ကုန်တင်သင်္ဘော ဝင်တိုက်မိလို့ တံတားတစ်စင်း နှစ်ပိုင်းပြတ်ပြီး အနည်းဆုံး လူ ၅ ဦး thayဆုံး

International News
ကုန်တင်သင်္ဘော ဝင်တိုက်မိလို့ တံတားတစ်စင်း နှစ်ပိုင်းပြတ်ပြီး အနည်းဆုံး လူ ၅ ဦး thayဆုံး

ကုန်တင်သင်္ဘောတစ်စင်း ဝင်တိုက်ခဲ့မိလို့ တရုတ်နိုင်ငံမှ တံတားတစ်စင်း နှစ်ပိုင်းပြတ်သွားခဲ့ပြီး အနည်းဆုံး လူ ၅ ဦး thayဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၂ ရက်က တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့ လီစင်းရှာတံတားကို ကုန်တင်သင်္ဘောက ဝင်တိုက်မိခဲ့လို့ တံတား ထက်ပိုင်းပြတ်သွားချိန်မှာ ကားနှစ်စီး မြစ်ထဲပြုတ်ကျပြီး ကား ၃ စင်းကတော့ သင်္ဘောပေါ် ပြုတ်ကျခဲ့ပါတယ်။

အခင်းဖြစ်ပွားပြီးချိန် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ ထက်ပိုင်းပြတ်သွားတဲ့ တံတားအောက်မှာ ကုန်တင်သင်္ဘောတစ်စီးကို တွေ့ရမှာဖြစ်ပြီး သင်္ဘောဘေးမှာတော့ ရဲသင်္ဘောတွေ ကပ်ထားပါတယ်။ ကွမ်ကျိုးမြို့မှာရှိတဲ့ လီစင်းရှာတံတားဟာ နိုင်ငံတကာကုန်သွယ်ရေကြောင်းရဲ့ အချက်ချာကျတဲ့ နေရာတစ်ခုပါ။ တံတားကို ပြင်ဆင်မွမ်းမံဖို့ စီစဉ်ထားပေမဲ့ ပင်မအဆောက်အအုံပိုင်း ထိခိုက်မှာစိုးရိမ်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်း အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။