စက်တင်ဘာလအတွက် ၁၂လရာသီခွင်တားရော့ဗေဒင် (Part-2)

Astrology
စက်တင်ဘာလအတွက် ၁၂လရာသီခွင်တားရော့ဗေဒင် (Part-2)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စက်တင်ဘာလအတွက် ၁၂လရာသီခွင်တားရော့ဗေဒင် (Part-2) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စက်တင်ဘာလအတွက် ၁၂လရာသီခွင်တားရော့ဗေဒင် (Part-2)
Capricorn

ပြန့်ကျဲနေသောအရာရာ သူ့ဟာလေးနဲ့သူနေသားတကျဖြစ်လာတာက September မှာ အကောင်းဆုံးရှာယူနိုင်တဲ့လက်ဆောင် ဖြစ်ပါလိမ့်မယ် ။ Blocked ဖြစ်နေသော Creativity တွေ ပွင့်ကျလာနေတယ် ။ နည်းအသစ်တွေ ၊ အပြောင်းအလဲတွေကို လက်ခံကြိုနေဖို့ရှိတယ် ။

September ဟာ Complete မဖြစ်သေးတောင်မှ ၂၀၂၃ တစ်နှစ်လုံးဆက်နေခဲ့တဲ့ Jigsaw Puzzle အတွက် အရေးပါတဲ့ထောင့်ချိုးတွေ ၊ အသွင်တူရာ အရောင်တူရာတွေ ပေါ်လွင်လာတဲ့ခံစားချက်မျိုးဖြစ်ပါလိမ့်မယ် ။

အချစ်ရေးတည်ငြိမ်မှုတွေ ပြန်ရောက်လာနေပါပြီ ။ ပြသနာလည်းကြီးကြီးမားမားမရှိ ဖြေရှင်းလို့လည်းမရဆိုတာကြီးက မကြာခင်လွန်မြောက်လာတော့မယ် ။ အဖြေရယ်တော့မတွေ့ဘူး ။ ရှာလည်းမနေတော့ဘူး ။ မဝေးနိုင်ရင် ပြေလည်ကြစို့ဆိုတဲ့ Energy မျိုးဖြစ်မယ် ။

Single တွေအတွက်လည်း Crush နဲ့ပတ်သက်သော သတင်းကောင်းတွေမျှော်လင့်ထားနိုင်မယ် ။ ချစ်သူရကိန်းရှိတယ် ၊ သို့ပေမယ့် Mercury Retrograde Season မို့ Check List အရှည်ကြီးနဲ့ကိုက်မှပဲ လက်တွေ့ကျကျတိုးဝင်ပါ ။

September ဟာ စိန်ခေါ်မှုတွေကုန်သွားတယ်တော့မဟုတ်ဘူး ။ ကျော်လွန်နိုင်တဲ့အင်အား ပိုများလာတယ်လို့ အဖြေထုတ်ချင်တယ် ။ ခေါင်းမာမနေတော့ဘူး ၊ ဇီဇာမကြောင်နေတော့ဘူး ။ Imperfect ဖြစ်တဲ့ Result တွေကိုချစ်တတ်လာတယ် ။

ဒီ Reality မှာ ဒီရလာဒ်ဟာမလှပေမယ့် အသင့်တော်ဆုံးဆိုတာ လက်ခံတတ်လာတယ် ။ ဒါက အချိန်တွေအများကြီး Save လုပ်သွားပြီး နောက်ထပ် Focus စိုက်ချင်တာတွေကို အချိန်ထွက်လာစေတယ် ။ Habit အသစ်တွေလုပ်ယူပြီး Lifestyle ကို ပြန်တည့်မတ်ပါတော့မယ် ။

တက်လမ်းနဲ့ပတ်သက်လို့ အခွင့်အရေးတွေပေါ်လာဖို့ရှိတယ် ။ Passion ဖြစ်စရာအလုပ်အသစ် ဝါသနာအသစ်တွေရောက်လာဦးမယ် ။ မြန်မြန်လာမြန်မြန်ပျောက်သွားတတ်လို့ အိအဂျိဂျများမနေပါနဲ့ ။ ကျန်းမာရေးမှာ Exhaustion နဲ့ပတ်သက်တာပဲစိတ်ပူပါတယ် ။

