အိပ်ရေးဝဝ အိပ်ပျော်စေဖို့

Health Knowledge
အိပ်ရေးဝဝ အိပ်ပျော်စေဖို့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိပ်ရေးဝဝ အိပ်ပျော်စေဖို့

ညဘက်တွေ အိပ်မပျော်တဲ့ ဝေဒနာဟာ အတော်ခံရခက်ပါတယ်။ လူက အိပ်ချင်ပေမဲ့ အိပ်မပျော်တာ၊ အချိန်လွန်မှန်း သိနေပြီး မျက်လုံးတွေ မှိတ်ထားပါလျက်နဲ့ အိပ်ပျော်မသွားတာ၊ အတွေးတွေ လွန်ပြီး အိပ်မရတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်ကြတဲ့သူတွေကလည်း အများသား။ ဒီတော့ အိပ်ဆေးမကူရပါဘဲ သဘာဝနည်းလမ်းတွေနဲ့ အိပ်ပျော်အောင် ဘယ်လိုလုပ်ကြမလဲ။

၁။ အိပ်ချိန်မှန်အောင် လုပ်ပါ။

စနေ၊ တနင်္ဂနွေလေးပဲ အိပ်ရတာကို၊ မနက်မထပါဘူး။ ဘာလဲ။ ညနေထိ အိပ်မှာဆိုရင်တော့ အိပ်စက်ခြင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ဆက်ပြီး ခံစားလိုက်ပါဦးရှင်။ ဘယ်လို ပိတ်ရက်ပဲ ဖြစ်ဖြစ်၊ ညတိုင်း ပုံမှန် အိပ်မယ်၊ မနက်ပုံမှန်ထမယ် ဆိုရင် ခန္ဓာကိုယ်ထဲက ဇီဝနာရီတွေကိုလည်း မှန်ကန်စေပြီး အိပ်မပျော်တဲ့ ပြဿနာတွေကို အထိုက်အလျောက် ပြေလည်သွားစေနိုင်မှာပါ။

၂။ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေဟာ သွေးလည်ပတ်မှု မှန်ကန်စေပြီး ခန္ဓာကိုယ်ကိုလည်း အထိုက်အလျောက် မောပန်းစေတာမို့ ကောင်းကောင်း အိပ်ပျော်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ဆိုလို့လည်း အားကြီးနဲ့ ပြင်းပြင်းထန်ထန်တွေ မလုပ်နဲ့ဦးနော်။ ယောဂတို့၊ အေရိုးဗစ်တို့လို လေ့ကျင့်ခန်းမျိုးတွေဆို အဆင်ပြေပါတယ်။ အိပ်ခါနီးမှ လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။

၃။ Gadget တွေကို ဝေးဝေးမှာ ထားပါ။

ဖုန်းနဲ့ တက်ဘလက်တွေက ထွက်တဲ့ အလင်းရောင်တွေက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ မီးရောင်က ဦးနှောက်ကို “မအိပ်နဲ့ဦး။ ဒါက နိုးနေရမယ့် အချိန်” ဆိုပြီး သတိပေးနေတာကြောင့် အိပ်မယ်ဆိုရင် အလင်းရောင်ထွက်တဲ့အရာတွေကို ရှောင်ပါ။ မီးပိတ်အိပ်ပါ။ သရဲကြောက်တတ်လို့ မီးကို ဖွင့်မှကို ဖြစ်မယ်ဆိုရင်တော့ ညအိပ်မီး မှိန်မှိန်လေး ထွန်းအိပ်ပါ။

၄။ အိပ်ရာကို အိပ်ဖို့ပဲ သုံးပါ။

ဟိတ်။ အဝေးကြီး လျှောက်မစဉ်းစားနဲ့။ အိပ်ရာပေါ်မှာ စားတာ၊ သောက်တာ၊ TV ကြည့်တာ၊ ဖုန်းကြည့်တာ၊ Laptop ကြီး ဖွင့်ထားတာ၊ အလုပ်လုပ်တာမျိုး မလုပ်ပါနဲ့။ ဦးနှောက်ကို အကျင့်လုပ်ပေးပါ။ ဒါတွေ လုပ်မယ့်အစား စာဖတ်တာ၊ တရားထိုင်တာ နဲ့ Soothing Music (စိတ်ငြိမ်စေမယ့် သီချင်းအေးအေးလေးတွေ) ဖွင့်ထားတာမျိုး လုပ်ပါ။

အိပ်ခန်းကို နွေးနွေးထွေးထွေးလေးထားတာ၊ မအိပ်ခင် နွားနို့ တစ်ခွက် သောက်တာ ဒါမှမဟုတ် ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာကလည်း နှစ်ခြိုက်ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။ အိပ်စက်ခြင်းက လှပတဲ့ အရာတစ်ခုပါ။ အိပ်ရေးမဝရင် စိတ်မကြည်တာ၊ ခေါင်းကိုက်တာ အပြင် အသားအရေကိုပါ ပျက်စီးစေတာကြောင့် ဒီ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေနဲ့ အိပ်မပျော်ခြင်းကို ကုစားလိုက်ကြရအောင်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။