Septemberလအတွက် ၁၂လရာသီခွင် တားရော့ဗေဒင်(Part-1)

Astrology
Septemberလအတွက် ၁၂လရာသီခွင် တားရော့ဗေဒင်(Part-1)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Septemberလအတွက် ၁၂လရာသီခွင် တားရော့ဗေဒင်(Part-1) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Septemberလအတွက် ၁၂လရာသီခွင် တားရော့ဗေဒင်(Part-1)
Leo

ငွေရှာမယ် ၊ အလုပ်တွေပြန် Run မယ် ။ September ဟာ Leo တွေရဲ့ Busy Month တစ်ခုဖြစ်လာနေဖို့ရှိတယ် ။ လုပ်ငန်းပိုင်း ၊ ပညာရေးပိုင်းတွေမှာ မိသားစုနဲ့ပတ်သက်ပြီး အထောက်အပံ့ရလာတတ်တယ် ။

နှစ်လနီးပါးစိုးမိုးထားတဲ့ Venus Retrograde ပြန်အထွက်မှာ ကြာနေတဲ့ငွေကြေးကိစ္စတွေ ၊ အခြေအနေကြည့်နေရတာတွေ ပြန်ပြီးစီးဆင်းလာပါပြီ ။ ဒါပေမယ့် Mercury ဟာနောက်ပြန်လည်ကြည့်ပြီး သူရှိသေးကြောင်းတော့ အရိပ်အမြွက်ပေးနေသေးတယ် ။

ဒီတော့စချင်တာတွေ မီးစိမ်းပြနေပြီ ၊ Rush ဖြစ်လို့တော့မရဘူး ။ စာရင်းတွေ ၊ စာချုပ်စာတမ်းတွေ အခါခါစစ်ပါ ။ ကျန်းမာရေးအားရမိတယ် ။ Stress ပိုင်းပြသနာရှိလို့ ရှာပဲမနေပဲ Treat လည်းလုပ်ပါ ။ အနားလည်းယူပါ ။

Retrogrades တစ်ရာသုံးဆယ့်ခြောက်ခုလောက်ရှိတာက ၂၀၂၃ ကုန်တဲ့အထိ စာမေးပွဲကြီးတော့ဖြစ်ဦးမယ် ။ June ကနေ August ဟာ အဖြေမရှိတဲ့ကာလဖြစ်ခဲ့ပေမယ့် September ဟာ အောင်မှတ်တော့ရှာတတ်လာပါပြီ ။

အချစ်ရေးအဆင်ပြေပါတယ် ။ A little ups and downs ဆိုပေမယ့် အဆိုးကနေ ကောင်းတဲ့ဖက်တွန်းပို့ပေးလိမ့်မယ် ။ ဖြေရှင်းစရာ အဖြေပြန်ရှာရမှာတွေရှိတယ် ။ အနာဂတ်ဖိအားတွေ ချစ်သူအပေါ်ပုံမချမိဖို့ Me Time အဓိကလိုအပ်ပါပြီ ။

လက်ရှိအဆင်မပြေသူတွေ ပြသနာပြေလည်ဖို့ ကိုယ့်ဖက်ကဦးစီးဦးဆောင်ပြုရမယ် ။ ကိုယ်ကလူကြီးဆန်လိုက်ပါ ။ Single တွေစိတ်ရှည်ပါဦး ၊ အနားရှိနေတာတွေကျော်ပြီး ပိုကောင်းတဲ့သူတစ်ယောက် ဘဝထဲဝင်လာဦးမယ် ။

ဆံပင်ညှပ် ၊ လက်သည်းဆိုးကနေ အဖြေပေးစရာ ၊ ပိုက်ဆံကိစ္စ စာချုပ်စာတမ်းကိစ္စ အရေးကြီးဆုံးဖြတ်စရာတွေ တတိယအပတ်ကိုရွေ့ပါ ။ အောက်တိုဘာအထိသွားနိုင်ရင် ပိုကောင်းတယ် ။ ဒီတစ်လဟာ အလုပ်တွေတွန်းလုပ်ရမယ် ၊ လမ်းဆုံမှာလမ်းကူးသလို ရပ်လိုက်သွားလိုက်နဲ့တော့ ဖြစ်ဦးမယ် ။

ဒီတော့ ဖြတ်လမ်းမလိုက်ပါနဲ့ ၊ လူကူးမြင်းကျားကိုသွားရင်သွား တံတားရှိလည်း ခြေညောင်းခံပြီးတက်လိုက်ပါ ။ ကံကောင်းသော်လည်း အလှည့်အပြောင်းများတတ်လို့ လုံ့လပိုအားကိုးပါ ။ လက်တွေ့ဆန်ခြင်းနဲ့ အောင်မြင်မယ့်လဖြစ်ပါတယ် ။