လသာပြီမို့ ကစားလည်းကစားပါ နားလည်းနားပါ ။ September မှာ Social ပိုင်းဟာတော့ နည်းနည်းငြိမ်တယ်ပြောရမယ် ။ Solitude is the Key ပါ ။ ဒီတစ်လတော့ ဖြစ်သမျှအကြောင်း အကောင်းလို့လက်ခံရမယ် ။ လက်တွေ့ဆန်သူကြီးတွေအတွက် September မှာတော့ Follow your Gut လို့ ပြောချင်ပါတယ် ။

Cancer

September ဟာ Focus လုပ်ချင်တာတွေ အများကြီးယူလာပေးဖို့ရှိတယ် ။ ဆန္ဒအများစုက စိတ်လိုလက်ရအာရုံစိုက်ချင်တာမို့ ပင်ပန်းလည်းတန်တယ်လို့ပြောရနိုင်ပေမယ့် တချို့တလေဟာတော့ မဖြစ်သာလို့အချိန်ပေးရတာ ၊ ကိုယ့်စိတ်ကိုတရွတ်ဆွဲခေါ်ရတာမျိုးလည်း ပါပါလိမ့်မယ် ။ ဘာတွေဖြစ်မလဲကြည့်ရအောင် ။

ဒီတစ်လဟာ Impulsive Buying ရယ် Stress Eating ပြသနာရှိသူတွေအတွက် အများကြီး Progress ရစေမယ့်လဖြစ်ပါတယ် ။ Emotional ပြသနာတွေကို အဓိကကုစားဖို့စီစဥ်ဖြစ်နေမယ် ။ အခုတောင်မှ ကြိုတင်ပြီး Plan ချထားပြီးလောက်ပြီထင်တယ် ။ Habit ကောင်းတွေစဖို့ သင့်တော်တဲ့လပါ ။

ဘယ်လိုနည်းလမ်းရှိမလဲ တွေးနေမယ်ဆိုရင် Indoor Planting ရယ် Journaling ဖက်စမ်းသပ်ကြည့်ပါ ။ Nurture ဖြစ်လိုသူတွေမို့ ကိုယ့်ဂရုစိုက်မှုအောက် အပင်ငယ်လေး Grow ဖြစ်လာတဲ့အခါ Happy Mood လေးရနေဖို့ရှိတယ် ။

Journaling မှာဆိုလည်း မအိပ်ခင်ပဲဖြစ်ဖြစ် အားလပ်ချိန်လေးတွေဖြစ်ဖြစ် တစ်ကြောင်းနှစ်ကြောင်းလောက် တစ်ရက်တာရဲ့ Mood တွေအကြောင်း ချရေးထားတာမျိုးလည်း Progress ပိုကောင်းလာတာကို ပြန်ခြုံကြည့်နိုင်စေသလို Mental Health ကို အများကြီး Helpful ဖြစ်ပါလိမ့်မယ် ။

စက်တင်ဘာထဲ အတက်အကျအများဆုံးဟာ လူမှုရေးဖြစ်ပါလိမ့်မယ် ။ ကိုယ်တွေ့လိုသူတွေလည်း ကြံဖန်တွေ့နေဖို့ရှိတယ် ။ မတွေ့လိုသူတွေလည်း အကြောင်းကြောင်းနဲ့ဆုံနေရတတ်တယ် ။ နီးစပ်သူအချို့နဲ့အနေဝေးသွားတတ်ပြီး မိတ်ဆွေကောင်းအသစ်တွေ ထပ်ဝင်လာပါလိမ့်မယ် ။ ပြောရရင် August ကတည်းမှာတော့ ဒီအရာတွေသိသာနေပါပြီ ။

Social ပိုင်းမှာ Big Changes Ahead လို့အလွယ်ပြောနိုင်တာမို့ အနားမရှိလိုသူတွေအတွက် ခေါင်းမာမနေသင့်ဘူး ။ Whatever will be, Will be ဆိုတာလေး လက်ကိုင်ထားပါ ။ မိသားစုနဲ့ စကားတွေပိုပြောဖြစ်မယ် ။ မပွင့်မလင်းဆက်ဆံရေးကနေ ကိုယ်ဖြစ်ချင်တာ အဆင်မပြေတာတွေ ထုတ်ပြောနိုင်လာမယ် ။ ဖခင်နဲ့ဆက်ဆံရေးတော့ ဂရုစိုက်သင့်တယ် ။

