက်ပါနည်းအတိုင်း သတိတရလေးနှင့်တိကျစွာပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့် ယခုဝါခေါင်လအတွင်း ကံကောင်းခြင်းများ ရယူပိုင်ဆိုင်လိုက်ပါခင်ဗျ။

ယတြာပြုပြီး ပေါက်ပေါက်ပွင့်များကို စုထား၍ ငါးစာ ခိုစာအဖြစ် ကျွေးမွေး ဒါနပြုလိုက်ပါ။ လိမ္မော်သီးကိုမူ မိမိ အိမ်မိသားစုများ စားသုံးနိုင်ပါသည်။

ဤယတြာကို ယခုဝါ‌ခေါင်လ တစ်လတာလုံး၌မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်ပါသည်။ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ယခု ဝါခေါင်လတစ်လတာလုံးအတွင်း၌ မိမိသည်အတိုက်အခိုက် အနှောင့်အယှက်များကင်းဝေးစေ၍စီးပွားလာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။

ဆရာဦးမင်းနိုင် နှင့်တကွ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများကို အစဉ် လေးစားဦးခိုက်နေလျက်။

ရေးသားသူ -ဗေဒင် ဆရာ ပေါက်ကျိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။