မျောက်တွေရန်ကနေ ကောက်ပဲသီးနှံတွေကို ကာကွယ်ဖို့ လယ်သမားတွေက ဝက်ဝံလို ဝတ်ဆင်ပြီး ခြောက်လှန့်နေရ

Funny International News
မျောက်တွေရန်ကနေ ကောက်ပဲသီးနှံတွေကို ကာကွယ်ဖို့ လယ်သမားတွေက ဝက်ဝံလို ဝတ်ဆင်ပြီး ခြောက်လှန့်နေရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မျောက်တွေရန်ကနေ ကောက်ပဲသီးနှံတွေကို ကာကွယ်ဖို့ လယ်သမားတွေက ဝက်ဝံလို ဝတ်ဆင်ပြီး ခြောက်လှန့်နေရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မျောက်တွေရန်ကနေ ကောက်ပဲသီးနှံတွေကို ကာကွယ်ဖို့ လယ်သမားတွေက ဝက်ဝံလို ဝတ်ဆင်ပြီး ခြောက်လှန့်နေရ

အရင်က လူတွေရဲ့အဝတ်ဟောင်းတွေ ဝတ်ဆင်ပေးထားတဲ့ စာခြောက်ရုပ်တွေကို လယ်ကွင်းထဲမှာ ထားပြီး ငှက်တွေနဲ့ တိရစ္ဆာန်တွေရဲ့ရန်ကနေ ကောက်ပဲသီးနှံတွေကို ကာကွယ်လေ့ရှိကြတာပါ။ အခုဆို အိန္ဒိယနိုင်ငံ၊ အက်တာ ပရာဒါက်ရှ်ပြည်နယ်က လယ်သမားတွေဟာ ဒီနည်းနဲ့ အလုပ်မဖြစ်တာကြောင့် နည်းလမ်းအသစ်ကို သုံးနေရပါတယ်။ လယ်သမားတွေက ဝက်ဝံဝတ်စုံဝတ်ပြီး ခြောက်လှန့်နေရပါတယ်။

ANI သတင်းဌာနကလည်း လယ်ကွင်းအလယ်မှာ ဝက်ဝံဝတ်စုံဝတ်ပြီးထိုင်နေတဲ့ လယ်သမားတွေရဲ့ပုံအနည်းငယ်ကို တင်ခဲ့တာပါ။ “ဂျဟမ် နာဂါရွာက လယ်သမားတွေဟာ သူတို့ရဲ့ကြံခင်းကို ဖျက်ဆီးနေတဲ့ မျောက်တွေရန်ကနေ ကာကွယ်ဖို့ ဝက်ဝံဝတ်စုံကို အသုံးပြုနေကြတယ်”လို့လည်း ရေးသားထားပါတယ်။

လယ်ကွင်းတွေထဲကို မျောက်တွေလာဖျက်ဆီးနေတဲ့အကြောင်းကို အာဏာပိုင်တွေကို သတင်းပေးခဲ့ပေမဲ့ သူတို့တွေက အာရုံစိုက်ခြင်းမရှိခဲ့တာကြောင့် ဒီနည်းလမ်းကို သုံးခဲ့ရတယ်လို့ လယ်သမားတစ်ယောက်က ဆိုပါတယ်။ လယ်သမားတော်တော်များများက ငွေတွေစုပြီး ဝက်ဝံဝတ်စုံကို ဒေါ်လာ ၄၈.၇၂ (ရူပီး ၄၀၀၀) နဲ့ ဝယ်ယူခဲ့တာပါ။ “ဒီနေရာမှာ မျောက်အကောင်ရေ ၄၀-၄၅ ကောင်က လှည့်လည်သွားလာနေပြီး ကောက်ပဲသီးနှံတွေကို ဖျက်ဆီးနေတာပါ။

အာဏာပိုင်တွေကို ကျွန်တော်တို့ အသနားခံခဲ့တယ်။ ဒါပေမဲ့ အလေးမထားခဲ့ကြဘူး။ ဒါကြောင့် ကျွန်တော်တို့လယ်သမားတွေက ငွေတွေစုပြီး ဒီဝတ်စုံကို ရူပီး ၄၀၀၀ နဲ့ဝယ်ခဲ့တယ်”လို့ သူက ဆိုပါတယ်။

ဝက်ဝံဝတ်စုံဝတ်ထားတဲ့ လယ်သမားတွေရဲ့ပုံတွေ ပျံ့နှံ့သွားပြီးတဲ့နောက်မှာ တိုင်းဒေသသစ်တောဦးစီးအရာရှိ Lakhimpur Kheri က “သီးနှံတွေကို မျောက်တွေ ဖျက်စီးနေတာကို တားဆီးဖို့အတွက် အစီအမံတွေအားလုံးကို ကျွန်တော်တို့ ဆောင်ရွက်ပေးမယ်လို့ လယ်သမားတွေကို ကျွန်တော်အာမခံပါတယ်”လို့ ပြောခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။