အလုပ်အခွင့်အလမ်းတွေရောက်လာသလို ၊ ကိုယ်တိုင်ဖန်တီးယူလိုတာ စချင်တဲ့လုပ်ငန်း တက်ချင်တဲ့သင်တန်းတွေ ပြုံဝင်လာဖို့ရှိတယ် ။ Multitask လုပ်တဲ့နေရာမှာ Me Time လေးတစ်ခု အမြဲတမ်းချန်ပါ ။ ဒီတစ်လဟာ Productive ဖြစ်မယ် ၊ ပိုကြိုးစားတယ် ငွေပိုရှာနိုင်မယ် ၊ စိတ်လည်းပိုပင်ပန်းရမှာမို့ အခုန Houseplant လေးတွေလိုပဲ ကိုယ့်စိတ်ကို ရေလောင်းပေါင်းသင်နေဖို့လိုတယ် ။

ကျန်းမာရေးအတွက် ငွေကုန်ရတတ်ပါတယ် ။ ပန်းနာရင်ကျပ် အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်သောရောဂါ ၊ ဒူးနဲ့ပတ်သက်တာ ဝက်ခြံပြသနာတွေသတိပြုပါ ။ ဒီလမှာပဲ လိုအပ်တဲ့ဆေးဝါးတွေ ၊ Skincare တွေ ငွေကုန်ခံဝယ်ထားဖြစ်ပါဦးမယ် ။ ၂၀၂၃ ရဲ့ကစဥ့်ကလျားကိစ္စတွေ ပိုစနစ်ကျလာတော့မှာပါ ။ အချစ်ရေးအဆင်ပြေပါတယ် ၊ ကြံဖန်ချစ်တတ်နေမယ် ။ လုပ်ချင်ကိုင်ချင် အချိန်ပေးချင်တာများသောလမို့ လက်ထဲငွေအဆောင်ကလေးတစ်ခု Save ထားသင့်ပါတယ် ။

Aries

အစေးမကပ်သောအရာတွေနဲ့ ပိုပြီးနားလည်မှုရှိလာတော့မယ် ။ ဘယ်နေရာအဆင်ပြေချင်သော်လည်း မပြေနေခဲ့လည်းပြန်တွေးပါ ။ Ellie ကတော့ အဆင်မပြေနေသောအချစ်ရေးကို အဓိကသက်ရောက်မယ် မြင်ထားတယ် ။ ကိုယ့်အလွန်တွေ စိတ်ခံစားချက်ကိုအသားပေးခဲ့တာတွေ (ရှိခဲ့ရင်) ပြန်ပြီးမြင်လာခွင့်ရမယ် ။ သူ့အလွန်တွေလည်း ပိုသဘောပေါက်လာမယ် ။

September ဟာ မေးခွန်းများစွာပြန်မေးရပြီး အဖြေတွေလည်းရပါလိမ့်မယ် ။ Venus Retrograde ပြီးဆုံးတော့မှာမို့ ငွေကြေးနဲ့အချစ်ရေးမှာ ပြသနာတစ်ဝက်လောက်အဆင်ပြေပါပြီ ။ အထူးသဖြင့် လမ်းပျောက်ခြင်း ၊ မွန်းကြပ်ခြင်းနဲ့ပတ်သက်တာတွေပေါ့ ။ ကိုယ့်ကိုကိုယ် ပြန်ရှာတွေ့လာမယ် ။

ဒီလဟာတော့ အားတုံ့အားနာနည်းနည်းနဲ့ တည့်တိုးဆန်နေမယ့်လဖြစ်ပါတယ် ။ အခြားသူ Favor တွေ Drama တွေဆီကအနားယူတော့မယ် ။ စိတ်အနားယူချင်ရင် ယူချလိုက်မယ် ၊ ပျော်ချင်ရင်ပျော်လိုက်မယ် ။ အတွေးလွန်မနေတော့ဘူး ၊ Toxic ဆန်သောမိသားစုရေး အချစ်ရေးနဲ့ပတ်သက်လို့ ပြတ်သားနိုင်လာမယ် ။

အချိန်အားဖြင့် ၁၄ ရက်နေ့က ၁၆ ရက်ဝန်းကျင် Mercury ပြန်ပြီး Direct ဖြစ်တာရယ် Virgo New Moon ပတ်ချာလည်မှာ အပြောင်းအလဲဖြစ်ချင်ပြီး ငဲ့နေတွက်နေခဲ့ရတာတွေ အကောင်အထည်ဖော်လာလိမ့်မယ် ။ စက်တင်ဘာဟာအစနှေးသော်လည်း Progress အရ ခရီးရောက်ပါလိမ့်မယ် ။

