မြန်မာငွေ သိန်း ၃၀ ကျော်တဲ့ Balenciaga ဖက်ရှင်အမှတ်တံဆိပ် တဘက်စောင်စကတ်

International News
မြန်မာငွေ သိန်း ၃၀ ကျော်တဲ့ Balenciaga ဖက်ရှင်အမှတ်တံဆိပ် တဘက်စောင်စကတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာငွေ သိန်း ၃၀ ကျော်တဲ့ Balenciaga ဖက်ရှင်အမှတ်တံဆိပ် တဘက်စောင်စကတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာငွေ သိန်း ၃၀ ကျော်တဲ့ Balenciaga ဖက်ရှင်အမှတ်တံဆိပ် တဘက်စောင်စကတ်

ဇိမ်ခံဖက်ရှင်အမှတ်တံဆိပ် Balenciaga က နောက်ဆုံးထွက်အမိုက်စားအဝတ်အထည်ကို ထုတ်ပြခဲ့ပါတယ်။ နောက်ဆုံးထွက်ရှိခဲ့တာက တဘက်စောင်စကတ်ပါပဲ။ ဒီစကက်ရဲ့ဈေးနှုန်းက လူအများပြောစရာဖြစ်စေခဲ့ပါတယ်။

ခါးမှာ တဘက်စောင်ပတ်ထားသလို ပုံစံ စကတ်ထွင်ဖို့ ဖက်ရှင်အမှတ်တံဆိပ်ရဲ့နောက်ကွယ်က ဖန်တီးသူ ဒမ်နာ ဂဗာဆာလီယာက စိတ်ကူးရခဲ့တာပါ။ ဒီတဘက်စောင်စကတ်ကို မကြာသေးခင်ကမှ ထုတ်ခဲ့ပြီး သူ့ရဲ့ဈေးနှုန်းကတော့ အံ့ဩစရာပါပဲ။ ဒီစကတ်ကို Spring 2024 show မှာ ပွဲထုတ်ခဲ့တာပါ။

ဒီစကတ်ရဲ့အရှည်က ဒူးကျော်ပြီး terry-cotton သားနဲ့ ပြုလုပ်ထားတာပါ။ မိန်းကလေးရော ယောက်ျားလေးရော ဝတ်လို့ရပါတယ်။ ဒီတဘက်စောင်စကတ်ရဲ့ဈေးနှုန်းက မြန်မာငွေ သိန်း ၃၀ ကျော် (ဒေါ်လာ ၉၂၅) ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကတော့ စကတ်ဟာ ငွေအများကြီးကုန်ကျခံပြီး ဝယ်ရလောက်တဲ့အထိ ဘာမှမထူးခြားဘူးလို့ ပြောဆိုခဲ့ကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။