ဆားပွင့်တစ်ပွင့်စာစာပဲ ရှိတဲ့ ကမ္ဘာ့အသေးဆုံးကင်မရာ

International News Tech
ဆားပွင့်တစ်ပွင့်စာစာပဲ ရှိတဲ့ ကမ္ဘာ့အသေးဆုံးကင်မရာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆားပွင့်တစ်ပွင့်စာစာပဲ ရှိတဲ့ ကမ္ဘာ့အသေးဆုံးကင်မရာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆားပွင့်တစ်ပွင့်စာစာပဲ ရှိတဲ့ ကမ္ဘာ့အသေးဆုံးကင်မရာ

စီးပွားဖြစ် ထုတ်လုပ်ရောင်းချတဲ့ ကင်မရာတွေထဲမှာတော့ Omnivision ကုမ္ပဏီက ထုတ်လုပ်တဲ့ OVM6948 CameraCubeChip က ကမ္ဘာ့အသေးဆုံးကင်မရာအဖြစ် စံချိန်တင်ထားပါတယ်။ အလျား ဝ.၆၅ မီလီမီတာ၊ အနံ ဝ.၆၅ မီလီမီတာ၊ အမြင့် ၁.၁၅၈ မီလီမီတာပဲ ရှိပါတယ်။

ကင်မရာ အရွယ်အစား သေးငယ်လွန်းပေမဲ့ 200 x 200 (သို့မဟုတ်) 40 KPixel ရှိတဲ့ ဓာတ်ပုံတွေ ရိုက်ကူးပေးနိုင်ပါတယ်။ အာရုံကြော၊ အမြင်အာရုံ၊ နှလုံး၊ ကျောရိုးမ၊ ဆီးလမ်းကြောင်း၊ မွေးလမ်းကြောင်း၊ အဆစ်အမြစ် ရောဂါတွေ ကုသဖို့အတွက် ခန္ဓာကိုယ်ရဲ့ အသေးငယ်ဆုံး သွေးကြောတွေထဲကို ထည့်သွင်းနိုင်တဲ့ အရွယ်အစားရှိပါတယ်။ ၁၂၀ ဒီဂရီမြင်ကွင်းရှိပြီး focus range က ၃ မီလီမီတာကနေ ၃၀ မီလီမီတာ ရှိပါတယ်။ တစ်စက္ကန့်ကို ဖရိမ် ၃၀ နှုန်း ဗီဒီယိုရိုက်ကူးနိုင်ပါတယ်။

OVM6948 CameraCubeChip ကင်မရာဟာ ကမ္ဘာ့အသေးငယ်ဆုံး ရုပ်ပုံဆင်ဆာဖြစ်တဲ့ OVM6948 sensor ကို အခြေခံပြီး ကင်မရာဖန်တီးထားတာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။