၇ ရက်သားသမီးကလေးအတွက် ခေါစာပစ်နည်း

Astrology
၇ ရက်သားသမီးကလေးအတွက် ခေါစာပစ်နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၇ ရက်သားသမီးကလေးအတွက် ခေါစာပစ်နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၇ ရက်သားသမီးကလေးအတွက် ခေါစာပစ်နည်း

ကလေးက ငယ်နေတယ်။ အကြောင်းမဲ့ ငိုလိုက်၊ အီလိုက်၊ ဖျား လိုက်၊ နာလိုက်၊ ဗိုက်နာလိုက်၊ အနာလေးတွေပေါက်လိုက်၊ အဖျားကောင်း သွားလိုက်၊ ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေရင် အောက်ပါ ရိုးရာယတြာ အစီအရင်ကို စီရင်ကြည့်ပါ။ ဆေးစူးသွားပါလိမ့်မယ်။ ကလေးရောဂါနဲ့ ဆေး နဲ့ ကိုက်ညီပြီး ဝေဒနာပျောက်ကင်းပါမယ်။

၁။ ၁ ရက်၊ ၁ လ၊ ၁ နှစ်အတွင်း ကလေးချူချာရင် – ခေါပန်း တောင်းမှာ ထမင်း (၄) ဆုပ်၊ ပန်း (၄) ပွင့်၊ တံခွန် (၄) ခု၊ ကွမ်း (၄)ယာ ကိုထည့်ပြီး အရှေ့မြောက်အရပ်မှာ သွားထားပါ။

၂။ ၂ ရက်၊ ၂ လ၊ ၂ နှစ်အတွင်း ကလေးချူချာရင်
ခေါပန်းတောင်းမှာ ထမင်း (၅) ဆုပ်၊ တံခွန် (၅) ခုထည့်ပြီး တောင်အရပ်မှာသွားထားပါ။

၃။ ၃ ရက်၊ ၃ လ၊ ၃ နှစ်အတွင်း ကလေးချူချာရင် – ခေါ ပန်းတောင်းမှာ ထမင်း (၅) ဆုပ်၊ ပန်းဖြူ (၅) ပွင့်၊ တံခွန် (၅) ခု ထည့် ပြီး မုန့်ညှက်ကို ကလေးပုံလုပ်ကာ အရှေ့အရပ်မှာ သွားထားပါ။

၄။ ၄ ရက်၊ ၄ လ၊ ၄ နှစ်အတွင်း ကလေးချူချာရင် – ခေါ ပန်းတောင်းမှာ ဘီလူးရုပ်လုပ်ပါ။ မုန့်၊ ငါး၊ ထမင်း၊ ပန်း တစ်မျိုး (၄)ခုစီ ထည့်ပြီး အရှေ့တောင်အရပ်မှာ သွားထားပါ။

၅။ ၅ ရက်၊ ၅ လ၊ ၅ နှစ်အတွင်း ကလေးချူချာရင် – ရွှေ ပန်းတောင်းမှာ ထမင်း (၅) ဆုပ်၊ ပန်း (၅)ပွင့်၊ ဖယောင်းတိုင် (၅)ထုပ် ထည့်ပြီး အရှေ့အရပ်မှာ သွားထားပါ။

၆။ ၆ ရက်၊ ၆ လ၊ ၆ နှစ်အတွင်း ကလေးချူချာရင် – ခေါ် ပန်းတောင်းမှာ ထမင်း (၆)ဆုပ်၊ မုန့် (၆)ချပ်၊ သစ်သီး (၆)လုံး၊ ပေါက် ပေါက်၊ နံ့သာရည်တို့ထည့်ပြီး အနောက်တောင်အရပ်မှာ သွားထားပါ။

ရ။ ရ ရက်၊ ရ လ၊ ရ နှစ်အတွင်း ကလေးချူချာရင် – ခေါ ပန်းတောင်းမှာ ထမင်း (ရ)ဆုပ်၊ ပန်း (ရ)ပွင့်၊ သစ်သီး (ရ) လုံးထည့်ပြီး အနောက်တောင်အရပ်မှာ သွားထားပါ။