အလုပ်ပိုတိုးလုပ်ဖြစ်မယ့် တစ်လတာဖြစ်ပါတယ် ။ စပ်တူအလုပ်လေးတွေ ပိုအားသာတယ် ။ ပညာရေးမှာဆိုလည်း ပူးပေါင်းစာကျက်တာ ၊ အပျော်အပါးဆိုလည်း မိတ်ဆွေအချို့နဲ့ ပျော်စရာ Activity ကြီးကြီးရှိတတ်တယ် ။

ဒီလို Busy Month မို့ Personal Space ယူလိုက် ၊ ပြန်ပေါ်လာလိုက် ပြန်ပျောက်သွားလိုက်တော့ မျှော်လင့်ထားတယ် ။ ဝင်ငွေပိုင်းမှာ သတ္တိရှိရှိတိုးလုပ်တဲ့အရာတွေဟာ Reward ပေးပါလိမ့်မယ် ။ Rush ဖြစ်ဖို့တော့မပြောလိုဘူး သို့သော် Manage လုပ်နိုင်တဲ့ Risk ဆိုယူချလိုက်ပါ ။

September ကိုစကားလုံးတစ်လုံးနဲ့ဖော်ပြပါဆိုရင် “Future Security” လို့သတ်မှတ်ပါတယ် ။ အနာဂတ်အတွက်ကောင်းတာတွေ အနစ်နာခံတွန်းလုပ်မယ် ၊ ဖယ်စရာဆူးတွေဖယ်ထုတ်မယ် ။ ချက်ချင်းနီးပါး အကျိုးခံစားဖို့မဟုတ်သေးပေမယ့် တချိန်အကျိုးရှိလာမယ့်အရာတွေ မျိုးစေ့ချလာနိုင်ပါလိမ့်မယ် ။

ကျန်းမာရေးမှာ Fatigue လို့ပြထားတယ် ။ August မှာတအားတွန်းထားခဲ့တာတွေ အားပြန်ဖြည့်ပါ ။ ပထမတစ်ပတ်ဟာ စိတ်အနားယူမှုသက်သက်ဖြစ်သင့်တယ် ။ သက်ကြီးပိုင်းထက်စာရင် ပြည်ပရောက်နေသူ ၊ ငယ်ရွယ်သူ ၊ ကျန်းမာတယ်ဆိုပြီး ပေါ့ဆနေသူတွေ ကျန်းမာရေးကြောင့်ငွေကုန်ရဖို့ရှိပါတယ် ။

Gemini

September မှာ Family Life နဲ့ပတ်သက်လို့တော့ စကားအသွားအလာလေးတွေ ဂရုစိုက်ဖို့လိုတယ် ။ Reasonable မဖြစ်သောစကားတွေ တောင်းဆိုမှုတွေ ကြားလာရတတ်သလို ကိုယ်တိုင်ကလည်း စိတ်လိုက်မာန်ပါပြုမူမိတတ်တယ် ။ ဒီတစ်လောမှာတော့ စကားနည်းရန်စဲ အဆင်ပြေဆုံးဖြစ်ဖို့ရှိတယ် ။

နောက်တစ်ခုက လူမှုရေးပေါ့ ။ လူမှုရေးအညံ့လေးရှိပါတယ် ။ အထင်လွဲစွပ်စွဲမှုတွေ ကြုံရတတ်တယ် ။ လူတစ်ချို့လွှတ်ချခဲ့ရနိုင်တယ် ။ အထူးသဖြင့် အတိတ်မှာအတင်းအကြပ် Fit In လုပ်ခဲ့ရတာတွေကို ဆက်ပြီးမကြိုးစားချင်တော့ဘူး ။ ထင်ချင်ရာထင် နေချင်သလိုနေမယ်ဆိုတဲ့ Mood ဖြစ်နေရဖို့ရှိတယ် ။

Work Life မှာတော့ စေတနာထားသောအလုပ်တွေ အကျိုးအမြတ်ပေးပါလိမ့်မယ် ။ ဒါကြောင့်မို့ စျေးလေးပဲရောင်းရောင်း အကြည်ဓာတ်လေးထိန်းထားပါ ။ Personal ပြသနာတွေ အလုပ်ခွင်ထဲယူမလာသင့်ဘူး ။ ကိုယ်ပေးနိုင်တာလေးထက် မေတ္တာလေးပိုထားပေးနိုင်ရင် ကံပိုတက်စေလိမ့်မယ် ။ အကူအညီကောင်းရတတ်ပါယ် ။

