သတ္တုရှာဖွေရေးကိရိယာအဟောင်းသုံးပြီး အင်္ဂလန်သမိုင်းမှာ အကြီးမားဆုံး ရွှေအရိုင်းတုံး ရှာဖွေတွေ့ရှိခဲ့သူ

International News
သတ္တုရှာဖွေရေးကိရိယာအဟောင်းသုံးပြီး အင်္ဂလန်သမိုင်းမှာ အကြီးမားဆုံး ရွှေအရိုင်းတုံး ရှာဖွေတွေ့ရှိခဲ့သူ

ဟောင်းနွမ်းနေတဲ့ သတ္တုရှာဖွေရေးကိရိယာ အသုံးပြုပြီး ရတနာရှာဖွေခဲ့သူတစ်ယောက်ဟာ အင်္ဂလန်နိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး ရွှေအရိုင်းတုံးတစ်တုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရစ်ချက်ဘရွန်ဟာ သူ့အိမ် တည်ရှိရာ ဆွန်မာဆက်ကောင်တီကနေ ၃ နာရီခွဲ ကွာဝေးတဲ့ လယ်တောတစ်ခုထဲမှ ရတနာရှာဖွေရေးအစီအစဉ်မှာ ပါဝင်ခဲ့တာပါ။ သူဟာ ရတနာရှာဖွေမှုလုပ်ဖို့ ပြင်ဆင်နေရင်း သတ္တုရှာဖွေရေးကိရိယာ ပျက်သွားလို့ အရန် ဆောင်လာတဲ့ ကိရိယာအဟောင်းကို အသုံးပြုခဲ့ရပါတယ်။

ဒါပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ သူ့ဘဝတစ်လျှောက်မှာရော၊ အင်္ဂလန်နိုင်ငံသမိုင်းတစ်လျှောက်မှာပါ အကြီးမားဆုံးတွေ့ရှိမှုအဖြစ် ၆၄.၈ ဂရမ်အလေးချိန်ရှိတဲ့(၂.၂၈ အောင်စ) ရွှေအရိုင်းတုံးကို တွေ့ရှိခဲ့တာပါ။ အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ရစ်ချက်ဘရွန်ဟာ ၃၅ နှစ်တိုင်တိုင် ရတနာရှာဖွေရေးလုပ်လာခဲ့တာပါ။

” သူများတွေထက် ၁ နာရီနောက်ကျပြီးမှ စတင်ရှာဖွေရလို့ ဘာမှမရလောက်တော့ဘူး ထင်နေတာပါ။ ရတနာရှာဖွေနေသူအားလုံးကလည်း နောက်ဆုံးပေါ် သတ္တုရှာဖွေရေးကိရိယာတွေ သုံးနေကြတာလေ။ ကျွန်တော့်ကိရိယာက တော်တော်ဟောင်းနေပြီ။ ဒါပေမဲ့ ရတနာရှာဖွေတဲ့နေရာမှာ ကိရိယာဟောင်းတာ၊ သစ်တာ မဆိုင်ကြောင်း ပြသမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့တာပါ။ ဒီရွှေအရိုင်းတုံးက မြေကြီးအောက် ၅ လက်မ၊ ၆ လက်မမှာ မြုပ်နေတာပါ”လို့ ရစ်ချက်ဘရွတ်က ဆိုပါတယ်။

ရစ်ချက်ဘရွတ် တွေ့ရှိခဲ့တဲ့ ရွှေအရိုင်းတုံးကို Hiro’s Nugget လို့ အမည်ပေးထားပြီး လေလံတင် ရောင်းချသွားမှာပါ။ လေလံပွဲကို ဧပြီလ ၁ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ဒေါ်လာသောင်းချီ ရရှိမယ်လို့ မျှော်လင့်ထားပါတယ်။ ရွှေအရိုင်းတုံး ရောင်းချရာကနေ ရရှိလာတဲ့ ငွေကြေးကို (ရွှေအရိုင်းတုံးတွေ့ရှိရာနေရာမှ) မြေပိုင်ရှင်နဲ့ ခွဲဝေယူသွားမယ်လို့ ရစ်ချက်ဘရွတ်က ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။