၈။ ၈ ရက်၊ ၈ လ၊ ၈ နှစ်အတွင်း ကလေးချူချာရင် – ခေါ ပန်းတောင်းမှာ မုန့် (ရ)ချပ်၊ ပေါက်ပေါက် (၇) ပွင့်၊ ဖယောင်းတိုင် (ရဲ့) တိုင်ထည့်ပြီး အနောက်မြောက်အရပ်မှာ သွားထားပါ။

၉။ ၉ ရက်၊ ၉ လ၊ ၉ နှစ်အတွင်း ကလေးချူချာရင် – ခေါ ပန်းတောင်းမှာ မုန့် (ရဲ့) ချပ်၊ ငါးကြော် (ရ) ကောင်၊ ပေါက်ပေါက်၊ နံ့သာ ရည်ဖျန်းပြီး မြောက်အရပ်မှာ သွားထားပါ။

၁၀။ ၁ဝ ရက်၊ ၁ဝ လ၊ နှစ်အတွင်း ကလေးချူချာရင် ခေါပန်းတောင်းမှာ မုန့်ယှက်ကို နတ်ရုပ်လုပ်ပါ။ ပန်း၊ သစ်သီး၊ မုန့်ကြော်၊ တံခွန်၊ ဆီမီး၊ ပေါက်ပေါက်တို့ကို နံ့သာရည်လောင်းကာ အနောက်အရပ်မှာ သွားထားပါ။

၁၁။ ၁၁ ရက်၊ ၁၁ လ၊ ၁၁ နှစ်အတွင်း ကလေးချူချာရင် – ခေါပန်းတောင်းမှာ ထမင်း၊ အမဲသား၊ ငှက်ပျောသီး၊ ထန်းလျက်၊ မုန့်ဖြူ (၆) ချပ်၊ ပန်း (၈) ပွင့်၊ မုန့်ညှက်ကို ကလေးရုပ်လုပ်ကာ ညနေနေဝင်ချိန် အနောက်အရပ်မှာ သွားထားပါ။

၁၂။ ၁၂ ရက်၊ ၁၂ လအတွင်း ကလေးချူချာရင် – ခေါပန်း တောင်းမှာ ထမင်း၊ ထောပတ်ထည့်ပြီး ကလေးရဲ့ နံသင့်သစ်ပင်တစ်ပင် အောက်မှာ ရုက္ခစိုးနတ်ကို ကုသိုလ်ပြုပါ။

၁၃။ ၁၃ ရက်၊ ၁၃ လအတွင်း ကလေးချူချာရင် – ခေါပန်း
တောင်းမှာ ထမင်း၊ အမဲသား၊ တံခွန်ထည့်ပြီး တောင်အရပ်မှာ သွားထားပါ။ ကလေးမွေးနေ့မှာ လုပ်ပါ။

၁၄။ ၁၄ ရက်၊ ၁၄ လအတွင်း ကလေးချူချာရင် – ခေါပန်း
တောင်းမှာ ထမင်း (၄) ဆုပ်၊ အမဲသား (၄) တုံး၊ ပန်း () မျိုး၊ သစ်သီး (၁) လုံးထည့်ပြီး အရှေ့အရပ်မှာသွားထားပါ။

၁၅။ ၁၅ ရက်၊ ၁၅ လအတွင်း ကလေးချူချာရင် – ခေါပန်း တောင်းမှာ မုန့်ညှက်ကို ကလေးရုပ်လုပ်ပြီး ထမင်း၊ အမဲသားတွေ ထည့်ကာ အရှေ့မြောက်အရပ်မှာ သွားထားပါ။

လုပ်ရမယ့်အချိန်ကတော့ ကလေးမွေးတဲ့အချိန်မှာ ဖြစ်ပါတယ်။ ရောဂါ နာတာရှည်လာပြီဖြစ်ရင် လုပ်ကြည့်ပါ။ သုံးခါထက်ပိုမလုပ်ရ။

ရေးသားသူ –Htet Aung Shine

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။