September မှာ အဆင်အပြေဆုံးလူဟာ ကိုယ်တိုင်ပဲဖြစ်နေပါလိမ့်မယ် ။ ကိုယ့်ကိုကိုယ်ချစ်မယ် ၊ အလိုလိုက်မယ် ၊ ပိုပြီး Healthy ဖြစ်တဲ့ပတ်ဝန်းကျင်ကို ခေါင်းမာမာနဲ့ရွေးချယ်လာနိုင်မယ် ။ ပြတ်သားမှတော်ကာကျမယ်ဆိုတဲ့စိတ်ဟာ အခု August အကုန်ကနေကို September တစ်လလုံး လွှမ်းမိုးထားဖို့ရှိတယ် ။

အချစ်ရေး Single တွေအတွက် အနည်းငယ်တော့အထီးကျန်နေနိုင်တယ် ။ လဆန်းပိုင်းမှာငြိမ်သက်နေပြီး Retrograde အထွက် ဒုတိယအပတ်အကုန်လောက်မှာမှ Flirt လုပ်တာလေးတွေ ၊ Casual Dating လေးတွေ ပိုအသက်ဝင်လာဖို့ရှိတယ် ။ ဒီတစ်လမှာ Crush နဲ့ပတ်သက်ပြီး စိတ်အပြောင်းအလဲဖြစ်လာဖို့ရှိတယ် ။

Relationship ရှိသူတွေအတွက်တော့ ပိုပြီး Challenge များနိုင်ပါတယ် ။ တစ်ကိုယ်ထဲနေချင်တယ် ၊ တာဝန်ဝတ္တရားတွေက ရုန်းထွက်နေချင်တယ် ။ စိတ်ကုန်တာတော့မဟုတ်ဘူး ၊ တခဏတာဖြစ်ဖြစ် အားလုံးမေ့ထားချင်တာမျိုးပါ ။ ဖြစ်နိုင်ရင် Personal Space လိုအပ်ကြောင်း ပွင့်ပွင့်လင်းလင်းတောင်းယူပါ ။

Move On ဖြစ်လိုသော်လည်း ပြသနာတွေကျန်သေးတာ ၊ အတိတ်ကရုန်းမထွက်နိုင်သေးတာတွေမှာ ဒီတစ်လထဲအဖြေပေါ်နိုင်ပါတယ် ။ Sensitive ဖြစ်ပြီး စိတ်တော့ရှုပ်နေရတတ်တယ် ၊ Emotion ကိုအရှုံးမပေးပါနဲ့ ။ ကျော်ဖြတ်ဖို့လိုအပ်လို့ အထိအခိုက်အနည်းဆုံးနဲ့သာ ကျော်ဖြတ်ပါ ။

ကျန်းမာရေးအားမရပါဘူး ။ အထူးသဖြင့် Mental Health ပါ ။ Conflicts တွေလျော့ပါ ။ Stress တွေလျော့ပါ ။ September ကံကောင်းခြင်းမှာ ကိုယ့်အတွင်းစိတ်ရယ် ၊ အလုပ်နဲ့တက်လမ်းကို သေချာလေးပြန်ရှာတွေ့နိုင်လိမ့်မယ် ။ Drama ကိစ္စတွေရှောင်ပါ ။ အပူအအေးကြောင့်ဖြစ်တဲ့ဝေဒနာတွေ ၊ အဆုတ်နဲ့ပတ်သက်ပြီး မပေါ့ဆသင့်ဘူးမြင်ပါတယ် ။

Scorpio

ကြိတ်ပြီးမွန်းကြပ်ခဲ့တာတွေ September မှာ ပြန်အသက်ရှူချောင်လာပါပြီ ။ လှုပ်လှုပ်ရှားရှားတော့ သိပ်မရှိဘူး ။ ထင်ထင်ပေါ်ပေါ်မဖြစ်လိုဘူး ၊ Attention တွေမယူချင်ဘူး ။ ငြိမ်ငြိမ်သက်သက်လေးပဲ လုပ်စရာရှိတာတွေလုပ်ဖြစ်နေမယ် ။

စီးပွားရေးနဲ့တက်လမ်းပိုင်းမှာ ကြိတ်ပြီးကြိုးစားနေနိုင်ပါတယ် ။ အခုတော့ပေးမသိဘူး ၊ တချိန် Result နဲ့သက်သေပြမယ် ဆုံးဖြတ်ထားဖို့ရှိတယ် ။ ပိုပြီးတော်လာဖို့ ၊ ပိုပိုပြီးငွေရှာနိုင်လာဖို့ ကိုယ့်ကိုကိုယ်ပြိုင်ဆိုင်နေတဲ့ တစ်လတာဖြစ်ပါလိမ့်မယ် ။

