တရုတ်ဈေးကွက်မှာ ထုတ်မလောက်အောင် အရောင်းသွက်နေတဲ့ ချက်ပုံစံ စတစ်ကာ

International News
တရုတ်ဈေးကွက်မှာ ထုတ်မလောက်အောင် အရောင်းသွက်နေတဲ့ ချက်ပုံစံ စတစ်ကာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တရုတ်ဈေးကွက်မှာ ထုတ်မလောက်အောင် အရောင်းသွက်နေတဲ့ ချက်ပုံစံ စတစ်ကာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တရုတ်ဈေးကွက်မှာ ထုတ်မလောက်အောင် အရောင်းသွက်နေတဲ့ ချက်ပုံစံ စတစ်ကာ

တရုတ်အမျိုးသမီးတွေကြားမှာတော့ ချက်ပုံစံ စတစ်ကာတွေ ခေတ်စားနေပါတယ်။ သူတို့က ခြေတံပိုရှည်တယ်လို့ အထင်ခံရစေဖို့အတွက် ချက်ပုံစံ စတစ်ကာတွေကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။ စတစ်ကာတစ်ခုကိုတော့ ယွမ်ငွေ ၅ ယွမ်ကနေ ၁၀ ယွမ်ကြား ပေးရပါတယ်။

ချက် စတစ်ကာကို ချက်အစစ်ရဲ့ အပေါ်ဘက်မှာ ကပ်ထားပြီး ချက် အစစ်ကိုတော့ စကပ် သို့ ဘောင်းဘီနဲ့ အုပ်ထားလိုက်တာပါ။ ချက် စတစ်ကာကို ဖော်ထားလိုက်တဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်ပိုင်းက တိုတောင်းပြီး ခြေတံတွေက ရှည်ရှည်သွယ်သွယ် ဖြစ်နေတယ်လို့ ထင်ရစေတာပါ။

တရုတ်နိုင်ငံမှာ ချက် စတစ်ကာ ဝယ်လိုအား မြင့်တက်လာတာကြောင့် ထုတ်မလောက်အောင် အရောင်းသွက်နေပြီး တချို့တွေကတော့ ပြန်ဖျက်လို့ရတဲ့ ချက်ပုံစံ တက်တူးတွေ ထိုးနေကြပါတယ်။ တချို့တွေကလည်း စူထွက်နေတဲ့ ချက်အစစ်ကို လူမြင်မခံချင်လို့ ချက်စတစ်ကာတွေကို ကပ်ကြတာ ဖြစ်ပါတယ်။

တရုတ်ရိုးရာ ကျန်းမာရေးအယူအဆအရလည်း ကျန်းမာရေးကောင်းချင်ရင် ဝမ်းဗိုက်အောက်ပိုင်းကို နွေးနွေးထွေးထွေးထားပါလို့ ဆိုစမှတ်ရှိတာကြောင့် ချက်ပေါ် အင်္ကျီဝတ်ချင်တဲ့ အမျိုးသမီးတွေက ချက်အစစ်ကို ဖုံးပြီး ချက်စတစ်ကာ ကပ်ကြတာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။