သူမကိုရန်စကာ ပွဲလာရှာတဲ့သူတွေကို ပညာသားပါပါ စကားလုံးလှလှလေးတွေနဲ့ တုံ့ပြန်လိုက်တဲ့ မင်းသမီးမြတ်သူသူ

Celebrity Local News
သူမကိုရန်စကာ ပွဲလာရှာတဲ့သူတွေကို ပညာသားပါပါ စကားလုံးလှလှလေးတွေနဲ့ တုံ့ပြန်လိုက်တဲ့ မင်းသမီးမြတ်သူသူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူမကိုရန်စကာ ပွဲလာရှာတဲ့သူတွေကို ပညာသားပါပါ စကားလုံးလှလှလေးတွေနဲ့ တုံ့ပြန်လိုက်တဲ့ မင်းသမီးမြတ်သူသူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူမကိုရန်စကာ ပွဲလာရှာတဲ့သူတွေကို ပညာသားပါပါ စကားလုံးလှလှလေးတွေနဲ့ တုံ့ပြန်လိုက်တဲ့ မင်းသမီးမြတ်သူသူ

ပရိသတ်ကြီးရေ ” ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ မြညို ဆိုတဲ့ဇာတ်ကောင်နဲ့စတင်ကာ ပရိသတ်တွေ အသိအမှတ်ပြုပေးလာတဲ့ မင်းသမီးလေး မြတ်သူသူ ကတော့ ရိုးယဉ်ယဉ်လေးနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင် အောင်သရုပ်ဆောင်တတ်သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ်မှာလည်း တလေးတစားဆက်ဆံတတ်သူလေး ပဲ ဖြစ်တာကြောင့် ရန်ကုန်ပရိသတ်တွေသာမက နယ် ပရိသတ်တွေပါ အမြဲချစ်ခင်အားပေးခြင်းခံရသူလေးပါ။ အခုချိန်မှာ အိမ်ထောင်ကျသွားပေမယ့်လည်း ပရိသတ်တွေကတော့ချစ်မြဲချစ်ဆဲပါပဲ။

သူမရဲ့အိမ်ထောင်ရေးကတော့ မြင်သူတိုင်းအားကျခဲ့ရတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားကာ အိမ်ထောင်ဘက်တင် သာမက ယောက္ခမဆွေမျိုးအသိုင်းအဝိုင်းကပါ သူမအားတန်ဖိုးထားချစ်ခင်ခြင်းခံရသူလေးပါ။ ခင်ပွန်းရဲ့အရိပ်တကြည့်ကြည့်အချစ်ခံရမှုတွေကိုမကြာမကြာပြောပြလေ့ရှိတဲ့သူလေးမို့ဝေဖန်အတိုက်အခိုက်တွေကလည်း အမြဲ ဖြစ်ပေါ်လျက်ရှိတာပါ။

လက်ရှိမှာလည်း “ကိုယ့်ဘဝ ကိုယ့်အကြောင်းကလွဲလို့ သူများအကြောင်းလည်းမပြောခဲ့ဖူးသလို စိတ်လည်းမ ဝင်စားတာမို့ တမင်ပွဲလာလာရှာနေတာသိလည်း ကိုယ့် ဘက်က တုံ့ပြန်စရာ ဘာမှမရှိပါဘူးနော်ဒါကြောင့်ဒီဘဝ လေးမှာ စိတ်ချမ်းသာရအောင်နေသွားဖို့ပဲ ခေါင်းထဲရှိ တာမို့ ပွဲလာရှာလည်း ပြုံးပြယုံပဲရှိပါတယ် ဗ ဗ ဗ အသက်တွေလည်း မငယ်တော့ဘူးလေသေခါနီးနေပြီဆို တော့ အသိရှိသင့်တယ်ပဲ တွေးပါတယ် ” ဆိုကာသူမရဲ့ စိတ်ခံယူချက်လေးကို ေဖာ်ပြလာခဲ့တာပါ။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။