“ဒေါ်လာ ၁ သန်း ဆုရရှိမယ့် အမေရိကန် ဂြိုလ်သားဖမ်းပွဲ”

International News
“ဒေါ်လာ ၁ သန်း ဆုရရှိမယ့် အမေရိကန် ဂြိုလ်သားဖမ်းပွဲ”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “ဒေါ်လာ ၁ သန်း ဆုရရှိမယ့် အမေရိကန် ဂြိုလ်သားဖမ်းပွဲ” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“ဒေါ်လာ ၁ သန်း ဆုရရှိမယ့် အမေရိကန် ဂြိုလ်သားဖမ်းပွဲ”

မကြာခင်ရောက်ရှိလာတော့မယ် (ဟော်လို၀င်း) Halloween ပွဲတော်ကာလမှာ အမေရိကန်နိုင်ငံရှိ နာမည်ကျော် စက်မူပစ္စည်း ကုမဏီဖြစ်တဲ့ Amazon ပိုင် Ring ကုမဏီ ဟာ သူတို့ထုတ်လုပ်ထားတဲ့ ကင်မရာပါ တံခါးထဲမှာ ဂြိုဟ်သားပုံ၊ ဒါမှမဟုတ် သူတို့ရဲ့ လှုပ်ရှားပုံရိပ်၊ ယာဉ်ပျံတွေကို ကင်မရာထဲဖမ်းမိနိုင်ခဲ့ပါက သူတို့တံခါးတပ်ဆင်ထားတဲ့ အိမ်ပိုင်ရှင်ကို အမေရိကန်ဒေါ်လာ ဆုငွေ ၁ သန်း အမှန်တကယ် ပေးသွားမယ်လို့ ကြေညာထားခဲ့ပါတယ်။ ဂြိုဟ်သားပုံ ဖမ်းမိရုံနဲ့ ချမ်းသာသွားမှာ ဖြစ်ပါတယ်။

Ring’s alien-sighting လို့ခေါ်တဲ့ ဂြိုဟ်သားရှာပုံတော် ပြိုင်ပွဲကို ဟော်လိုး၀င်းပွဲ‌တော်ကာလအတွင်းမှာသာ ကျင်းပမှာဖြစ်ပြီး နို၀င်ဘာ ၃ရက်မှာ ပြီးဆုံးမယ်လို့ သိရပါတယ်။ ပျော်ရွှင်စရာပြိုင်ပွဲတစ်ခုဖြစ်သလို စူးစမ်းလေ့လာရမယ့်ပြိုင်ပွဲဖြစ်တယ်လို့ ပွဲစီစဉ်သူတစ်ဦးက ဆိုပါတယ်။

ပြိုင်ပွဲ၀င်သူတွေဟာ ကိုယ်ပိုင် ဗီဒီယိုတွေဖန်တီးပြီး ဂြိုဟ်သားဟန်ဆောင်လုပ်နေမှာကို သိတာကြောင့် မှတ်တမ်းဗီဒီတိုင်းကို ဂြိုဟ်သားရှာဖွေ၊ထောက်လှမ်းရေး အေဂျင်စီတစ်ခုက စစ်ဆေးသွားမှာဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

အခုလို ပြိုင်ပွဲကြောင့် အမေရိကန်ရှိ နေအိမ်များက တံခါးတွေကို Ring ကုမဏီရဲ့ တံခါးတွေကို ပြောင်းလဲတပ်ဆင်လာကြပြီး ဒါကတော့ ဈေးကွက်ထိုးဖောက်ဖို့အတွက် အကောင်းဆုံး အစီအစဉ်တစ်ခုဖြစ်ပါတယ်။ (အမေရိကန်တွေကတော့ လုပ်လိုက်ရင် အဆန်းတွေကြီးပါပဲ)
တကယ်လို့ ဒီကတွေလူလည်း လမ်းပေါ်မှာ ဂြိုဟ်သား တွေ့ခဲ့ရင် ဆယ်ဖီလ် လေးတစ်‌ပုံ လောက်ဆွဲခဲ့ဖို့ အကြံပေးချင်ပါတယ်။

ရေးသားသူ –POP PLUS

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။