ခရီးလမ်းဖြောင့်ဖြူးစေဖို့ ယတြာ

Astrology
ခရီးလမ်းဖြောင့်ဖြူးစေဖို့ ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခရီးလမ်းဖြောင့်ဖြူးစေဖို့ ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခရီးလမ်းဖြောင့်ဖြူးစေဖို့ ယတြာ

တခါတလေမှာ ကြုံရတတ်ပါတယ် ။ဆိုင်းမဆင့် ၊ ဗုံမပါဆိုသလို ဗြုန်းစားကြီး ခရီးထွက်ဖို့ကြုံရတတ်ပါတယ် ။ထွက်ရမယ့်ခရီးကလည်း သိပ်ပြီး အရေးကြီးတဲ့ခရီးဖြစ်နေပြန်တယ် ။

ဒီတော့…သွားတဲ့ခရီးမှာ အဆင်ပြေချောမောစေချင်တယ် ။ သွားရမယ့်အချိန်ကလည်း နီးကပ်နေပြီ ။ ဗေဒင်ဆရာဆီသွားမေးရအောင်ကလည်း အချိန်မရဘူး ဖြစ်နေတယ် ။

ဒါပေမယ့်…ယတြာတစ်ခုခုလောက်လည်း လုပ်သွားချင်တယ် ဆိုပါစို့ ။

ဒါဆိုရင်တော့…အခုယတြာကို လုပ်သွားလိုက်ပါ ။အဆင်ပြေ သွားပါလိမ့်မယ်ဗျာ ။

ယတြာက ဘာမျှမခက်ခဲပါဘူး ။ကိုယ်သွားရမယ့် အရပ်မျက်နှာဘက်လှည့်ပြီး ခြေစုံရပ်လို့ ဘယ်ဘက်လက်ဖဝါးကို ဖြန့်ပါ ။ပြီးရင်ဘယ်ဘက်လက်ဖဝါးကို ညာဘက်လက်ညှိုးနဲ့ “ရ” စာလုံးရေးပါ ။ ရေးပြီးရင် အဲဒီ”ရ”ကို “ဝ”စာလုံးနဲ့ဝိုင်းအုပ်ရေးလိုက်ပါ ။

အဲဒီလို ရေးပြီးပြီဆိုရင်တော့…ရေးပြီးသား ဘယ်ဘက်လက်ဖဝါးနဲ့ နဖူးကို(၃)ကြိမ် ၊နောက်စေ့ကို(၃)ကြိမ် ကပ်ပေးကာ နေအိမ်ကနေ စတင်ထွက်ခွာသွားပါလေ ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။