မအောင်မြင် မချမ်းသာဘဲ မthayနိုင်သော မှဲ့ပိုင်ရှင်…

Astrology
မအောင်မြင် မချမ်းသာဘဲ မthayနိုင်သော မှဲ့ပိုင်ရှင်…

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မအောင်မြင် မချမ်းသာဘဲ မthayနိုင်သော မှဲ့ပိုင်ရှင်… ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မအောင်မြင် မချမ်းသာဘဲ မthayနိုင်သော မှဲ့ပိုင်ရှင်…

ထိုသူများမှာ မေးစေ့နှင့်အနီးတဝိုက်တွင်ရှိသော မှဲ့ ပိုင်ရှင်များဖြစ်သည်… အများအားဖြင့် ထိုမှဲ့သည် အနုပညာရှင် သို့မဟုတ် အောင်မြင် ထင်ရှားသော သူများတွင် တွေ့ရလေ့ရှိသော မှဲ့ဖြစ်ပါတယ်။

ထို မေးစေ့နှင့်အနီးတဝိုက်တွင်မှဲ့ရှိသောသူများဟာ
အများအားဖြင့်…မျက်နှာပွင့်လန်း၍လူအများချစ်ခင်ခြင်းခံရတတ်ပါတယ်။
မိမိ၏ ပင်ကိုယ်ဟန်ပန်အမူရာဖြင့် လူအများချစ်ခင်အောင်လည်းပြုမှုနေထိုင်တတ်သောသူများဖြစ်ပါတယ်။

စိတ်ကူးအတွေးအခေါ်ကောင်းများရှိပြီး အများနှင့်မတူတီထွင်ဆန်းသစ်ကာ မိမိဘဝကို ဖန်တီးတတ်သောသူများဖြစ်ပါတယ်။ ဘဝတွင် ချမ်းသာ ကြွယ်စွာနေထိုင်နိုင်သောမိသားစုများမှ မဟုတ်ခဲ့ရင်တောင် မိမိကိုယ်တိုင်ကြိုးစားအားထုတ်မှုကြောင့် တချိန်ချိန်တွင် ချမ်းသာကြွယ်စွာနေရတတ်ပါတယ်။

လူအများအလယ်ထွင်ထင်ရှားပေါ်လွင်သောသူများဖြစ်ပြီး အနုပညာ နှင့် စာပေတို့ကို ဝါသနာပါသူများဖြစ်ပြီး ထိုအလုပ်များနှင်လည်း နာမည်ဂုဏ်သတင်းကျော်ဇောထင်ရှားရတတ်ပါတယ်။

ထိုမှဲ့ပိုင်ရှင်သည် အမျိုးသားများဖြစ်ပါက အရာရှိ ၊အရာခံ ၊အမူထမ်း၊ ဝန်ထမ်း၊ ရာထူးနေရာရှိသောသူများဖြစ်တတ်ပြီး အမျိုးသမီးများဖြစ်ပါကလည်း ထိုသူတို့နှင့် ချစ်ကြိုက်လက်ထပ်ဖူးစာစုံတွေ့ရတတ်ပါတယ်။

ထိုမှဲ့ပိုင်ရှင်တို့ဟာ ​အချစ်ရေးတွင်မျက်နှာပွင့်လန်းသောသူများဖြစ်ပါတယ်။ တချို့သူများတွင် ရည်းစားဦးငယ်ချစ်ဦးနဲ့လွဲခဲ့ရသော်လည်း အိမ်ထောင်ကျပါက မိမိအား ချစ်သောအိမ်ထောင်ဖက်များကိုရရှိတတ်ပါတယ်။

မိမိဘဝအတွက် နှလုံးသားနှင့် ဦးနှောက်ကို မျှတစွာ ထိန်းညှိ၍ ချစ်သူအိမ်ထောင်ဖက်ကို ရွေးချယ်တတ်သောသူများဖြစ်ပါတယ်။

ကျန်းမာရေးချူချာတတ်ပြီး ဘဝတွင် ကိုယ်ခန္ဓာအတွင်းပိုင်းနဲ့ဆိုင်တဲ့ ရောဂါများ ကြုံတွေ့ရတတ်ပါတယ်။
ဘဝတွင် ပြည်ပမှာနေထိုင်ခြင်းထက် မိမိ၏မွေးရပ်မြေတွင် နေထိုင်စီးပွားရှာပါကပို၍ အောင်မြင်မှုရရှိတတ်ပါတယ် သို့သာ်လည်း မအောင်မြင် မချမ်းသာသေးဘဲသေဆုံးလေ့မရှိသော ပါရမီရှင်များဖြစ်ကြပါတယ်။

မျက်ချက်…။ ထိုမှဲ့ရှိသောသူများသည်အများအားဖြင့် ကောင်းသောကံတရားကိုအထောက်အပံ့ဖြစ်စေသော်လည်း လူ့ဘဝတွင် ကောင်းတာလုပ်မှကောင်းတာလာမည်ဖြစ်သောကြောင့် မိမိ၏ အတိတ်ကံအား ပစ္စုပ္ပန်ကံအားတို့ပေါ်တွင်မူတည်၍ အကျိုး ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦး ကွာခြားနိုင်ပါသည်။

၇ရက်သားသမီးများအားလုံးကိုစိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ….

ရေးသားသူ –ဗေဒင်ဆရာဦးဘိုနိုင် ·

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။