မင်္ဂလာပွဲတစ်ခုကို ရုတ်တရက်လာပြီး မထွက်ရသေးတဲ့သီချင်းအသစ်သီဆိုကာ မင်္ဂလာစုံတွဲကို Surprise တိုက်ခဲ့တဲ့ အက်ဒ်ရှီရန်(ရုပ်/သံ)

Celebrity International News
မင်္ဂလာပွဲတစ်ခုကို ရုတ်တရက်လာပြီး မထွက်ရသေးတဲ့သီချင်းအသစ်သီဆိုကာ မင်္ဂလာစုံတွဲကို Surprise တိုက်ခဲ့တဲ့ အက်ဒ်ရှီရန်(ရုပ်/သံ)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်္ဂလာပွဲတစ်ခုကို ရုတ်တရက်လာပြီး မထွက်ရသေးတဲ့သီချင်းအသစ်သီဆိုကာ မင်္ဂလာစုံတွဲကို Surprise တိုက်ခဲ့တဲ့ အက်ဒ်ရှီရန်(ရုပ်/သံ) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မင်္ဂလာပွဲတစ်ခုကို ရုတ်တရက်လာပြီး မထွက်ရသေးတဲ့သီချင်းအသစ်သီဆိုကာ မင်္ဂလာစုံတွဲကို Surprise တိုက်ခဲ့တဲ့ အက်ဒ်ရှီရန်(ရုပ်/သံ)

“Shape of You” သီချင်းပိုင်ရှင် ကမ္ဘာကျော်အဆိုတော် အက်ဒ်ရှီရန်ဟာ လပ်ဗီးဂပ်စ်မြို့က မင်္ဂလာဆောင်ခန်းမကို သွားပြီးတော့ မင်္ဂလာသတို့သားနဲ့သတို့သမီးကို အံ့အားသင့်အောင်လုပ်ခဲ့ပါတယ်။ အက်ဒ်က မင်္ဂလာပွဲကို ရုတ်တရက်ရောက်လာပြီးတော့ မင်္ဂလာကတိကဝတ်ပြုနေကြတဲ့ သတို့သားနဲ့သတို့သမီးအတွက် မထွက်ရှိရသေးတဲ့ သီချင်းအသစ်တစ်ပုဒ်ကို သီဆိုပေးခဲ့ပါတယ်။

အဲဒီမင်္ဂလာသတို့သားနဲ့သတို့သမီးနာမည်က ဂျော်ဒန်နဲ့ ကာတာ လင်ဒန်ဖီလ်လို့ သိရပါတယ်။ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက်လက်တွေကိုင်ထားရင်း မင်္ဂလာကတိကဝတ်ပြုနေတဲ့အချိန်မှာ အက်ဒ်က သူ့ရဲ့ဂစ်တာနဲ့ ပေါ်လာခဲ့ပြီးတော့ စက်တင်ဘာ ၂၉ ရက်နေ့မှာ Autumn Variations အယ်လ်ဘမ်ထဲက “Magical” သီချင်းကို သီဆိုပြခဲ့တာပါ။

သတို့သားနဲ့သတို့သမီးလည်း အတော်လေးအံ့အားသင့်သွားခဲ့တာပါ။ သူတို့မင်္ဂလာကတိကဝတ်ပြုပြီးသွားတဲ့နောက်မှာ အက်ဒ်နဲ့ဓာတ်ပုံရိုက်ဖို့ တောင်းဆိုခဲ့ပါတယ်။ အက်ဒ်က သတို့သားနဲ့သတို့သမီးအတွက် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးပေးခဲ့တယ်လို့လည်း သိရပါတယ်။ လပ်ဗီးဂပ်စ်မြို့မှာ အပူလွန်ကဲမှုကြောင့် အက်ဒ်က Allegiant Stadium မှာ ပြုလုပ်မယ့် သူ့ရဲ့ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းလိုက်ရပြီးတဲ့နောက်မင်္ဂလာပွဲကို ရောက်လာပြီး အခုလို Surprise တိုက်ခဲ့တာပါ။

ဗီဒီယိုကြည့်ရှုရန် –https://www.youtube.com/watch?v=GY6SzRRU3pA

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။