Sagittarius

လည်တည်တည်ဖြစ်နေတာတွေ တည့်မတ်လာပါပြီ ။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတာ ၊ ဒါမှမဟုတ် စတော့စထားပြီ Progress မမြင်ရသေးတာတွေ လမ်းကြောင်းပေါ်ပြန်ရောက်လာပါပြီ ။ အရှိန်တင်ဖို့လောက်ထိ လောဘမကြီးသင့်သေးဘူး ။

September ဟာ Action ထက်စာရင် တွေးစရာလေးတွေများမယ် ။ သိသာတဲ့တစ်ချက်မှာ လက်ရှိ Career ကိုမေးခွန်းထုတ်နေရဖို့ရှိတယ် ။ ပညာနဲ့အသက်မွေးသူများပြားတာမို့ ရေကြည်ရာမြက်နုရာရှာဖို့ ၊ Career ပြောင်းလဲဖို့တွေ အတွေးဝင်နေလောက်တယ် ။

ဒါမှမဟုတ် Side Business ပဲလုပ်ရမလား ၊ Advanced Degree ပဲဆက်သွားရမလား သို့လောသို့လောတွေများပါဦးမယ် ။ အားသာချက်မှာတော့ ဒီတစ်လအတွင်းပဲ ယိုပေါက်တွေတော်တော်လေး Fixed ဖြစ်သွားပါလိမ့်မယ် ။

ငွေအဝင်အထွက်မမျှတာတွေ ထိန်းလာနိုင်မယ် ၊ စိတ်ကူးပေါက်တာထက် လက်တွေ့ပိုဆန်တတ်လာမယ် ။ ရှိတာနဲ့ကျေနပ်လာမယ် ၊ Reality ကို လက်ခံနိုင်လာတဲ့သဘောပေါ့ ။ ပြန်ပြီး Adjust လုပ်ချင်တာတွေများလို့ ရုတ်တရက် Gym ဆော့ဖို့ Diet လုပ်ဖို့အတွေးဝင်လာရင် မအံ့သြသင့်ဘူး ။

အချစ်ရေးမှာ New Beginning လို့တွေ့တယ် ။ လက်ရှိညှိမရပြုမရတွေ အဖြေသဲသဲကွဲကွဲထွက်လာမယ် ။ ပြေလည်ဖို့စဥ်းစားရင် စိတ်သစ်ကိုယ်သစ်နဲ့ပြန်စနိုင်ရင်စ မဟုတ်ရင်တော့ ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေမှာ ကိုယ်ဆက်နေမှာမဟုတ်တော့ဘူး ။

ဒီတော့ Sagittarius တွေရဲ့ပေါက်ကွဲအားကို ဘေးကလူတွေ နည်းနည်းတော့သည်းခံရနိုင်တယ် ။ တစ်ကိုယ်ကောင်းဆန်နေမယ် ၊ ကိုယ်တစ်ဦးထဲအဆင်ပြေဖို့ ရှေးရှုနေကြလောက်တယ် ။ စိတ်ကြဥ်းကြပ်နေတဲ့အတွက် တရားထိုင်ပါ ၊ ဘာသာရေးအားစိုက်ပါ ။

Single တွေအနေနဲ့ ဒီလတွေထဲအဝေးကလူနဲ့ပိုအဆင်ပြေပါတယ် ။ ပြည်ပထွက်ဖို့လုပ်နေရင် ဟိုရောက်မှစဥ်းစားပါ ။ လက်ရှိမှာရွေးချယ်ဖို့ရှိနေရင် အနေဝေးသူ ၊ အသိုင်းအဝိုင်းမတူတဲ့သူ ၊ လူမျိုးဘာသာခြားနားသူတွေက ပိုအဆင်ပြေပါတယ် ။ Commitment ကိုတော့ ခန Paused ထားပါဦး ။

ကျန်းမာရေး အဆုတ် အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်လို့ဂရုစိုက်ပါ ။ September ဟာ စလုံးရေးစမယ့်လဖြစ်ပါတယ် ။ ၂၀၂၃ Resolution ဆိုပြီး မထိရသေးတဲ့ဝါသနာတွေ ၊ Plan တွေ ဒီလမှာထိတွေ့လာရမယ် ။ Libra Season လည်းရှိတာမို့ Happy Social Life လို့ မှတ်ချက်ပြုပါတယ် ။