နှလုံးသားရေး အတက်အကျသိသာပါလိမ့်မယ် ။ လက်တွေ့မဆန်သောအချစ်ရေးတွေ အထိအရှများတတ်တယ် ။ သဲထဲရေသွန်ဖြစ်ရတတ်လို့ စေတနာမပိုစေချင်ဘူး ။ Expectation လျော့ပါ ။ ကိုယ်ပေးတာကိုသူမရဘူးလို့ ခံစားနေရတတ်တယ် ။

Single တွေအနေနဲ့လည်း ချစ်ရင်သော်မှ Relationship ထဲမဝင်လိုသေးဘူး ။ စိတ်ထဲကိုယ်ကြိုက်တဲ့/မကြိုက်တဲ့အချက်တွေ ပိုတွေ့လာနိုင်သေးတယ် ။ လက်ခံဖို့ဖြစ်စေ ငြင်းပယ်ဖို့ဖြစ်စေ တစ်ခုခုတွေးထားရင် အနည်းဆုံးတော့ ၁၆ ရက်နေ့နောက်ပိုင်းကိုရွေ့စေချင်တယ် ။ နောက်လထိစိတ်ရှည်နိုင်ရင်တော့ ပိုကောင်းပါတယ် ။

Relationship ရှိသူတွေကြား အာရုံစိုက်စရာတွေများနေပါတယ် ။ ပြသနာရယ်တော့မဟုတ်ဘူး ။ ကိုယ်စီဘဝမှာ Focus လုပ်ရမှာတွေများပြီး အချိန်မပေးနိုင်ဖြစ်ရတတ်တယ် ။ စိတ်ပင်ပန်းနေတာမို့ ထိရှလွယ်နေတယ် ၊ သူနဲ့ကိုယ့်အကြား Intense Emotion ရှိလို့ တချို့သောကိစ္စအဆင်ပြေသော်လည်း ကျန်တဲ့အချိန် နားလည်မှုနည်းနေနိုင်ပါတယ် ။ စကားကုန်မပြောသင့်ဘူး ။

ပညာရေးအရ စီးပွားရေးအရ နှလုံးသားရေးအရ ရှေ့တိုးရအခက် နောက်ဆုတ်ရအခက်ဖြစ်နေသူတွေ ဒီလကုန်ပိုင်းအထိစောင့်ပါဦး ။ ကြားမှာ ဆုံးဖြတ်ချက်ကိုအထောက်အကူပေးမယ့် အချက်အလက်တွေရလာဦးမယ် ။ ဒီတော့မှပဲ တစ်ပေါင်းထဲဆုံးဖြတ်ပါ ။ လက်ရှိအချိန်မှာ အခွင့်အရေးကိုဖမ်းဆုပ်ဖို့ Mindset ကြိုပြင်ထားသင့်တယ် ။

ကိုယ်ပိုင်အလုပ်နဲ့ပတ်သက်လို့ ပြည်ပကိစ္စ ၊ နယ်ဝေးကိစ္စတွေ ပေါ်လာတတ်ပါတယ် ။ ပေါ်လာခဲ့သော် ကောင်းမွန်ခြင်းရှိတယ် ။ ပြည်ပနဲ့ဆက်စပ်လို့ အကျိုးအမြတ်ရဖို့ရှိတယ် ။ ပြည်ပထွက်လိုသူတွေ ၊ ပြည်ပပညာရေးမျှော်လင့်နေသူတွေ Scholarship ကိစ္စတွေ ကံကောင်းတဲ့ဖက်ရှိထားတယ် ။

ကျန်းမာရေးဆိုတာထက် September ဟာ Heartbreak လို့ဖော်ပြနေပါတယ် ။ ချစ်တဲ့သူကြောင့် စိတ်နာကျင်ရတတ်တယ် ။ တစ်ကိုယ်ထဲအချိန်လေးတွေယူပါ ။ ကိုယ့်ကိုကိုယ်ချစ်ပါ ။ အရိုးအဆစ်နဲ့ပတ်သက်လို့ ဂရုစိုက်ပါ ။ Stress And Burn-out ပြသနာလေးတွေရှိလို့ ကြိုးလည်းကြိုးစား နားတော့လည်းနားပါလို့ အကြံပြုပါတယ် ။

ရေးသားသူ –ELLIE

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။