စေ့စပ်ပွဲဓာတ်ပုံတွေကို အဓိပ္ပာယ်ရှိတဲ့စာသားလေးတွေနဲ့ တင်ခဲ့ကြတဲ့ Mark Prin တို့စုံတွဲ

Celebrity International News
စေ့စပ်ပွဲဓာတ်ပုံတွေကို အဓိပ္ပာယ်ရှိတဲ့စာသားလေးတွေနဲ့ တင်ခဲ့ကြတဲ့ Mark Prin တို့စုံတွဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စေ့စပ်ပွဲဓာတ်ပုံတွေကို အဓိပ္ပာယ်ရှိတဲ့စာသားလေးတွေနဲ့ တင်ခဲ့ကြတဲ့ Mark Prin တို့စုံတွဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စေ့စပ်ပွဲဓာတ်ပုံတွေကို အဓိပ္ပာယ်ရှိတဲ့စာသားလေးတွေနဲ့ တင်ခဲ့ကြတဲ့ Mark Prin တို့စုံတွဲ

နိုင်ငံတကာပရိသတ်တွေရော မြန်မာပရိသတ်တွေပါ အားကျရတဲ့ ထိုင်းမင်းသားချော Mark Prin နဲ့ မင်းသမီးချော Kimmy Kimberley တို့စုံတွဲဟာ ချစ်သူသက်တမ်း ၉ နှစ်ကျော်အကြာ ဩဂုတ် ၂၆ ရက်နေ့မှာ စေ့စပ်လိုက်ကြတာပါ။ စေ့စပ်ပွဲဓာတ်ပုံတွေကို သူတို့ရဲ့တရားဝင်အင်စတာဂရမ်အကောင့်တွေမှာ အဓိပ္ပာယ်ရှိတဲ့စာသားလေးတွေနဲ့ တင်ပေးခဲ့ပါသေးတယ်။

မင်းသမီးချော Kimmy Kimberley က ကြည်နူးစရာဓာတ်ပုံများစွာကို “ကျွန်မတို့ရဲ့ဘဝစာမျက်နှာအသစ် စတင်လိုက်သလိုပါပဲ”ဆိုတဲ့စာသားနဲ့ တင်ခဲ့တာပါ။ နောက်ထပ်ပို့စ်တစ်ခုမှာကျတော့ “ကျွန်မရဲ့နှလုံးသားလေးက ချစ်ခြင်းမေတ္တာတွေနဲ့အပြည့်ပါပဲ။ ကျွန်မရဲ့နှလုံးသားကို ထာဝရပေးလိုက်ပြီး မင်းက တစ်ဦးတည်းသောသူပါ”တဲ့။

မင်းသားချော Mark Prin ကလည်း သူ့ချစ်ဇနီးလောင်းလေးလိုပဲ “ကျွန်တော့်ရဲ့နှလုံးသားကို ထာဝရပေးလိုက်ပြီ မင်းက တစ်ဦးတည်းသောသူပါ”ဆိုတဲ့စာသားလေးနဲ့ ဓာတ်ပုံတွေ တင်ခဲ့တာပါ။ ထိုင်းနာမည်ကြီးအနုပညာရှင်တွေကလည်း သူတို့နှစ်ဦးအတွက် ဂုဏ်ပြုစကားဆိုခဲ့ကြပါတယ်။

Mark Prin က Kimmy ကို ပြီးခဲ့နှစ် ဧပြီ ၁၇ ရက်နေ့က ဆွစ်ဇလန်နိုင်ငံမှာ ရိုမန်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့တာပါ။ လက်ထပ်ပွဲကို ထိုင်းနိုင်ငံမှာရော ပြည်ပမှာပါ ပြလုပ်သွားမှာပါ။ သူတို့စုံတွဲဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့မှာတော့ အီတလီမှာ လက်ထပ်ကြတော့မှာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။