Virgo

အချစ်ရေး Struggle တွေ သတိပြုပါ ။ အတိတ်ဟောင်းနဲ့ပတ်သက်ဖို့ရှိတယ် ။ ဖြစ်ဖူးတဲ့ပြသနာတွေ အစကပြန်ရှင်းရနိုင်တယ် ။ Relationship ရော Single တွေရော Love Life မှာ Pros and Cons တွေများပြီး ခေါင်းရှုပ်နေနိုင်ပါတယ် ။

နားလည်ထားရမှာက ဘာပဲရွေးချယ်ချယ် နာကျင်မှုတွေရပ်တန့်ဖို့ဖြစ်လာတာပါ ။ ဒီတော့ အဖြစ်သင့်ဆုံးအတွက် Brace လုပ်ထားပါ ။ ကိုယ့်အတွက်ကိုယ်ရှိတယ်ဆိုတာ September တစ်လလုံးအတွက် အချစ်ရေးဆောင်ပုဒ်ဖြစ်နေသင့်တယ် ။

Virgo တွေရဲ့ September ဟာ ပေါ့ပါးခြင်းလို့နာမည်တပ်ပါတယ် ။ အဆိုးမြင်တဲ့သူအတွက် လက်လွှတ်ရတာများတတ်တယ် ။ ကောင်းတဲ့ဖက်ကကြည့်တတ်ရင် ဝန်ပိုတွေပေါ့သွားတယ် ၊ တချိန်ရောဂါဖြစ်လာစေနိုင်တာတွေ ကြိုတင်ကုသခွင့်ရသွားတယ် ။

လက်ရှိမှာ Progress ရှိသင့်သလောက် မရှိတတ်ဘူး ။ Anxiety သတိပြုပါ ။ စိတ်ထွက်ပေါက်တွေလိုပါတယ် ။ လူမှုရေးပြန်အာရုံစိုက်ပါဦး ။ ကိုယ့်အတွေးက နံပါတ်တစ်ရန်သူဖြစ်တာမို့ အခန်းတွင်းအောင်းမနေပဲ Plan တွေချပါ ။ ကိုယ့်ဖက်က Reach Out လုပ်နေသင့်တယ် ။

ဒီတစ်လအတွက် အကျိုးအဖြစ်စေဆုံးဟာ မိတ်ဆွေရင်းနဲ့မိသားစုဖြစ်ပါတယ် ။ ငြင်းခုံနေရတယ်ဆိုရင် ပြန်ပြီးကြေလည်လာတော့မယ် ၊ အတွေးများပြီး ကိုယ့်ကိုဘယ်သူမှနားမလည်သလိုဖြစ်နေရင် သြော်..သူတို့ရှိပါလားဆိုတာမျိုး စိတ်အေးရစေမယ် ။ ကိုယ့်ဖက်ကတော့စပြီး Connect လုပ်ပါ

September ဟာ အနစ်နာမခံသင့်သောလဖြစ်ပါတယ် ။ လုပ်ပေးနိုင်တာလုပ်ပေးပါ ၊ Boundaries ပြန်ထားရမယ် ။ ငြင်းသင့်တာငြင်းပါ ။ ရစရာရှိလို့ ကိုယ်ကျိုးရှိလို့လာနေသူတွေ ကိုယ့်အနားကပြန်ထွက်သွားမယ် ။ ပေးသွားလိုက်ပါ ။

ကျန်းမာရေးမှာစိတ်မလျော့နိုင်ရင် အိပ်ရာထဲလဲတာ ၊ ဆေးရုံဆေးခန်းရောက်တာအထိ ဖြစ်လာတတ်တယ် ။ တွန်းလုပ်နေတာတွေရှိရင် ခတ္တနားပါ ၊ စိတ်ပြေလက်ပျောက်ခရီးတိုလေးတွေ သွားသင့်သွားလိုက်ပါ ။ September ဟာ မျက်လုံး ၊ Nervous System နဲ့ပတ်သက်ပြီး ခြူခြာလွယ်ပါတယ် ။

လလည်ပိုင်းဟာ Decision Making မှာ Delusion အများဆုံးဖြစ်တတ်တယ် ။ ဆုံးဖြတ်ချင်တာတွေ ၂၀ ရက်နောက်ပိုင်းရွေ့ပါ ။ စက်တင်ဘာဟာ အချစ်ကိုဦးစားမပေးသင့်သောလ ဖြစ်ပါတယ် ။ Career ကိုပြန်ပြီး Build Up လုပ်နေမယ် ။ Slow Progress is still a progress ဆိုတာလေး မမေ့သင့်ပါဘူး ။

ရေးသားသူ –Ellie

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။